Popular Posts

Showing posts with label ဆောင်းပါး. Show all posts

Saturday, August 23, 2014

မြန်မာ့ရိုးရာ စတေကာများ အသုံးပြုနိုင်မည့် My Chat အခမဲ့ Messaing App

Unknown | 7:58 AM | Best Blogger Tips

မြန်မာနိုင်ငံအတွက် သီးသန့် ထုတ်ပေးထားသော စတစ်ကာများဖြင့် အသုံးပြုနိုင်မည့် My Chat အခမဲ့ Messaging App အား သြဂုတ်လ ၂၇ ရက်တွင် စတင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ Messaging App အား My Square မှ ထုတ်လုပ်လိုက်ခြင်းဖြစ်ပြီး Android ဖုန်းနှင့် Tablet များ တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ ဇာတ်ကောင်များဖြစ်သည့် ဦးရွှေရိုး၊ ဒေါ်မိုး၊ ဖိုးဝရုပ်၊ ဖိုးသာထူး စသည့် စတစ်ကာများ အချင်းချင်းပေးပို့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ APP ကို Google Play, My Store, One Mobile Market တို့တွင် ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်ကြောင်း My Square ၏ CEO ဖြစ်သူ Linda Lim ကပြောသည်။

“App ကိုရယူပြီး အသုံးပြုဖို့ ဖွင့်လိုက်တာနဲ့ email, login ဝင်ဖို့ Password တွေ တောင်းမှာဖြစ်ပါတယ်။ အဲဒါတွေဖြည့်ပြီးတာနဲ့ အသုံးပြုနိုင်ပါပြီ။ အချင်းချင်း စကားပြောတာတို့၊ အဖွဲ့လိုက် စကားပြောတာတို့ စတစ်ကာလေးတွေ ပို့တာတို့ကို အသုံးပြုနိုင်မှာပါ” ဟု My Square ၏ Chief Technology Officer ဖြစ်သူ David Rossellat ကပြောသည်။

Ref ; Internet Journal

Monday, August 11, 2014

တစ်သက်လုံးစိတ်ချမ်းသာချင်ရင် ဒီအချက် ၃ ချက်ကိုသာလိုက်နာပါ

Unknown | 8:23 AM | Best Blogger Tips

၁ ။ ဘယ်သူ့ကိုမှ မယုံမိစေနဲ့
( အယုံလွန်တဲ့အခါ နောင်တချိန် နောင်တနဲ့မျက်ရည်နဲ့ ပဲ ဘ၀ကိုဖြတ်သန်းရလိမ့်မယ် )

၂ ။ ဘယ်သူ့ကိုမှ ပိုလွန်တဲ့ စေတနာမထားမိစေနဲ့
( စေတနာလွန်တဲ့အခါ ကျွန်ဖြစ်တတ်တယ် စေတနာကို အသိအမှတ်ပြုရင် ၀မ်းမြောက်ဖွယ်ဖြစ်ပေမယ့် စေတနာကနေ အထင်လွဲလို့ ဝေဒနာဖြစ်တဲ့အခါ ကိုယ်ရော တစ်ပါးသူရော စိတ်ဆင်းရဲရတတ်တယ် သင့်တင့်မျှတတဲ့ စေတနာက သာ အကောင်းဆုံးပါပဲ )

၃ ။ ဘယ်သူ့ကိုမှ ကိုယ့်လို စိတ်ရှိတယ်လို့မထင်လိုက်နဲ့
( တချို့ကိစ္စတွေမှာ ကိုယ့်စိတ်နဲ့နှိုင်းပြီး သူတစ်ပါးလဲ ကိုယ့်လိုပဲ တွေးမယ် ခံစားမယ် လုပ်ဆောင်မယ်လို့မထင်လိုက်ပါနဲ့ ကိုယ်က ကိုယ် သူက သူပါပဲ)

Sunday, August 10, 2014

ကျရှုံးတာကို မကြောက်နဲ

Unknown | 8:44 AM | Best Blogger Tips

_________________

ဘဝဆိုတာ ရှည်လျားတဲ့ခရီးလမ်းတစ်ခုဖြစ်တယ်။
ဒီလမ်းပေါ်မှာ ဖြောင့်ဖြူးတဲ့ လမ်းရှိသလို၊ ကွေးကောက်တဲ့လမ်းလည်းရှိတယ်။ ပန်းတွေနဲ့ဝေတဲ့ လမ်းရှိသလို၊ ချိုင့်ခွက်တွေနဲ့ပြည့်တဲ့ လမ်းလည်းရှိတယ်။
ဒီလမ်းခရီးပေါ်မှာ လူတိုင်း လူတိုင်း အခက်အခဲ၊ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်တယ်။ ဘဝရဲ့တန်ဖိုးဟာ ဒုက္ခတွေကို ကြံ့ကြံ့ခံအံတုရင်ဆိုင်ဖို့လို့ ကျွန်တော်တို့ယုံကြည်ထားရင် အဲဒီချိုင့်ဝှမ်းတွေကို ဖြတ်ကျော်ပစ်လိုက်ပါ။ လဲကျသွားခဲ့ရင် ဘယ်သူ့အကူမှမယူဘဲ ထရပ်ပါ။ ဆုံးရှုံးသွားခဲ့ရင် ဘယ်သူ့ဆီမှ အလျော်အစား ပြန်မတောင်းပါနဲ့.....

