Popular Posts

Showing posts with label ပညာပေး. Show all posts
Showing posts with label ပညာပေး. Show all posts

Monday, February 4, 2013

အင်္ဂလိပ်စကားပြော လေ့လာရအောင်

Unknown | 7:15 AM | Best Blogger Tips
အင်္ဂလိပ်စာကို မိမိအနေနဲ့ လေ့လာနေတာ ကြာပါပြီ။ ဆရာလွတ်အနေနဲ့ စာအုပ်မျိုးစုံ ၀ယ်ဖတ် လေ့လာခဲ့ပါတယ်။ အင်တာနက် သုံးတတ်လာတော့လဲ နည်းပညာ၊ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေကိုပဲ ကြိုးစား ရှာဖွေ လေ့လာခဲ့ပါတယ်။ ဒီနေ့ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ၀က်ဆိုက်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ဒီဆိုက်က အင်္ဂလိပ် စကားပြောကို အထူးပြုထားပါတယ်။ အင်္ဂလိပ် စကားပြောကို အခြေခံကနေ အဆင့်မြင့်ထိ လေ့လာလို့ ရပါတယ်။ ပြောရမယ့် စကားကို အသံပါ နားထောင်လို့ ရပါတယ်။ သဘောကျ နှစ်ခြိုက်မိတဲ့အတွက် မိမိလို အင်္ဂလိပ်စာ လေ့လာသူများအတွက် ဖော်ပြပေး လိုက်ပါတယ်။ ဆိုက်အမည်က http://www.talkenglish.com/ ဖြစ်ပါတယ်။ အင်္ဂလိပ်စာ တော်စေ၊ တတ်ပါစေ။

Saturday, January 26, 2013

မြန်မာ ဆန်ဆန် ၀တ်ဆင်နေထိုင်ခြင်းရဲ့ အကျိုးများ

Unknown | 7:24 AM | Best Blogger Tips
 
 ၁။  မြင်သူတကာ စိတ်ကြည်နူးမှုရရှိခြင်း .
၂။  လူကြီးလူကောင်းဆန်ကာ လေးစားစရာ ကောင်းခြင်း
၃။  အထင်သေး အမြင်သေးမခံရခြင်း


၎။  မည်သည့်နေရာမဆို ရဲရဲဝံ့ဝံ့ ၀င်ထွက်သွားလာနိုင်ခြင်း
၅။  သိမ်ငယ် စိုးရွံ့နေရမှုမှ ကင်းဝေးခြင်း
၆။  ညစ်ညမ်းသော စကားလုံးများဖြင့် နောက်ပြောင်မခံရခြင်း
၇။  စိတ်လက်ပေါ့ပါးစွာ နေထိုင်ခွင့်ရခြင်း
၈။  ပစ်မှားလိုသော စိတ်ယုတ်မာများ ဖြစ်ပွါးစေမှု နည်းပါခြင်း
၉။  လူကြီးလူကောင်း နှင့် ပညာရှိများ ချီးမွမ်းခံရခြင်း 
၁၀။ ဂုဏ်သိက္ခာ တိုးတက်ခြင်း
၁၁။ ရိုးသားမြင့်မြတ်သော အမျိုးသားကို ရနိုင်ခြင်း
၁၂။ လူကုန်ကူးလိုသူတို့၏ အန္တရာယ်မှ ကင်းဝေးခြင်း 
      အခြားအန္တရာယ်အမျိုးမျိုးတို့မှ ကင်းဝေးခြင်း..တို့ ဖြစ်ပါသတဲ့ ၊

..ကဲ ကိုယ်ပိုင်ညာဏ်ဖြင့် စဉ်းစား ဝေဖန် သုံးသပ် ဆုံးဖြတ်ကာ
ဝတ်ဆင်ကြပါကုန်ကြပါကုန်။                 
 
 
ဖေဘုတ်သူငယ်ချင်းတစ်ယောက်ဆီမှ ကူးယူခြင်းဖြစ်ပါတယ်။
ရည်ရွယ်ချက်။        ။မြန်မာအမျိုးကောင်းသမီးများအတွက်ရည်ရွယ်ပါတယ်ရှင့်။

Friday, December 21, 2012

လက်မထပ်မီနှင့် လက်ထပ်ပြီးချိန် နှိုင်းယှဉ်ချက်

Unknown | 11:57 AM | Best Blogger Tips
လက်ထပ်ခွင့်တောင်းချိန်

အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး-ဟင်းနော်....ထားသွားလိုက်ရမလား?

အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်


အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား-အချိန်မရွေးပဲ
အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား- မင်းရူးများရူးနေလားကွာ
အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား-အင်း
အမျိုးသမီး-မောင်ရယ်...

လက်ထပ်ပြီးတဲ့အခါ....
အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ

မိန်:ကလေးတွေ သတိထားဖို့ပါ

Unknown | 11:29 AM | Best Blogger Tips
အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက်... ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။ ၁။ အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။ ၂။ အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။ ၃။ ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော
့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။ နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။ ၁။ သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။ ၂။ သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။ ၃။ သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။ ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။ ဒီစာလေးကို သင့်ရဲ့ သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

အံဖွယ်မေတ္တာ

Unknown | 10:37 AM | Best Blogger Tips

Santa Rosa De Temuco - နံနက်ခင်းတစ်ခုမှာ အိမ်တစ်အောင်မှာ မီးလောင်နေပါတယ် ။ မီးသတ်သမားတွေ လာရောက်ငြှိမ်းသတ်နေစဉ်မှာ အံ့သြဖွယ်ရာမယုံနိုင်ဖွယ်ရာအဖြစ်တွေကိုတွေ့ခဲ့ရတယ် ။ ကားဗုံးပေါက်ကွဲမှုကြောင့်စဖြစ်ခဲ့တဲ့ ဒီမီးလောင်မှုအတွင်းကို မိခင်ခွေးမကြီးက သူ့ကလေးတွေကိုကယ်ဖို့အတွက် အသက်စွန့်ပြီးပြေးဝင်သွားခဲ့တယ် ။
အေမန်ဒါလို့ခေါ်တဲ့ဒီခွေးမကြီးဟာ တဟုန်ထိုး မီးလောင်အိမ်ထဲပြေးဝင်သွားပြီး မီးတောက်တွေကြားထဲမှာ သားငယ်ကိုရှာဖွေပါတယ် ။ ပူလောင်ပြင်းပြတဲ့မီးတောက်တွေရဲ့ လောင်ကျွမ်းမှုက သူ့ကိုမမှုစေခဲ့ဘူး သူ့ရဲ့ သားသမီးဇောကို မတားဆီးစေနိုင်ခဲ့ဘူး ။ ပြီးတော့ ဆယ်ရက်သားအရွယ်ရှိသေးတဲ့ သားငယ်ကိုတွေ့တဲ့အခါ အလျှင်အမြန်ကိုက်ချီပြီး မီးတောက်တွေထဲက တဟုန်ထိုးပြန်ထွက်လာခဲ့ပါတယ် ။ ဟော နောက်ထပ် သူ့သားသမီးလေးတွေကျန်နေသေးတယ် သူရပ်လို့မဖြစ်သေးဘူး ။
အေမန်ဒါ နောက်ထပ်တစ်ခေါက်ထပ်ဝင်သွားပြန်တယ် ဒီလိုနဲ့ သူ့ကလေးတွေ မကုန်မချင်း အထဲကိုဝင်သွားလိုက် ပြန်ထွက်လာလိုက်နဲ့ မိခင်ခွေးမရဲ့ သတ္တိတွေ မျက်ရည်ကျရလောက်အောင် ထက်မြစူးရှနေခဲ့တယ် ။ မီးသတ်သမားတွေ သူတို့မျက်စိသူတို့မယုံနိုင်ဖြစ်ခဲ့ရတယ် ။ အများစုက ဒီလောက်ရဲရင့်သတ္တိကောင်းတဲ့ခွေးကိုမမြင်ဖူးလို့ပဲဖြစ်တယ် ။
ခွေးကလေးတွေအကုန်လုံးကို အန္တရာယ်ကင်းတဲ့နေရာသယ်ဆောင်ပြီးတဲ့အခါ အေမန်ဒါဟာသူတို့ဘေးမှာ လှဲချလိုက်ပြီး ( လူတွေမှာဆို အရေးပေါ်အသက်ကယ်နည်း လို့ပြောလို့ရတဲ့ ) ခွေးကလေးတွေ့ကိုလျှာနဲ့ရက်ပေးခြင်း ချော့မြူခြင်းတွေကိုပြုလုပ်နေခဲ့တယ် ။ မျက်မြင်တွေ့သူတွေဟာ အရေးပေါ် တိရိစ္ဆာန်ကုသရေးတွေကို အမြန်ခေါ်ပြီး ခွေးမကြီးနဲ့ခွေးသားပေါက်ကလေးတွေကို ဆေးရုံကိုအမြန်ပို့ဆောင်ခဲ့ကြတယ် ။ ခွေးပေါက်လေးတစ်ကောင်ပြင်းပြင်းထန်ထန် မီးလောင်ဒါဏ်ရာရခဲ့တာကလွဲလို့ ခွေးတွေအကုန်လုံးအသက်ရှင်ခဲ့ကြပါတယ် ။
ကျေးဇူးပါတယ်တယ် ရဲရင့်တဲ့မိခင်အေမန်ဒါရေ !!!!!!!
------------------------------------------------------
ကမ္ဘာပေါ်မှာ သားသမီး အသက်အန္တရာယ်ကို မိမိအသက်ပေးပြီး ကယ်ဝံ့တာ မိဘတွေပဲဖြစ်တယ်
ကမ္ဘာပေါ်မှာ သားသမီး ဒုက္ခရောက်နေချိန်မှာ အမြဲအားပေးအဖော်ရှိနေပေးတတ်တာ မိဘတွေပဲဖြစ်တယ်
ကမ္ဘာပေါ်မှာသားသမီး အတွက် အရာအားလုံကို စွန့်လွှတ်စွန့်စားဝံ့သူဟာ မိဘတွေပဲဖြစ်တယ်
အချိန်ရခိုက်လေး မိဘကျေးဇူးကိုမမေ့ကြပါနဲ့ ဘ၀ဆိုတာ တိုတိုလေးပါ သေလွန်သွားမှာ နောင်တတွေရ ပန်းစည်းတွေအုတ်ဂူမှာသွားပေးနေကြမယ့်အစား မသေသေးခင် မိဘတွေဆန္ဒကိုတတ်နိုင်သလောက်ဖြည့်ဆည်းပေးကြခြင်းအားဖြင့်မိဘကျေးဇူးဆပ်နိုင်ကြပါစေ ။

