Popular Posts

Showing posts with label ပြာသိုလ်လပြည့် အမေ့နေကို ဂုဏ်ပြုလျှက်. Show all posts
Showing posts with label ပြာသိုလ်လပြည့် အမေ့နေကို ဂုဏ်ပြုလျှက်. Show all posts

Saturday, January 26, 2013

((( လူတိုင်းမှာ ..အမေ ရှိတယ် )))

Unknown | 6:17 AM | Best Blogger Tips
အမေ.....ဘ၀မှာ  ဖြတ်သန်းမှုတွေအမျိုးမျိုးနဲ့ ဘ၀တိုက်ပွဲကြီးကို ကံ၊ညဏ်၊၀ီတိရ စစ်သူကြီးသုံးဦးက ဦးဆောင်တိုက်ခိုက်နေကြတယ်.......
အမေပေးတဲ့ အသိလေးနဲ့ ကျွန်တော် လူဖြစ်ခဲ့ရင်း ရောင်စုံပန်ချီကားအောက်မှာ ဆေးစက်ကျရာအရုပ်ထင် ရေးနေကြရတယ်လေ
အပုပ်ကောင်ကို အရုပ်ဆောင်တဲ့ငါတို့ ရုပ်ခန္ဒာတွေကိုလည်း ရုပ်ပြောင်မဖြစ်အောင်လည်း အမေအလှဆင်ပေးခဲ့တယ်
အဟံဝန္ဒာမိပါအမေ...........

အမေရေ....အမေအိုသောအခါထဲ က
''ကလေးရဲ့ ပထမဆုံး သွားတစ်ချောင်းက တစ်နှစ်နဲ့ ဘယ်နှစ်လမှာပေါက်တယ်ဆိုတာကို မှတ်မိနေပြီး

မိဘရဲ့ နောက်ဆုံးသွားတစ်ချောင်းဘယ်အချိန်မှာ ကျိုးသွားသလဲ ဆိုတာကိုတော့ မေ့နေတတ်တယ်"
တဲ့ ..ဒီစာဖတ်ပြီးမှကျွန်တော်အသိစိတ်တွေ နှိုးထလာခဲ့ ပြီထင်တယ်အမေ.....။

အမေ့ စေတနာကိုသေချာမသိပဲ ပေတစ်ရာပေါ်က ဂေါ်လီလုံးလို ကျွန်တော်လိမ့်ချင်ရာလိမ့်ပြီး ၊
ပေပေတေတေနေခဲ့ မိတယ် အမေ ........။
လက်ချောင်းလိုညီညာမှုမရှိတဲ့ လူ့လောကထဲမှာ အပျံသင်စငှက်တစ်ကောင်လိုလည်း ပြုတ်ကျခဲ့တာအကြိမ်ကြိမ်ပေါ့...
ဘ၀တစ်ဆစ်ချိုးမှာ အပေါ်ယံအချစ်မျိုးတွေနဲ့ပုံမှားရိုက်တာခံခဲ့ရလို့ သေဖော်သေဖတ် ယမကာအရက်နဲ့လည်းအတူအိပ်ခဲ့ဘူးပါပြီအမေ...

အဲ့ဒီနောက်တော့............
အသိတစ်ချက် ဆေးတစ်ခွက်အဖြစ်သောက်သုံးရင်းမဏ္ဍိုင်သစ်ကို အုတ်မြစ်ချနိုင်ခဲ့တယ်လေ
                  သားသိလိုက်ပြီ အမေ (ဘ၀)ဆိုတာကို..........
အမေပေးတဲ့အသိလေးကို တစ်ကျော့ပြန်အဖန်ဖန် ပြန်ကျက်ပြီး (လု၊လူ၊လူး)လူသုံးမျိုးတွေနဲ့ နေတက်အောင်ကြိုးစားနေပြီအမေ...။

အမေ ဟာ...နေ့ တိုင်းပဲ ကျွန်တော်တို့ အိမ်ပြန်လာကို..နေ့ တိုင်းနီးပါးစောင့်နေခဲ့ တယ်ဆိုတာ
ကျွန်တော်သိရပါပြိအမေ.......။
ကျွန်တော်တို့  ဘယ်လောက်ပဲ ပင်ပန်းပြီး၊ အလုပ်များနေပါစေ အချိန်တစ်ချိန်
ကန့်သတ်ပြီး အမေ့အိမ်ကို အမြဲပြန်ပြီး အမေ နြ့ ထမင်းလက်စုံစာြး့မယ်...ငယ်ဘ၀တွေပြောကြမယ်လို့ 
ကျွန်တော် ဆုံးဖြတ်ချက်  ချလိုက်မိပါတယ်အမေ..။

အချိန်တစ်ချိန်တော့ပြန်လာမှာပါအမေရယ်...ကျွန်တော်ကိုကျန်းမာရွှင်လန်းစွာ  အမေ စောင့် နေပေးပါ.....


နောင်တစ်ချိန် ကျွန်တော်လည်းအမေ လိုဖြစ်လာမှာပါ။အမေရဲ့ စိတ်စေတနာ ကိုကျွန်တော်ဖြည့်ဆည်းနိုင်ဖို့ 
မျှော်လင့်မိပါတယ်အမေ။

လူ့ဘ၀ထဲကိုခေါ်ဆောင်လာခဲ့တဲ့အမေရေ...........
သားတို့ လက်အုပ်မြင့်မိုးရှစ်ခိုးပူဇော်ကန်တော့လိုက်ပါ၏ ခင်ဗျား
ကျနော်အနှစ်သက်ဆုံး...အမေ့ ကိုဂုဏ်ပြုကဗျာလေးနဲ့ .......ကန်တော့လိုက်ပါသည်

ချစ်သောသား
ရွှေအိမ်စည်
((( လူတိုင်းမှာ ..အမေ ရှိတယ် )))
============
“ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေ ရှိတယ်…။

မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေ ရှိတယ်။
ချစ်သဒ္ဓါ ဝေကဲ
ပြည့်တန်ဆာ အမေလည်း အမေ။

အကြွေးကြွယ်လှတဲ့
ဈေးသည်မ အမေလည်း အမေ။

အကြောင်းတရား အခြေမွဲ
သ********** အမေလည်း အမေ။

သမီးသားတွေ ကြီးထွားစေရော့လို့
စီးပွား အထွေထွေ
စိန် ရွှေ ပတ္တမြား
အိမ် မြေ ကားနဲ့
ငွေသား အမွေ
ပေးနိုင်မှ အမေ မဟုတ်။

ယိုင်နဲ့နဲ့ တဲအတွင်း
လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ

ထမင်းရည် အတူတူသောက်

ဗိုက်မှောက်တော့ အတူတူ

ခြင်ထောင်မရှိ ခြုံစောင်မရှိ

ခင်းအိပ်စရာ ဖျာလည်းမရှိလို့

ခြင်ကိုသွေးလှူ အတူတူ

ကြမ်းပိုးသွေးလှူ အတူတူ

အပူကို မျှဝေ

ဒုက္ခကို ပိုမိုလေးနက်စေ

ပညာအမွေ ရွှေအိုး

ရိုးသားမှု ဂုဏ်သိက္ခာ

မေတ္တာ အကြင်နာမှ တစ်ပါး

အခြားပေးစရာ

အထွေထွေမဲ့သော်လည်း

အမေ ဟာ အမေ ပဲလေ…။ ။”

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