ကျရှုံးတာနဲ့ပတ်သက်ပြီး လူတိုင်းမှာ မတူတဲ့အမြင်လေးတွေရှိကြတယ်။
ဘဝမှာ လူတိုင်း အခက်အခဲ၊ ဒုက္ခတွေကို မလွဲမသွေရင်ဆိုင်ကြရပါတယ်။ တစ်ခါတလေ အဲဒီလိုရင်ဆိုင်ရချိန် ရှေ့မတိုး နောက်မဆုတ်သာ၊ ဖြေရှင်းဖို့လမ်းစ ရှာမရခဲ့တဲ့အခါ... မြူနှင်းမှုန်ကြား မားမားရပ်နေတဲ့ထင်းရှူးပင်ကို သတိရလိုက်ပါ။ ပိန်းပိတ်မှောင်နေတဲ့ညမှာ လမ်းမီးသဖွယ်လင်းလက်နေတဲ့ ကြယ်လေးတွေကို မြင်ယောင်လိုက်ပါ။ ကြံ့ခိုင်တဲ့ယုံကြည်မှုတွေက ကျရှုံးခြင်းတွေကို ဖြတ်ကျော်နိုင်ပါတယ်။

ကျရှုံးတယ်ဆိုတာ တခြားလူထက် ညံ့လို့မဟုတ်ဘူး။
ကျရှုံးတယ်ဆိုတိုင်း သင်မအောင်မြင်နိုင်တော့တာ မဟုတ်ဘူး။
ကျရှုံးတယ်ဆိုတာ လူ့ဘဝရဲ့ ဆုံးမှတ်မဟုတ်ဘူး။
ကျရှုံးခြင်းရဲ့ဆုံးမှတ်ဟာ အောင်မြင်ခြင်းရဲ့စမှတ်ဖြစ်တယ်။
ကျရှုံးခြင်းကို သင်ရင်ဆိုင်ရဲရင်၊ ဖြတ်ကျော်ရဲရင် ပန်းခင်းထားတဲ့အောင်မြင်လမ်းဆီ သင်အရောက်လှမ်းနိုင်မှာဖြစ်တယ်။

လူ့ဘဝဆိုတာ ပင်လယ်ကြီးနဲ့တူတယ်။
ကျောက်ဆောင်၊ ကျောက်စွန်းတွေမရှိခဲ့ရင် လှပတဲ့ရေလှိုင်းတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ကျရှုံးခဲ့ရင် အဲဒီကျရှုံးခဲ့တာကို အင်အားအဖြစ် ပြောင်းပစ်ရမယ်။ နုပျိုတက်ကြွတဲ့ လူငယ်လူရွယ်တွေရဲ့ ကြီးမြတ်တဲ့ရင်ခွင်ဟာ မပြောပလောက်တဲ့ထိခိုက်မှုတွေကို
သွားဂရုစိုက်နေစရာ မလိုပါဘူး....

ဘဝမှာ သင့်ကိုမျက်ရည်ကျစေတဲ့ အကြောင်းပြချက် အကြိမ်တစ်ထောင်ရှိခဲ့ရင် သင်ကလည်း အကြောင်းပြချက် အကြိမ်တစ်သောင်းနဲ့ ရယ်မောတတ်ရတယ်။

"မိုးသက်လေပြင်းကျနေပါစေ အောင်မြင်ခြင်းဆီသွားတဲ့ ခြေလှမ်းဟာ ဘယ်တော့မှမတွန့်ဆုတ်ဘူး" ဒါမှ တည်ငြိမ်တဲ့ စိတ်ဓာတ်ကိုရတယ်။

ဆူးခင်းလမ်းပဲဖြစ်ဖြစ်၊ ပန်းခင်းလမ်းပဲဖြစ်ဖြစ် ရင်ဆိုင်တတ်ရမယ်။
ရယူနိုင်တာပဲဖြစ်ဖြစ်၊ ဆုံးရှုံးသွားတာပဲဖြစ်ဖြစ် တည်ငြိမ်တဲ့စိတ်နဲ့ လက်ခံတတ်ရမယ်။
ဒါကမှ လူငယ်လူရွယ်တွေရဲ့ ရှင်သန်နည်းလို့ ကျွန်တော်ထင်တယ်။

လမ်းဆိုတာ ကျွန်တော်တို့ရဲ့ ခြေဖဝါးအောက်မှာပါ။ အတိတ်မှာ မှောင်မိုက်တဲ့လမ်းတွေ ဖြတ်ခဲ့ဖူးပါစေ၊
အနာဂတ်မှာ လင်းလက်တဲ့လမ်းတွေ စောင့်မျှော်နေပါစေ..... အတိတ်ကို ယခုလက်ရှိရဲ့ဆုံးမှတ်လို့ သဘောထားပြီး အနာဂတ်ကို ယခုလက်ရှိရဲ့စမှတ်လို့ သဘောထားလိုက်ပါ။

ကျရှုံးတာဟာ ကြောက်ဖို့မကောင်းပါဘူး။
ကိုယ့်ရည်မှန်းချက်အတွက် ကျွန်တော်တို့ ပျံသန်းရတယ်။
လေဒဏ်မိုးဒဏ်တွေကို ကျွန်တော်တို့ ခံကြရတယ်။
ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ ပျံသန်းရတယ်။
နွေးထွေးတဲ့နေရောင်ခြည်နဲ့ လေပြေလေညင်းတွေကို ကျွန်တော်တို့ခံကြရတယ်။
ပျံသန်းစဉ်မှာ ကျွန်တော်တို့ရဲ့မကြံ့ခိုင်တဲ့အတောင်ပံတွေက ထိခိုက်ဒဏ်ရာရကောင်း ရတတ်တယ်။ ဒါပေမယ့် အဝေးကို ကျွန်တော်တို့ ပျံသန်းရတယ်။

