Popular Posts

Showing posts with label ကွန်ပြူတာတည်ဆောက်မယ်. Show all posts
Showing posts with label ကွန်ပြူတာတည်ဆောက်မယ်. Show all posts

Thursday, January 31, 2013

htbcomputer_13

Unknown | 6:41 AM | Best Blogger Tips
Optical Drive Installation
ဒီအခန်းမှာတော့ Optical Drive ကို Case ကိုတပ်ဆင်ပုံကိုသင်ပြပေးသွားမယ်၊   Case ရဲ့ Optical Drive ထည့်ရမယ့်နေရာ ကအောက်မှာပြထားတဲ့နေရာပါ၊

အထက်က ပြထားတဲ့အစိတ်အပိုင်းကတော့ Case ရဲ့ အရှေ့ပိုင်းပါ၊ အပေါ်ဆုံးအပေါက်က တော့ Optical Drive ထည့်ရမယ့်နေရာပါ၊ သင့်ရဲ့ Optical Drive ကို ယူပြီးထည့်လိုက်ပါ၊ အောက်က အတိုင်း



အထက်က အတိုင်း Optical Drive ကို Case ထဲကိုထည့်တဲ့အခါ ဘေးမှာရှိတဲ့ Case မှာ ပါတဲ့ Optical Drive ထည့်ရတဲ့ မူလီပေါက်တွေနဲ့ Optical Drive ရဲ့ မူလီပေါက်တွေ ညီအောင်ညှိပါ၊ တစ်ထပ်ထဲကျတဲ့အခါ Case ၀ယ်တုန်းက ပါလာတဲ့ မူလီတွေသုံးပြီး ကြပ်လိုက်ပါ၊ အောက်မှာပြထားတယ်၊




အထက်က အတိုင်းမူလီတပ်ရမယ့်နေရာတွေမှာ မူလီတပ်ပြီး ကြပ်လိုက်ပါအနီရောင်ပြထားတဲ့ နေရာက မူလီနှစ်လုံးတပ်ရမယ့်နေရာပါ၊ ညာဘက်မှာနောက်နှစ်လုံး ထပ်တပ်ရဦးမယ်၊  ပြီးရင် Case ရဲ့ ရှေ့ပိုင်း Cover ကိုပြန်ပိတ်ပါ၊ အောက်က အတိုင်း၊






အထက်က အတိုင်း Optical Drive ကိုတပ်ဆင်ပြီးသွားရင်တော့  နောက်တစ်ဆင့်ကိုသွားလို့ရပါပီ၊

htbcomputer_12

Unknown | 6:39 AM | Best Blogger Tips
Motherboard Installation
ဒီအခန်းမှာတော့ Motherboard ကို Case ထဲကိုထည့်မယ်၊ အောက်မှာ Case ထဲကိုထည့်ဖို့အတွက်ပြင်ဆင်ထားတဲ့ Case ရဲ့ပုံကိုကြည့်ပါ၊




အထက်က ပြထားတာကတော့ Case ကိုဖွင့်ပြီး Motherboard တပ်ဆင်ဖို့အတွက်အဆင်သင့်လှဲထားတဲ့ပုံစံပါ၊ ကြိုးတွေကိုတော့ ဖယ်ထားလိုက်ပါ၊ Case ထဲမှာမရှိစေနဲ့ ဒါမှ Motherborad ထည့်လိုက်တဲ့အခါ မပိမိမှာ၊ အထက်က ပုံစံအတိုင်း Motherboard ထည့်မယ့်နေရာကိုပြင်ဆင်ပြီးသွားပီ ဆိုရင်ဖြင့် Motherboard ကိုထည့်လို့ရပါပီ၊ Motherboard မှာရှိတဲ့ USB တပ်မယ့်အပေါက်, နားကြပ်တပ်မယ့် အပေါက်, Monitor အပေါက် စသဖြင့် အပေါက်တွေအားလုံးနဲ့ Case  မှာရှိတဲ့ အဲ့ဒီ့ အပေါက်တွေ ရှိတဲ့ဘက်ကိုချိန်ပါ၊ အောက်က အတိုင်း