Friday, November 23, 2012

မြန်မာအမျိုးသမီးကောင်းလေး အဖြစ် ပီသ စေချင်ပါသည်...

Unknown | 9:50 AM | Best Blogger Tips

Human Rightဆိုတဲ့ လူ့အခွင့်အရေးတွေထဲမှာ ဥပဒေဆိုတဲ့ကဏ္ဍကိုလည်း လျစ်လျူရှုထားလို့မရပါဘူး၊ ဒီမိုကရေစီလမ်းစဉ်ကို လျှောက်နေကြတဲ့ ခေတ်သစ်ကြီးထဲမှာ လုပ်ချင်ရာတွေလုပ်လို့မရတော့သလို…ဖြစ်ချင်ရာတွေလည်းဖြစ်လို့မရတော့ပါဘူး…။

မြန်မာအမျိုးသမီးတို့ရေ…ယခင်က မီးဖိုချောင်မှာ ထမင်းဟင်းချက်ပြုတ်ရုံကလွဲရင် မိန်းမတို့၏အလုပ်သည် ဤတွင် နိဂုံးချုပ်ခဲ့ပြီ လို့ ပတ်ဝန်းကျင်တစ်ခုရဲ့သတ်မှတ်ချက်တွေကြောင့်…တိမ်မြုပ်နေခဲ့ရပေမယ့်…ယခုအခါမှာတော့ ”ပုခက်လွှဲသောလက်သည် တိုင်းပြည်ကိုအုပ်စိုးနိုင်၏”ဟုပင် ဖြစ်လာခဲ့ရပါသည်..ထိုအကြောင်းအရာသည်လည်း အမှန်တကယ်ပင် အရည်အသွေးများ၊ အရည်အချင်းများပြည့်စုံစွာနှင့်ပင် သက်သေသာဓကများ ပြသနိုင်ခဲ့လို့သာလျှင် ဖြစ်ပေါ်လာခဲ့ရခြင်းပင်ဖြစ်ပါသည်…။

မြန်မာအမျိုးသမီးတို့ရေ..ဥပဒေဆိုတာ…ယခင်ကလို…ငွေများတရားနိုင်ဆိုတာမျိုးမဟုတ်ပါဘူး၊ ဥပဒေဆိုတာ ခံယူသူရယ်၊ ရယူသူ တွေရဲ့ကြားမှာ ဖြစ်တည်လာတဲ့ စည်းကမ်းချက်တစ်ခုလို့ပြောလို့ရနိုင်ပါတယ်၊ ဒါပေမယ့် အဲ့ဒီစည်းကမ်းချက်တွေကိုလည်း မိမိတို့ ကိုယ်တိုင်က လိုက်နာနိုင်မှသာဖြစ်ပါတယ်၊ ဥပဒေဆိုတာကျယ်ပြန့်ပါတယ်၊ အရပ်မှာသိထားကြတဲ့ ဥပဒေနဲ့ စာအုပ်တွေမှာ ပြင်ဆင်ပြဌာန်းထားတဲ့ဥပဒေတွေဟာ တစ်ခါတစ်ရံမှာ လွဲချော်နေတတ်ကြပါတယ်…။