ငယ်ရွယ်နုပျိုတဲ့အချိန်ဟာ ဟုန်းဟုန်းတောက်နေတဲ့ မီးတောက်နဲ့တူတယ်၊ ရဲရဲနီနေတဲ့ နေလုံးကြီးနဲ့တူတယ်.... လှပတဲ့အနာဂတ်ကို ပုံဖော်ရေးဆွဲဖို့၊ တကယ့်လူ့ဘဝကို အရသာခံဖို့၊ ဘဝရဲ့ပျော်စရာတွေကို သီကုံးရေးသားဖို့ ကျွန်တော်တို့ကို ခွန်အားဖြည့်နေခဲ့ပါတယ်။

http://www.duwenzhang.com/wenzhang/renshengzheli/chenggong/20080214/2596.html

နိုင်းနိုင်းစနေ (Friday, January 21, 2011)
.

အလှဆုံးမိန်းကလေး

Unknown | 8:42 AM | Best Blogger Tips

_______________

အလှဆုံးမိန်းကလေး
_______________

ဒီလို မိန်းကလေးတချို့ရှိတယ်။ သူတို့က စာဖတ်တာကိုကြိုက်တယ်။ စာအုပ်ဝယ်တယ်၊ ဖတ်တယ်၊ ရေးတယ်၊ ဖတ်စရာစာအုပ်တွေက သူတို့အတွက် အသုံးခံတဲ့ အသုံးအဆောင်၊ အလှပြင်ပစ္စည်းတွေဖြစ်တယ်။ သာမန်တဲ့ ဝတ်စားမှု၊ ရိုးရှင်းတဲ့အပြင်အဆင်နဲ့ ဆေးရောင်စုံမိန်းကလေးတွေကြားမှာ သူတို့ဟာ ဆွဲဆောင်မှုအပြည့်ရှိတယ်။ သူတို့ရဲ့စိတ်နေသဘောထား၊
ပြုစုပျိုးထောင်မှုတွေဟာလည်း တခြားလူနဲ့မတူ စာအုပ်ရနံ့တွေသင်းပျံ့တယ်။ "အတွင်းစိတ်မှာအသိရှိရင် အပြင်ပန်းကလှနေတယ်" ဆိုတဲ့စကားက ဒီလို မိန်းကလေးမျိုးတွေအတွက် အသင့်တော်ဆုံးဖြစ်တယ်။

စာဖတ်ကြိုက်တဲ့ မိန်းကလေးတွေဟာ ဘယ်ရောက်ရောက် လှပတဲ့ရူခင်းတစ်ခုဖြစ်တယ်။ သူဟာ ရုပ်ရည်မလှချင်နေမယ် ဒါပေမဲ့ သူ့မှာ လှတဲ့စိတ်နေစိတ်ထားရှိတယ်။ ရည်မွန်တဲ့အပြောအဆို၊ ကျော့ရှင်းတဲ့ ကိုယ်ဟန်အမူအရာတွေက ပြင်ဆင်နေစရာမလိုဘူး။ ဒါဟာ တည်ငြိမ်တဲ့ဣနြေ္ဒဖြစ်တယ်။ ဒါဟာ လှုပ်ရှားတဲ့သိမ်မွေ့မှုဖြစ်တယ်။ ဒါဟာ ကျက်သရေဖြစ်တယ်။ ဒါဟာ ငြိမ်းချမ်းမှုဖြစ်တယ်။ ဒါဟာ သဘာဝနဲ့ရောစပ်ထားတဲ့ ရိုးရှင်းမှုဖြစ်တယ်။ ရေလို ပျော့ပျောင်းတယ်၊ လေလို လူကိုဆွဲဆောင်မှုရှိတယ်။ ပန်းလို မွှေးကြိုင်ရနံ့သင်းတယ်......

စာဖတ်တာနဲ့ပတ်သက်ပြီး မတူတဲ့မိန်းကလေးတွေက မတူတဲ့စာကို ကြိုက်ကြတယ်။ မတူတဲ့စာတွေက မတူတဲ့ရွေးချယ်မှုကို ပေးတယ်။ မတူတဲ့ရွေးချယ်မှုတွေက မတူတဲ့အကျိုးရလဒ်ကို ရစေတယ်။

တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ ဗဟုသုတ၊ အသိဉာဏ်ကိုရယူတယ်။ သူတို့ရဲ့ အရည်အချင်းကိုတိုးမြင့်တယ်။ သူတို့က အတွေးအမြင်၊ ဒဿနာ၊ နက်ရှိုင်းတဲ့စာအုပ်တွေကို ပိုအာရုံစိုက်တယ်။ စာဖတ်ခြင်းနဲ့ သူတို့ရဲ့ အသိဉာဏ်ကိုမြင့်တင်တယ်၊ ဘဝကို ဦးဆောင်လမ်းပြတယ်။ ဒီလို မိန်းကလေးမျိုးဟာ သူ့ကိုယ်၌က စာအုပ်တစ်အုပ်ဖြစ်တယ်။ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။