အထက်က အတိုင်း နေရာမှန်ကို ကြီုးတပ်ရမယ့်နေရာတွေနဲ့ တွဲပြီးချိန်ပါ၊ အားလုံး  အိုကေပီဆိုရင်ဖြင့် Motherboard ကိုထည့်လို့ရပါပီ၊ ပြုတ်မကျစေနဲ့ ဖြေးဖြေးထည့်ပါ၊ Motherobard မှာပါတဲ့ မူလီကြပ်မယ့် အပေါက်တွေနဲ့  Case မှာပါတဲ့ မူလီတပ်တဲ့အပေါက်တွေကို သေချာ တည့်အောင်ထည့်ပါ၊ အောက်က အတိုင်း





အထက်က အတိုင်း Motherboard ကို Case ထဲကိုထည့်ပြီးသွားရင်ဖြင့် Case ကိုဝယ်တဲ့အခါပါလာတဲ့ Motherboard အတွက် Screws (၀က်အူ) လေးတွေရှိတယ်၊ အောက်က မျိုး





အထက်က လို ၀က်အူတွေကိုသုံးပြီး Motheboard ကို Case မှာတပ်ဆင်ရပါမယ်၊ ဖြေးဖြေးတပ်ပါ၊  ပြီးရင်တော့ အောက်က အတိုင်းတွေ့ရမယ်၊




ပြီးရင်ကြိုးတစ်ချောင်ခြင်းတပ်ရမယ်၊ တစ်ချို့ ကြိုးတွေက သင်ဝယ်လာတဲ့ Case နဲ့ အတူပါလာချင်မှပါလားမှာပါ၊ အခု case pin ကိုစတပ်မယ်၊ အောက်မှာ Case Pin ရဲ့ ပုံစံနဲ့ တပ်ရမယ့်နေရာပါ၊



အထက်မှာကိုင်းပြထားတာကတော့ Case Pin ပါ၊ သူက CPU Pin နဲ့ တူပါတယ်၊ အနီရောင်မြားပြထားတဲ့နေရာမှာ Case Pin ကိုတပ်ဆင်ရမှာပါ၊ ပြီးရင်တော့ USB ကြိုးတွေကိုတပ်ဆင်မယ်၊ အောက်မှာပြထားတယ်၊




အထက်က လိုကြိုးမျိုးကတော့ USB Port အတွက်ဖြစ်ပြီး Motherboard မှာ တပ်ဆင်ပေးရမှာပါ၊ တပ်လိုက်ပါ၊ မခက်ပါဘူး၊ နောက်တစ်ဆင့်အနေနဲ့တော့ LED Light ကြိုးကိုတပ်ဆင်ဖို့ပါ၊ LED Light ကြိုးက သင့်ကွန်ပြူတာ Power On နဲ့ Power Off အတွက်သုံးတာပါ၊ အောက်မှာကြည့်ပါ၊





ဝါယာကြိုးတွေကို Motherboard နဲ့ ချိတ်ဆက်တာက သဘောမပေါက်ရင် အခက်အခဲ ဖြစ်သွားနိုင်တယ်၊ ဒါကိုဖြေရှင်းဖို့ နည်းတစ်နည်းရှိတယ်၊ ဒါကတော့ Motherboard ပေါ်မှာ စာလုံး အဖြူလေးတွေနဲ့ ၀ါယာကြိုးတပ်ရမယ့်နေရာတွေကိုရေးထားတယ်၊ ဥပမာ Panel No.1 ဆိုတဲ့စာသားမျိုးပါ၊ သင်သေချာ ကြည့်ရင် အဲ့ဒီ့လိုစာသားတွေ Motherboard ပေါ်မှာတွေ့ရမှာပါ၊ သင် Motherboard ပေါ်မှာတပ်ဆင်ရမယ့် ကြိုးတွေ တစ်ခုခြင်းစီမှာလဲ နာပတ်တွေပါပါတယ်၊ ဒီလို Motherobard မှာပါတဲ့ နံပါတ်တွေနဲ့ ၀ါယာကြိုးတွေမှာပါတဲ့နံပါတ်တွေကို မှန်မှန် ကန်ကန် တပ်ဆင်နိုင်ဖို့အတွက်တော့ Motherboard နဲ့ အတူပါလာတဲ့ User Munnual ကိုကြည့်ရပါမယ်၊ အဲ့ဒီ့ မှာ Motherboard မှာပါတဲ့ Panel နံပါတ်နဲ့ ၀ါယာကြိုးတွေမှာပါတဲ့ နံပါတ်တွေကိုတွဲပြီးပြထားပါတယ်၊ အောက်က အတိုင်း၊





အထက်က လို Panel နံပါတ် (နာမည်) နဲ့ ၀ါယာကြိုးနံပါတ်တွေကိုတိုက်ပြီး တပ်ဆင်ရင်ဖြင့် အမှားအယွင်းမရှိတပ်ဆင်နိုင်မှာပါ၊
ကြိုးတွေအားလုံးတပ်ဆင်ပြီးသွားရင်အောက်က အတိုင်းတွေ့ရမယ်၊

htbcomputer_11

Unknown | 6:38 AM | Best Blogger Tips
CASE ကိုပြင်ဆင်ခြင်း
ဒီအခန်းမှာ Motherboard ကိုထည့်ပြီးတပ်ဆင်ဖို့အတွက် Case ကိုပြင်ဆင်သွားမယ်၊  အောက်မှာတော့ အသုံးပြုမယ့် Case ပါ၊ သင်တို့ Case နဲ့ တူချင်မှတူမယ်၊ မတူလဲဘာမှမဖြစ်ဘူး၊


အထက်က Case ကတော့ ကွန်ပြူတာ တည်ဆောက်ရာမှာအသုံးပြုမယ့် Mid-case ပါ၊ ပန်ကာတော့ပါပီးသားပါ၊ PSU မပါသေးဘူး၊ အောက်မှာတော့ နောက်မျက်နှာစာက မြင်ရမယ့်ပုံပါ၊



အထက်က ပုံမှာပြထားတာကတော့ Case ရဲ့နောက်ပိုင်းပါ အဲ့ဒီ့အပိုင်းမှာဖြတ်စီးစရာနည်းနည်းရှိတယ်၊ အနီရောင်လေးထောင့်ဝိုင်းထားတဲ့အပိုင်းပါ၊ Motherboard ကိုဝယ်လာတဲ့ ပါကင်ဘူးကိုဖွင့်တုန်းက တွေ့ခဲ့ရတဲ့ ပထမအထပ်က သံပြားလေးနဲ့ တူတဲ့ အပိုင်းပါပဲ၊ အခု အထက်က အနီရောင်ပြထားတဲ့နေရာက Case မှာ ၀ယ်ကတည်းက ထည့်ပေးလိုက်တဲ့ သံပြားလေးပါ၊ သူက USB ပေါက်တို့ Micro Phone ပေါက်တို့အတွက်ပါ၊ ဒါပေမယ့် Case မှာပါတဲ့ (အထက်က အနီရောင်လေးထောင့်ဝိုင်းထားတဲ့) သံပြားလေးက သင်ဝယ်တဲ့ Motherboard နဲ့ တထပ်ထဲကိုက်ညီဖို့ မလွယ်ဘူး၊ ဒီတော့ Case မှာပါတဲ့ သံပြားကိုဖြတ်စီးဖြစ်မယ်၊ ရှေ့က နည်းနည်း နောက်က နည်းနည်း ထုပြီးဖြတ်ပစ်၊ ပွင်းထွက်သွားတဲ့အထိ၊ အောက်မှာပိုနားလည်သွားအောင်ကြည့်၊



အနီရောင်ပြထားတဲ့အပိုင်းကို ထုပြီး ပွင့်ထွက်သွ.ားအောင်လုပ်မယ်၊ ပြီးရင် အပြာ (ခရမ်း လားမသိဘူး) ရောင်မြားပြထားတဲ့ (Motherboard ၀ယ်တုံးက ပါလာတဲ့) သံပြားလေးကို အစားထိုးထည့်မယ်၊ တူနဲ့ တော့မထုနဲ့ ၀က်အူလက် ဖင်နဲ့ စောင့်ထုရင်ရပီ၊ တအားလဲ မပြင်းနဲ့ အခြား အစိတ်အပိုင်းတွေပါ ပိန်သွားမယ်၊ အပြင်ဘက်က ချည်းပဲ မထုနဲ့ အတွင်းဘက်က လဲ ထုထောင်းပေးလိုက် ဒါဆိုရင်ပြုတ်ထွက်သွားမယ်၊ အောက်က အတိုင်း၊