တချို့မိန်းကလေးတွေက စာဖတ်ခြင်းနဲ့ စိတ်ပျော်ရွှင်မှုကိုရှာတယ်။ စိတ်ဓာတ်ကိုပျိုးထောင်တယ်။ သူတို့က ရှေးကဗျာတွေကြိုက်တယ်။ လှပတဲ့ စကားပြေတွေကိုကြိုက်တယ်။ အားလပ်ချိန်မှာ စာအုပ်တွေဖတ်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ပျိုးထောင်တယ်။ ဘဝကို ငြိမ်ငြိမ်သက်သက်ဖြတ်ကျော်တယ်။ ဒီလို မိန်းကလေးမျိုးက ကဗျာတစ်ပုဒ်နဲ့တူတယ်။ အေးဆေးတည်ငြိမ်ပြီး ချစ်စရာကောင်းတယ်။

မိန်းကလေးတချို့က ဂီတရုပ်ရှင်နဲ့ဆိုင်တဲ့ ဖြေဖျော်ရေးစာအုပ်တွေဖတ်တယ်။ သူတို့ဟာ အနုပညာကို မြတ်နိုးကောင်းမြတ်နိုးမယ်။ အနုပညာရှင်တွေရဲ့ သတင်း၊ အတင်းကို စိတ်ဝင်စားလို့လည်းဖြစ်မယ်။ ဒါမှမဟုတ် အနုပညာရှင်တွေရဲ့ ဘဝကိုအားကျလို့လည်းဖြစ်မယ်။ ဒီလိုစာတွေဖတ်တဲ့ မိန်းကလေးတွေက ပိုလက်တွေ့ဆန်တယ်။ လေးလေးနက်နက် မရှိဘူးဆိုပေမယ့် အမှားအမှန်ကိုခွဲခြားနိုင်တဲ့ အာရုံခံစားမှု သူတို့မှာရှိတယ်။

စာဖတ်ခြင်းက လူတွေရဲ့စိတ်ဝိညာဉ်ကို အကျိုးသက်ရောက်မှုရှိစေတယ်။ စိတ်ဝိညာဉ်က စိတ်နေသဘောထားကို သက်ရောက်မှုရှိစေတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ချစ်စရာကောင်းအောင်၊ နှစ်လိုအောင်၊ ဆွဲဆောင်မှုရှိအောင် ပြင်ဆင်လိုရင် စာများများဖတ်ပေးရတယ်။

စာဖတ်တဲ့မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တယ်။ စာဖတ်နှစ်သက်တဲ့ မိန်းကလေးတွေဟာ ပညာအရည်အချင်းမမြင့်လည်း စာပေယဉ်ကျေးမှုတော့ရှိတယ်။ စာပေယဉ်ကျေးမှုရှိတဲ့ မိန်းကလေးတွေဟာ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တယ်။ ခေါင်းအေးအေးထား ဆုံးဖြတ်တတ်တယ်။ လူ့သဘောသဘာဝကို နားလည်တယ်။

စာအမြဲဖတ်သူတွေဟာ လူကြားသူကြားမှာ ထင်းထင်းရှိတယ်။ အထူးသဖြင့် ကိစ္စတစ်ခုခုဆောင်ရွက်တဲ့အခါ၊ ဖြေရှင်းတဲ့အခါ တည်ငြိမ်တယ်၊ ဣနြေ္ဒရတယ်။ စာအမြဲဖတ်သူတွေမှာ အတင်းအဖျင်းမရှိဘူးလို့ လူတချို့ကပုံဖော်ကြတယ်။ သူတို့ဟာ ကျိုးကြောင်းဆင်ခြင်မှုရှိတယ်။ တခြားသူစကားနောက် လိုက်ပါမသွားဘူး။

စာအမြဲဖတ်တဲ့သူဟာ ဘာလုပ်လုပ် တွေးတောတယ်။ အကြံကောင်းတွေကိုရှာတယ်။ သူတို့ဟာ အသိဉာဏ်မြင့်တာကြောင့် ရှုပ်ထွေးတဲ့အတွေးတွေကို ခေါင်းထဲအဝင်မခံဘူး။ အခြေအမြစ်ကိုအရ ဖမ်းဆုပ်ပြီး ဖြေရှင်းနိုင်တဲ့နည်းလမ်းကိုရှာတယ်။ သူတို့လုပ်တဲ့ အရာတိုင်း၊ လမ်းကြောင်းတိုင်းဟာ စဉ်းစာတွေးတောပြီးမှ လုပ်တဲ့အရာတွေဖြစ်တယ်။ ဒီလိုအသိဉာဏ်က စာအမြဲမဖတ်သူတွေမှာမရှိတဲ့ အသိဉာဏ်ဖြစ်တယ်။

စာဖတ်တာကို နှစ်သက်တဲ့မိန်းကလေးတွေက လှပတယ်။ တမူထူးခြားတဲ့အလှနဲ့ လှတယ်။ သူတို့က လတ်ဆတ်တဲ့ ပန်းတစ်ပွင့်မဟုတ်ဘူး။
ချိုမြိန်တဲ့ ဝိုင်တစ်ခွက်မဟုတ်ဘူး။ သူတို့က ရနံ့သင်းပျံ့ပြီး ရှင်းသန့်တဲ့ ရေနွေးကြမ်းတစ်ခွက်ဖြစ်တယ်။