အထက်က အတိုင်း Case နဲ့ ပါလာတဲ့ သံပြားလေးကိုဖြတ်ပြီးသွားရင် Motherboard နဲ့ ပါလာတဲ့ သံပြားလေးကိုအစားထိုးမယ်၊ အစားထိုးတဲ့အခါ အပြင်ကနေ မထည့်ပါနဲ့ ၊ Case ရဲ့အတွင်းဘက်က နေထည့်ပါ၊ သူ့အံ လေးတွေရှိပါတယ်၊ သေချာချိန်ညှိရင် အံဝင် ဂွင်ကျ အဆင်ပြေ သွားမှာပါ၊ အရမ်းတော့ မလုပ်ပါနဲ့ ၊ စိတ်ရှည်ရှည်ထားပြီးဖြည်းဖြည်းပဲ တပ်ဆင်ပါ၊ အားလုံးအဆင်ပြောရင်အောက်ကအတိုင်း တွေ့ရမယ်၊




htbcomputer_10

Unknown | 6:37 AM | Best Blogger Tips


RAM တပ်ဆင်မယ်၊
ဒီအခန်းမှာတော့ RAM တပ်ဆင်မယ်၊ အောက်မှာတော့ တပ်ဆင်မယ့် RAM နှစ်ခု၊  DDR2 800 RAM ပါ၊ အောက်မှာ တပ်ဆင်မယ့် RAM နှစ်ခု၊

အထက်က RAM တွေကိုစတင်တပ် ဆင်ပါမယ်၊ တပ်ဆင်ရမယ့်နေရာမှာရှိတဲ့ RAM ကိုထိမ်းမယ့် ခလစ်လေးတွေ ဘယ်နဲ့ ညာ မှာရှိတယ်၊ အဲ့ဒီ့ ခလစ်လေးတွေကို နောက်ကိုလှန်လိုက်ပါ၊ အောက်က အတိုင်း၊



အထက်က အတိုင်း RAM ကိုထိန်းထားတဲ့ခလုပ်လေးတွေကိုနောက်ကိုလှန်လိုက်ပြီးရင်တော့ RAM စတင်ထည့်သွင်းလို့ရပါပီ၊ RAM ရွှေအိုရောင်သွားစိတ်တွေရှိတဲ့ အောက်ပိုင်းမှာ ခလယ်က ခွနေတဲ့ သွားမပါတဲ့နေရာကိုတွေ့မယ်၊ Motherboard ရဲ့ RAM ထည့်မယ့်နေရာမှာလဲ အစိတ်အပိုင်းနှစ်ခုခြားထားတဲ့အပိုင်းရှိတယ်၊ အောက်မှာကြည့်


အထက်က အတိုင်း RAM ကို Motherboard ကိုစတင်တပ်ဆင်ကြတော့ပါမယ်၊ ဘာမှစိတ်မပူနဲ့ ဖြည်းဖြည်းခြင်း စိုက်ထည့်ပါ၊ အားနည်းနည်းတော့စိုက်ရမယ်၊ ဒါပေမယ့် သတိထားပါ၊ ညာနဲ့ ဘယ် ကို balance  ညီပါစေ၊ သူ့နေရာအမှန်ရောက်သွားရင် ဘေးက RAM ထိန်းတဲ့ အဖြူတုံးလေးနှစ်တုံးကို ပြန်ပြီး ဖိကပ်လိုက်ပါ၊ ဒါဆိုရင်တော့ RAM ကိုချုပ်ပြီးသားဖြစ်သွားမယ်၊ အောက်မှာကြည့်ပါ၊



အထက်က အတိုင်းနေရာတကျဖြစ်အောင်စိတ်ရှည်ရှည် တပ်ဆင်ပါ၊ သင် စိတ်မရှည်ပဲ အရမ်း သွားတပ်ရင် RAM ကြိုးသွားနိုင်တယ်ဆိုတာသတိထားပါ၊ Motherboard လဲ ထိခိုက်သွားနိုင်တယ်ဆိုတာကို သတိပြုပါ၊






htbcomputer_9

Unknown | 6:37 AM | Best Blogger Tips


CPU Cooler တပ်ဆင်မယ်
ဒီအခန်းမှာတော့ CPU Fan ကိုတပ်ဆင်ကြမယ်၊ အောက်မှာ CPU Cooler ပုံကိုဥပမာ ကြည့်ပါ၊

အထက်က ပုံကတော့ CPU Cooler ပုံပါ၊ သူ့နဲ့ အတူ အောက်က ပုံစံပစ္စည်းပါလာတတ်ပါတယ်၊






အထက်က ပစ္စည်းက CPU Cooler နဲ့ အတူပါလာတဲ့ ပစ္စည်းပါ၊ သူက Intel Motherboard အတွက်ပါ၊ အခု တပ်ဆင်နေတာက AMD Motherboard ဖြစ်တဲ့အတွက်အဲ့ဒါကိုသုံးဖို့မလိုဘူး၊ အခု CPU Cooler ကို CPU ပေါ်မှာ ကပ်ရမှာ ဒီလိုကပ်ဖို့အတွက် ကော်တော့လိုတယ်၊ အဲ့ဒီ့ကော်ကလဲ CPU Cooler ၀ယ်ရင်ပါလာတတ်ပါတယ်၊ အောက်မှာတော့ ဥပမာ ကြည့်လိုက်အုံး၊

အထက်ကပုံကတော့ အထူးအခြား မဟုတ်ပါဘူး၊ စက္ကူထဲမှာထည့်ထားတဲ့ ကော်ပါ၊ သူ့ကိုတော့ စက္ကူကိုဖြဲပြီးအလွယ်သုံးရုံပါပဲ (ဘယ်လိုဖြဲလဲတော့မသင်ပေးတော့ဘူး၊ ရွှေစိတ်တော် ကြိုက်သလိုသာဖြဲ) အဲ့ဒီ့ကော်ကို CPU Cooler ရဲ့အောက်မှာသုတ်လိမ်းလိုက် အောက်ကအတိုင်း



အထက်က ပုံအတိုင်း ကော်ကို  CPU Cooler ရဲ့အောက်ဘက်မှာ သေချာနှံ့အောင်သုတ်လိမ်းရပါတယ်၊ ပြီးရင်တော့ CPU မှာကပ်လိုပ်ပါ၊ အောက်က အတိုင်း၊




အထက်က အတိုင်း CPU ပေါ်ကို Cooler ကိုတပ်ဆင်ပြီးသွားရင် CPU Cooler ရဲ့ ညာဘက်နဲ့ ဘယ်ဘက်တို့မှာပါတဲ့ အနက်ရောင်ခလစ်လေးတွေကို Motherboard မှာပါတဲ့ ခလစ်တပ်တဲ့အပေါက်နဲ့ချိတ်မိအောင်ဖိချပေးရပါမယ်၊ ပြီးရင်တော့ CPU ကိုအောင်မြင်စွာတပ်ဆင်ပြီးသွားပါပီ၊ Intel Motherboard မှာဆိုရင် အဲ့ဒီ့လိုခလစ်လေး လေးခုပါပါတယ်၊
ပြီးရင်တော့ CPU Cooler ကို Motherboard နဲ့ ချိတ်ဆက်ပါမယ်၊ ဒီတစ်ခါချိတ်ဆက်တာက ၀ါယာကြိုးကိုချိတ်ဆက်မှာပါ၊ အောက်မှာ ချိတ်ဆက်ရမယ့် ၀ါယာကြိုးခေါင်းကို မြားအနီနဲ့ ပြထားတယ်၊ ကြိုးတွေကိုမရှုပ်အောင် Rubber ban (သရေကွင်းလေးနဲ့ စည်းထားတယ်) အဲ့ဒီ့ သရေကွင်းကိုခဏဖြုတ်လိုက်၊





အထက်မှာပြထားတဲ့အတိုင်းဖြေပြီးသွားရင် ၀ါယာကြိုးခေါင်းလေးကို အစိမ်းရောင်မြားပြထားတဲ့  အတုံးလေးနဲ့ ချိတ်ဆက်ရမှာပါ၊ ၀ါယာကြိုးရဲ့ခေါင်း မှာ Pin ထည့်မယ့် အပေါက်လေးလေးခုပါမယ်၊ Motherboard မှာတော့ Pin လေးလေးခုတွေ့ရမယ်၊ (ထည့်ရမယ့်နေရာမှာစာတွေလဲ အတိအကျ ရေးပြထားတယ်၊) Pin တွေကို မကျိုးအောင်ဖြည်းဖြည်းခြင်းထည့်ပါ၊ သူ့ခေါင်းနဲ့ သူ့ပင် ချိတ်ဆက်တာ လွယ်လယ်လေးပါ ဖြည်းဖြည်းတော့လုပ်ပေါ့၊