စာဖတ်ခြင်းက စိတ်အားတက်ကြွ ရွှင်လန်းစေတယ်။
စာဖတ်ခြင်းက အသိဉာဏ်၊ ဗဟုသုတကြွယ်စေတယ်။
စာဖတ်ခြင်းက ဆင်ခြင်တွေးတောမှုကို တိုးပွားစေတယ်။

ကျယ်ဝန်းတဲ့၊ ရွှင်လန်းတက်ကြွတဲ့ ရင်ခွင်တစ်စုံနဲ့ စာတွေကိုဖတ်မှ စာထဲက သိမ်မွေ့မှု၊ နှစ်လိုမှုတွေကို ခံစားနိုင်မယ်။ အာဟာရတွေကို စုပ်ယူနိုင်မယ်။ စာအုပ်စာပေလူ့မိတ်ဆွေဆိုသလို စာအုပ်ကောင်းတစ်အုပ်ဟာ လူတစ်ယောက်နောက် တစ်သက်လုံးလိုက်တယ်။ စာအုပ်ထဲကနေ တခြားလူတွေရဲ့ကောင်းကွက်ကို သင်ယူနိုင်တာဟာ အဖိုးတန်တယ်။ စာအုပ်ထဲကနေ တခြားလူတွေရဲ့ဆိုးကွက်ကို သင်ယူနိုင်တာဟာ အသုံးမကျတာဖြစ်တယ်။

စာဖတ်များတဲ့မိန်းကလေးတွေဟာ စာဖတ်ရင်း ကိုယ်တိုင်စာရေးချင်လာတယ်။ ဘဝထဲက ချိုမြိန်ခါးသက်တာတွေ၊ နွေမိုးဆောင်းဥတုတွေကို ချရေးတယ်။ အဲဒီမှာတော့ သူ့ရဲ့စာကို တခြားသူတွေကဖတ်တယ်။

မိန်းကလေးရေးတဲ့စာတွေက နူးညံ့သိမ်မွေ့တယ်။ သွက်လက်ဆွဲဆောင်မှုရှိတယ်။ စကားလုံးတိုင်းမှာ မိန်းကလေးရဲ့တမူထူးတဲ့ စိတ်နေစိတ်ထားနဲ့ စိတ်ဝိညာဉ်တွေကို ခံစားလို့ရတယ်။ စာတွေထဲမှာ သူတို့ဘဝကောက်ကြောင်းတွေရှိတယ်။ ရှင်သန်ကြီးပြင်းတဲ့ ရုန်းကန်မှုတွေရှိတယ်။ လူ့ဘဝတန်ဖိုးနဲ့ တာဝန်ဝတ္တရားတွေရှိတယ်။ ဒီကနေ့မှာ မိန်းကလေးတွေရေးတဲ့စာကို မိန်းကလေးတွေကြိုက်ရုံမက
ယောက်ျားလေးတွေပါ ကြိုက်ကြတယ်။

စာဖတ်တာနှစ်သက်တဲ့မိန်းကလေးဟာ သူ့အားလပ်ချိန်တော်တော်များများကို စာဖတ်ရင်းနဲ့ကုန်ဆုံးတယ်။ စာဖတ်တယ်ဆိုတာ သူ့ဘဝရဲ့တစ်စိတ်တစ်ဒေသဖြစ်တယ်။ ရှင်သန်နည်းတစ်မျိုးဖြစ်တယ်။ အပြင်ပန်းလှတဲ့ မိန်းကလေးတချို့နဲ့ နှိုင်းယှဉ်ရင် သူဟာ လှပတဲ့အတွင်းစိတ်ကို ထိန်းထားနိုင်တဲ့ အသိပညာရှိတယ်။

စာဖတ်တဲ့မိန်းကလေးတွေဟာ အသိကြွယ် ထက်မြက်တယ်၊ ကြံ့ခိုင်သန်မာတယ်၊ ရင့်ကျက်တည်ငြိမ်တယ်။ အပြင်ပန်းလှအောင်လုပ်တာထက် အတွင်းစိတ်နူးညံ့သိမ်မွေ့အောင် လုပ်တာက ပိုအရေးကြီးကြောင်း သူတို့သိတယ်။ စာအုပ်စာပေနဲ့အတူရှင်သန်တာက ဘဝကို စိတ်မပျက်စေဘူး၊ အားမငယ်စေဘူး၊ သက်ပြင်းမချစေဘူး။ ဒါကြောင့် စာများများဖတ်ပါ၊ စာအုပ်ကောင်းတွေဖတ်ပါ... အသိပညာဆိုတာ အကောင်းဆုံး အလှပြင်ပစ္စည်းဖြစ်တယ်။ စာဖတ်ခြင်းက မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထားဖက်ရှင်ဖြစ်တယ်။ စာဖတ်ခြင်းက မိန်းကလေးတစ်ယောက်ကို အမြဲလှပစေနိုင်ပါတယ်။

စာဖတ်တာကို ကျွန်တော်နှစ်သက်တယ်၊ စာဖတ်တဲ့မိန်းကလေးတွေကို ကျွန်တော်ချစ်တယ်....

------

မူရင်းလင့်-- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20080908/17707.html

နိုင်းနိုင်းစနေ (Wednesday, June 08, 2011)
.

ကျရှုံးတာကို မကြောက်နဲ

Unknown | 8:42 AM | Best Blogger Tips

_________________

ဘဝဆိုတာ ရှည်လျားတဲ့ခရီးလမ်းတစ်ခုဖြစ်တယ်။
ဒီလမ်းပေါ်မှာ ဖြောင့်ဖြူးတဲ့ လမ်းရှိသလို၊ ကွေးကောက်တဲ့လမ်းလည်းရှိတယ်။ ပန်းတွေနဲ့ဝေတဲ့ လမ်းရှိသလို၊ ချိုင့်ခွက်တွေနဲ့ပြည့်တဲ့ လမ်းလည်းရှိတယ်။
ဒီလမ်းခရီးပေါ်မှာ လူတိုင်း လူတိုင်း အခက်အခဲ၊ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်တယ်။ ဘဝရဲ့တန်ဖိုးဟာ ဒုက္ခတွေကို ကြံ့ကြံ့ခံအံတုရင်ဆိုင်ဖို့လို့ ကျွန်တော်တို့ယုံကြည်ထားရင် အဲဒီချိုင့်ဝှမ်းတွေကို ဖြတ်ကျော်ပစ်လိုက်ပါ။ လဲကျသွားခဲ့ရင် ဘယ်သူ့အကူမှမယူဘဲ ထရပ်ပါ။ ဆုံးရှုံးသွားခဲ့ရင် ဘယ်သူ့ဆီမှ အလျော်အစား ပြန်မတောင်းပါနဲ့.....

ကျရှုံးတာနဲ့ပတ်သက်ပြီး လူတိုင်းမှာ မတူတဲ့အမြင်လေးတွေရှိကြတယ်။
ဘဝမှာ လူတိုင်း အခက်အခဲ၊ ဒုက္ခတွေကို မလွဲမသွေရင်ဆိုင်ကြရပါတယ်။ တစ်ခါတလေ အဲဒီလိုရင်ဆိုင်ရချိန် ရှေ့မတိုး နောက်မဆုတ်သာ၊ ဖြေရှင်းဖို့လမ်းစ ရှာမရခဲ့တဲ့အခါ... မြူနှင်းမှုန်ကြား မားမားရပ်နေတဲ့ထင်းရှူးပင်ကို သတိရလိုက်ပါ။ ပိန်းပိတ်မှောင်နေတဲ့ညမှာ လမ်းမီးသဖွယ်လင်းလက်နေတဲ့ ကြယ်လေးတွေကို မြင်ယောင်လိုက်ပါ။ ကြံ့ခိုင်တဲ့ယုံကြည်မှုတွေက ကျရှုံးခြင်းတွေကို ဖြတ်ကျော်နိုင်ပါတယ်။

ကျရှုံးတယ်ဆိုတာ တခြားလူထက် ညံ့လို့မဟုတ်ဘူး။
ကျရှုံးတယ်ဆိုတိုင်း သင်မအောင်မြင်နိုင်တော့တာ မဟုတ်ဘူး။
ကျရှုံးတယ်ဆိုတာ လူ့ဘဝရဲ့ ဆုံးမှတ်မဟုတ်ဘူး။
ကျရှုံးခြင်းရဲ့ဆုံးမှတ်ဟာ အောင်မြင်ခြင်းရဲ့စမှတ်ဖြစ်တယ်။
ကျရှုံးခြင်းကို သင်ရင်ဆိုင်ရဲရင်၊ ဖြတ်ကျော်ရဲရင် ပန်းခင်းထားတဲ့အောင်မြင်လမ်းဆီ သင်အရောက်လှမ်းနိုင်မှာဖြစ်တယ်။

လူ့ဘဝဆိုတာ ပင်လယ်ကြီးနဲ့တူတယ်။
ကျောက်ဆောင်၊ ကျောက်စွန်းတွေမရှိခဲ့ရင် လှပတဲ့ရေလှိုင်းတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ကျရှုံးခဲ့ရင် အဲဒီကျရှုံးခဲ့တာကို အင်အားအဖြစ် ပြောင်းပစ်ရမယ်။ နုပျိုတက်ကြွတဲ့ လူငယ်လူရွယ်တွေရဲ့ ကြီးမြတ်တဲ့ရင်ခွင်ဟာ မပြောပလောက်တဲ့ထိခိုက်မှုတွေကို
သွားဂရုစိုက်နေစရာ မလိုပါဘူး....

ဘဝမှာ သင့်ကိုမျက်ရည်ကျစေတဲ့ အကြောင်းပြချက် အကြိမ်တစ်ထောင်ရှိခဲ့ရင် သင်ကလည်း အကြောင်းပြချက် အကြိမ်တစ်သောင်းနဲ့ ရယ်မောတတ်ရတယ်။

"မိုးသက်လေပြင်းကျနေပါစေ အောင်မြင်ခြင်းဆီသွားတဲ့ ခြေလှမ်းဟာ ဘယ်တော့မှမတွန့်ဆုတ်ဘူး" ဒါမှ တည်ငြိမ်တဲ့ စိတ်ဓာတ်ကိုရတယ်။

ဆူးခင်းလမ်းပဲဖြစ်ဖြစ်၊ ပန်းခင်းလမ်းပဲဖြစ်ဖြစ် ရင်ဆိုင်တတ်ရမယ်။
ရယူနိုင်တာပဲဖြစ်ဖြစ်၊ ဆုံးရှုံးသွားတာပဲဖြစ်ဖြစ် တည်ငြိမ်တဲ့စိတ်နဲ့ လက်ခံတတ်ရမယ်။
ဒါကမှ လူငယ်လူရွယ်တွေရဲ့ ရှင်သန်နည်းလို့ ကျွန်တော်ထင်တယ်။