အထက်က အတိုင်း CPU ၀ါယာကို Motherboard မှာချိတ်ပါ၊ ပြီးရင်ဖြင့် ၀ါယာကြိုးကို  သရေကွင်းနဲ့ သပ်သပ်ရပ်ရပ်ပြန်ချီပါ၊ မဟုတ်ရင် ပန်ကန် လည်နေတုန်း ပန်ကာထဲဝင်သွားမယ်၊

htbcomputer_7

Unknown | 6:35 AM | Best Blogger Tips


စတင်တည်ဆောက်ခြင်း
ဒီအခန်းမှာတော့ ကွန်ပြူတာကို စတင်တပ်ဆင် တည်ဆောက်တော့မှာဖြစ်တော့ပေသတည်း၊ အကျွနုပ် waiferkolar အသုံးပြုသော Components များသည် သင်တို့အသုံးပြုနေသော Components များနှင့် ညီနေလိမ့်မည်ဟု တထစ်ချမတွက်ယူနိုင်ပါ၊ သို့သော်ကား အကျွနုပ် တပ်ဆင် တည်ဆောက်ပြသည်ကိုကြည့်၍ သင်တို့အနေနှင့် သဘောတရား ကိုအတိုင်းအတာ တစ်စုံအထိ သိသွားမည် မှာသေချာပေသည်၊ သင်တို့ ဘယ်လိုအမျိုးအစား Components များကိုအသုံးပြုသည်ဖြစ်စေကာမူ လုပ်ထုံး ကိုင်ထုံး များမှာ အခြေခံအားဖြင့်တူညီကြပါသည်၊ ထိုထိုသောအကြောင်းအရင်းကြောင့်ပင်လျှင် အကျွနုပ် တည်ဆောက်ပြမည်ဖြစ်သော ကွန်ပြူတာ ကို အာရုံနှစ်ပါး စိတ်မကားပဲ တည်ကြည့်စိတ်ထား အာရုံတစ်ပါး ဖြင့်သာ စူးစိုက်လေ့လာ ကြပါတော့လို့ အများအကြိုးမျော်နိုးဆော်တိုက်တွန်းလျှက် ……….၀ိုင်ဖာကိုလာ
အများဘ၀င် ကြည်လင်ပီတိ ဂွမ်းဆီထိစေမယ့် အဖွင့်စကားမြွက်ကြွားပြီးတကာလ Motherboard ကို ဖွင့်ကာထုတ်လို့ စတင်လိုက်မယ်၊ လာစမ်းဟဲ့ Motherboard








အထက်က ပုံကတော့ Motherboard ကိုဝယ်လာတဲ့ပုံပါ၊ ဘူးနဲ့ အတူပါလာတဲ့ Motherboard ကိုစတင်ဖွင့်လိုက်ပါမယ်၊ ဘူးက နှစ်ထပ်၊ ပထမအထပ်ကို  အောက်က အတိုင်း တွေ့ရမယ်၊






အထက်က ပုံကတော့ Motherboard ကိုဝယ်လာတဲ့အခါ ပါလာမယ့် ဘူး ကိုဖွင့်လိုက်ရင် စတင်မြင်တွေပရမယ့်မြင်ကွင်းပါ၊ ပစ္စည်းသုံးမျိုးပါတယ်၊ ခါးပတ်လိုပစ္စည်း (အပေါ်မှာမြားအနီပြထားတယ်) ကတော့ IDE Cable လို့လဲ ခေါ်တယ် Hard Drive Cable လို့လဲခေါ်တယ်၊  သူကတော့ သင့်ကွန်ပြူတာရဲ့ Motherboard နဲ့ Hard Drive တို့ကိုချိတ်ဆက်ပေးမယ့် Cable ပါ၊ နောက်ထပ်ပစ္စည်ကတော့ အနီရောင်ကြိုး၊ မြင်ကွင်းပိုရှင်းသွားအောင် အောက်မှာကြည့်လိုက်ပါ၊





အထက်မှာတော့ Motherboard နဲ့ တွဲပါလာမယ့် အနီရောင်ကြိုးပါ၊ SATA Cable ပါ၊ ရှေ့နောက် နှစ်ပုံပြထားတယ်၊  Four Pin Converter ပါတယ်၊ နောက်ထပ် တစ်ခုကျန်သေးတယ်၊ အောက်မှာကြည့်၊