လမ်းဆိုတာ ကျွန်တော်တို့ရဲ့ ခြေဖဝါးအောက်မှာပါ။ အတိတ်မှာ မှောင်မိုက်တဲ့လမ်းတွေ ဖြတ်ခဲ့ဖူးပါစေ၊
အနာဂတ်မှာ လင်းလက်တဲ့လမ်းတွေ စောင့်မျှော်နေပါစေ..... အတိတ်ကို ယခုလက်ရှိရဲ့ဆုံးမှတ်လို့ သဘောထားပြီး အနာဂတ်ကို ယခုလက်ရှိရဲ့စမှတ်လို့ သဘောထားလိုက်ပါ။

ကျရှုံးတာဟာ ကြောက်ဖို့မကောင်းပါဘူး။
ကိုယ့်ရည်မှန်းချက်အတွက် ကျွန်တော်တို့ ပျံသန်းရတယ်။
လေဒဏ်မိုးဒဏ်တွေကို ကျွန်တော်တို့ ခံကြရတယ်။
ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ ပျံသန်းရတယ်။
နွေးထွေးတဲ့နေရောင်ခြည်နဲ့ လေပြေလေညင်းတွေကို ကျွန်တော်တို့ခံကြရတယ်။
ပျံသန်းစဉ်မှာ ကျွန်တော်တို့ရဲ့မကြံ့ခိုင်တဲ့အတောင်ပံတွေက ထိခိုက်ဒဏ်ရာရကောင်း ရတတ်တယ်။ ဒါပေမယ့် အဝေးကို ကျွန်တော်တို့ ပျံသန်းရတယ်။

ငယ်ရွယ်နုပျိုတဲ့အချိန်ဟာ ဟုန်းဟုန်းတောက်နေတဲ့ မီးတောက်နဲ့တူတယ်၊ ရဲရဲနီနေတဲ့ နေလုံးကြီးနဲ့တူတယ်.... လှပတဲ့အနာဂတ်ကို ပုံဖော်ရေးဆွဲဖို့၊ တကယ့်လူ့ဘဝကို အရသာခံဖို့၊ ဘဝရဲ့ပျော်စရာတွေကို သီကုံးရေးသားဖို့ ကျွန်တော်တို့ကို ခွန်အားဖြည့်နေခဲ့ပါတယ်။

http://www.duwenzhang.com/wenzhang/renshengzheli/chenggong/20080214/2596.html

နိုင်းနိုင်းစနေ (Friday, January 21, 2011)
.

ကျရှုံးတာကို မကြောက်နဲ

Unknown | 8:42 AM | Best Blogger Tips

_________________

ဘဝဆိုတာ ရှည်လျားတဲ့ခရီးလမ်းတစ်ခုဖြစ်တယ်။
ဒီလမ်းပေါ်မှာ ဖြောင့်ဖြူးတဲ့ လမ်းရှိသလို၊ ကွေးကောက်တဲ့လမ်းလည်းရှိတယ်။ ပန်းတွေနဲ့ဝေတဲ့ လမ်းရှိသလို၊ ချိုင့်ခွက်တွေနဲ့ပြည့်တဲ့ လမ်းလည်းရှိတယ်။
ဒီလမ်းခရီးပေါ်မှာ လူတိုင်း လူတိုင်း အခက်အခဲ၊ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်တယ်။ ဘဝရဲ့တန်ဖိုးဟာ ဒုက္ခတွေကို ကြံ့ကြံ့ခံအံတုရင်ဆိုင်ဖို့လို့ ကျွန်တော်တို့ယုံကြည်ထားရင် အဲဒီချိုင့်ဝှမ်းတွေကို ဖြတ်ကျော်ပစ်လိုက်ပါ။ လဲကျသွားခဲ့ရင် ဘယ်သူ့အကူမှမယူဘဲ ထရပ်ပါ။ ဆုံးရှုံးသွားခဲ့ရင် ဘယ်သူ့ဆီမှ အလျော်အစား ပြန်မတောင်းပါနဲ့.....

ကျရှုံးတာနဲ့ပတ်သက်ပြီး လူတိုင်းမှာ မတူတဲ့အမြင်လေးတွေရှိကြတယ်။
ဘဝမှာ လူတိုင်း အခက်အခဲ၊ ဒုက္ခတွေကို မလွဲမသွေရင်ဆိုင်ကြရပါတယ်။ တစ်ခါတလေ အဲဒီလိုရင်ဆိုင်ရချိန် ရှေ့မတိုး နောက်မဆုတ်သာ၊ ဖြေရှင်းဖို့လမ်းစ ရှာမရခဲ့တဲ့အခါ... မြူနှင်းမှုန်ကြား မားမားရပ်နေတဲ့ထင်းရှူးပင်ကို သတိရလိုက်ပါ။ ပိန်းပိတ်မှောင်နေတဲ့ညမှာ လမ်းမီးသဖွယ်လင်းလက်နေတဲ့ ကြယ်လေးတွေကို မြင်ယောင်လိုက်ပါ။ ကြံ့ခိုင်တဲ့ယုံကြည်မှုတွေက ကျရှုံးခြင်းတွေကို ဖြတ်ကျော်နိုင်ပါတယ်။

ကျရှုံးတယ်ဆိုတာ တခြားလူထက် ညံ့လို့မဟုတ်ဘူး။
ကျရှုံးတယ်ဆိုတိုင်း သင်မအောင်မြင်နိုင်တော့တာ မဟုတ်ဘူး။
ကျရှုံးတယ်ဆိုတာ လူ့ဘဝရဲ့ ဆုံးမှတ်မဟုတ်ဘူး။
ကျရှုံးခြင်းရဲ့ဆုံးမှတ်ဟာ အောင်မြင်ခြင်းရဲ့စမှတ်ဖြစ်တယ်။
ကျရှုံးခြင်းကို သင်ရင်ဆိုင်ရဲရင်၊ ဖြတ်ကျော်ရဲရင် ပန်းခင်းထားတဲ့အောင်မြင်လမ်းဆီ သင်အရောက်လှမ်းနိုင်မှာဖြစ်တယ်။

လူ့ဘဝဆိုတာ ပင်လယ်ကြီးနဲ့တူတယ်။
ကျောက်ဆောင်၊ ကျောက်စွန်းတွေမရှိခဲ့ရင် လှပတဲ့ရေလှိုင်းတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ကျရှုံးခဲ့ရင် အဲဒီကျရှုံးခဲ့တာကို အင်အားအဖြစ် ပြောင်းပစ်ရမယ်။ နုပျိုတက်ကြွတဲ့ လူငယ်လူရွယ်တွေရဲ့ ကြီးမြတ်တဲ့ရင်ခွင်ဟာ မပြောပလောက်တဲ့ထိခိုက်မှုတွေကို
သွားဂရုစိုက်နေစရာ မလိုပါဘူး....

ဘဝမှာ သင့်ကိုမျက်ရည်ကျစေတဲ့ အကြောင်းပြချက် အကြိမ်တစ်ထောင်ရှိခဲ့ရင် သင်ကလည်း အကြောင်းပြချက် အကြိမ်တစ်သောင်းနဲ့ ရယ်မောတတ်ရတယ်။

"မိုးသက်လေပြင်းကျနေပါစေ အောင်မြင်ခြင်းဆီသွားတဲ့ ခြေလှမ်းဟာ ဘယ်တော့မှမတွန့်ဆုတ်ဘူး" ဒါမှ တည်ငြိမ်တဲ့ စိတ်ဓာတ်ကိုရတယ်။

ဆူးခင်းလမ်းပဲဖြစ်ဖြစ်၊ ပန်းခင်းလမ်းပဲဖြစ်ဖြစ် ရင်ဆိုင်တတ်ရမယ်။
ရယူနိုင်တာပဲဖြစ်ဖြစ်၊ ဆုံးရှုံးသွားတာပဲဖြစ်ဖြစ် တည်ငြိမ်တဲ့စိတ်နဲ့ လက်ခံတတ်ရမယ်။
ဒါကမှ လူငယ်လူရွယ်တွေရဲ့ ရှင်သန်နည်းလို့ ကျွန်တော်ထင်တယ်။

လမ်းဆိုတာ ကျွန်တော်တို့ရဲ့ ခြေဖဝါးအောက်မှာပါ။ အတိတ်မှာ မှောင်မိုက်တဲ့လမ်းတွေ ဖြတ်ခဲ့ဖူးပါစေ၊
အနာဂတ်မှာ လင်းလက်တဲ့လမ်းတွေ စောင့်မျှော်နေပါစေ..... အတိတ်ကို ယခုလက်ရှိရဲ့ဆုံးမှတ်လို့ သဘောထားပြီး အနာဂတ်ကို ယခုလက်ရှိရဲ့စမှတ်လို့ သဘောထားလိုက်ပါ။

ကျရှုံးတာဟာ ကြောက်ဖို့မကောင်းပါဘူး။
ကိုယ့်ရည်မှန်းချက်အတွက် ကျွန်တော်တို့ ပျံသန်းရတယ်။
လေဒဏ်မိုးဒဏ်တွေကို ကျွန်တော်တို့ ခံကြရတယ်။
ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ ပျံသန်းရတယ်။
နွေးထွေးတဲ့နေရောင်ခြည်နဲ့ လေပြေလေညင်းတွေကို ကျွန်တော်တို့ခံကြရတယ်။
ပျံသန်းစဉ်မှာ ကျွန်တော်တို့ရဲ့မကြံ့ခိုင်တဲ့အတောင်ပံတွေက ထိခိုက်ဒဏ်ရာရကောင်း ရတတ်တယ်။ ဒါပေမယ့် အဝေးကို ကျွန်တော်တို့ ပျံသန်းရတယ်။

ငယ်ရွယ်နုပျိုတဲ့အချိန်ဟာ ဟုန်းဟုန်းတောက်နေတဲ့ မီးတောက်နဲ့တူတယ်၊ ရဲရဲနီနေတဲ့ နေလုံးကြီးနဲ့တူတယ်.... လှပတဲ့အနာဂတ်ကို ပုံဖော်ရေးဆွဲဖို့၊ တကယ့်လူ့ဘဝကို အရသာခံဖို့၊ ဘဝရဲ့ပျော်စရာတွေကို သီကုံးရေးသားဖို့ ကျွန်တော်တို့ကို ခွန်အားဖြည့်နေခဲ့ပါတယ်။

http://www.duwenzhang.com/wenzhang/renshengzheli/chenggong/20080214/2596.html

နိုင်းနိုင်းစနေ (Friday, January 21, 2011)
.

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