အထက်က ပုံမှာပြထားတဲ့ ပစ္စည်းလေးကတော့ Motherboard နဲ့ တွဲပါလာမယ့် ပစ္စည်းလေးပါ၊ အဲ့ဒါက Motherboard နဲ့ Case နဲ့ ချိတ်မယ့်ပစ္စည်းပါ၊( နောက်တစ်ခန်းမှာ သူ့ကိုသေချာသုံးရမယ် သေချာပြမယ်) တကယ်တော့အဲ့ဒီ့ ပစ္စည်းလေးတပ်မယ့်နေရာက Case မှာပါလာပြီးသား။ ဒါပေမယ့် Case မှာပါလာတဲ့တစ်ခုကိုသုံးတာထက် Motherboard နဲ့ ပါလာတာ ကိုသုံးတာက Motherboard နဲ့ ပါလာတာကိုသုံးတာပိုကောင်းတယ်၊ Motherboard နဲ့ Fix ဖြစ်တယ်၊ အခုတော့သိပ်စိတ်မကူနဲ့ နောက်အခန်းမှာ လက်တွေ့သေချာထပ်ရှင်းပြမယ်၊ လောလောဆယ်တော့ အဲ့ဒီ့ပစ္စည်းလေးက အရေးတကြီးအသုံးဝင်တယ်ဆိုတာပဲ မှတ်ထားလိုက်၊
အခုအထက် ပစ္စည်းသုံးခုကို ထုတ်ပြီးသွားပီဆိုရင် ပထမအထပ် ကုန်ပီ၊ ဒုတိယ အထပ်ကိုသွားမယ်၊ အောက်က အတိုင်း ဒုတိယအထပ်ကိုဖွင့်လိုက်၊



အထက်က အလွှာက မဖွင့်ခင်ပုံ၊ အောက်မှာဖွင့်လိုက်တော့ မြင်ရမယ့်ပုံ


အထက်က မြင်ရတာကတော့ ဒုတိယ အထပ်မှာနေရာယူထားတဲ့ Motherboard ပါ၊ သူ့ကို အိတ်ထဲကိုထည့်ထားတယ်၊ အောက်မှာသေချာကြည့်ကြည့်၊




အထက်က ပုံမှာပြထားတဲ့အတိုင်း Motherboard ကို ပလက်စတစ်နဲ့ သေချာထုတ်ထားတယ်၊ လက်နဲ့ ကိုင်ပြထားတဲ့နေရာကတော့ အိတ်ကို ချုပ်ထားတဲ့ ခါးပတ်လေးပါ၊  Motherboard ကို အပြင်ကိုထုတ်လိုက်ရင် အောက်မှာ စာအုပ်တစ်အုပ်နဲ့ CD တစ်ချပ်ပါမယ်၊ အဲ့ဒီ့ စာအုပ်က Motherboard ကိုတပ်ဆင်အသုံးပြုပုံ နဲ့ CD ကတော့ သင့်ကွန်ပြူတာ ကိုအားလုံး ပြီးဆုံးအောင်တည်ဆောက်ပြီးလို့ OS ကိုလဲ Install လုပ်ပြီးသွားရင်အဲ့ဒီ့ CD ခွေကို Install လုပ်ရမှာ၊ အောက်မှာ စာအုပ်နဲ့ CD ကိုကြည့်၊



အထက်က တော့ အရေးကြီးတယ်လို့သတိပေးထားတဲ့ CD နဲ့ အညွန်းစာအုပ်ပါ၊ အောက်မှာ Motherboard ကိုကြည့်လိုက်ပါ၊



1.     IDE တပ်ဆင်မယ့်နေရာ၊
2.     PSU (Power Supply Unit) တပ်ဆင်မယ့် Main နေရာ၊ (24pin TAX 12V)
3.     RAM တပ်ဆင်မယ့်နေရာ၊
4.     FSB (front side bus) တပ်ဆင်မယ့်နေရာ
5.     SATA Adapter တပ်ဆင်မယ့်နေရာ
6.     USB Port နဲ့ အခြား hard phone, များတပ်ဆင်မယ့်နေရာ
7.     BIOS မှာပါဝင်တဲ့သတင်းအချက်အလက်တွေကိုသိုလှောင်ထားတဲ့ Battery
8.     Processor တပ်ဆင်မယ့်နေရာ
9.     Sound Card ကဲ့သို့သော အခြား ကဒ်များထည့်ရန်နေရာ

နောက်တစ်ခန်းမှာ ဆက်ရန်ရှိ၊

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