ကျွန်ုပ်တို့ရဲ့ ယနေ့မျက်မှောက်ခေတ်မှာ နည်းပညာတွေတိုးတက်လာသည်နှင့်အမျှ အွန်လိုင်းဆိုသည့် အင်တာနက်ခေတ်ကြီးက လည်း တရွေ့ရွေ့နဲ့ဆိုသလို မြန်မာနိုင်ငံမှာ ကျယ်ပြန့်လာခဲ့ပါပြီ၊ အင်တာနက်ဆိုတာ..သာမာန်သူတွေအတွက် ချက်တင်ထိုင်ရုံ အတွက်သာဖြစ်ကောင်းဖြစ်မယ်ဆိုခဲ့ပေမယ့်…အကျိုးရှိစွာအသုံးချနိုင်သူတွေအတွက်တော့…အင်တာနက်ဆိုတာ..တကယ့်ကို အကျိုးဖြစ်ထွန်းစေပါတယ်…၊ သုံးတတ်သူများအတွက် ဆေးကောင်းတစ်ခွက်ဖြစ်နိုင်သလို…မသုံးတတ်သောသူများအတွက် ဘေး ဖြစ်စေတတ်ပါတယ်…၊ အချို့သောအမျိုးသမီးလေးတွေဟာ..အင်တာနက်ဆိုသည့် အွန်လိုင်းစာမျက်နှာကို ကျွမ်းကျင်စွာ အသုံးမပြုတတ်ကြသေးပါဘူး၊ Gtalkဆိုသည့် Talkingကိုတောင် သေချာစွာအသုံးမပြုတတ်သူများလည်း ယနေ့အထိပင် ရှိနေခဲ့ပါသေးသည်၊ ထိုသို့သောအမျိုးသမီးများသည်လည်း ခေတ်ပညာတတ်များပင်ဖြစ်ကြပါသည်၊ သို့ပေမယ့် ၎င်းတို့၏ လေ့လာမှု၊ သင်ယူမှု၊ ဗဟုသုတများ အားနည်းခြင်းကြောင့်..မဖြစ်သင့်သည်များလည်း ဖြစ်ပေါ်နေခဲ့ကြရသလို…၊ကျွမ်းကျင်စွာ အသုံးပြုတတ်ခဲ့ကြပေမယ့်လည်း.. ချက်တင်ကိုသာ ဦးစားပေးအသုံးပြုတတ်သူဦးရေ…များပြားလာမှုတွေကြောင့်…အချို့မြန်မာ အမျိုးသမီးကလေးများ..မဖြစ်သင့်တာတွေပင် ဖြစ်နေကြရပါသည်..။



ထိုသို့သောအကြောင်းအရာများမဖြစ်ပွားစေရန်အတွက် အချင်းချင်းကူညီဖေးမပေးဖို့လည်း လိုအပ်လှပါတယ်၊ အချို့သောမိန်း ကလေးများဆိုလျှင်ဖြင့်..Talkingကို တစ်ဖက်ကလူဖြင့် ခေါင်းငိုက်စိုက်ကျနေအောင်…မြန်မာလက်ကွက်ကို အပြင်းအထန်ရှာဖွေ၊ ဘာမှန်းမသိတဲ့အရာတွေဖြင့် ပြောဆိုနေကြသည်..သို့ပေမယ့် ၎င်းတို့၏ စာမျက်နှာတွင် အခြားတစ်ဖက်မှတင်ထားသော sesxy imageများကိုပင် မမြင်…အခြားတစ်ဖက်မှ ပြောဆိုသောသူများသည်လည်း မိမိတို့၏မိခင်၊ နှမ၊ မောင်နှမရယ်လို့ စာနာထောက်ထားခြင်းမရှိပဲ…ပြောဆိုနေတတ်ကြသည်…၊ထိုသို့သောအခြေအနေများကို…တစ်ဖက်မှ အမျိုးသမီးကလေးများ သည် မည်သို့ကာကွယ်ရမည်ကိုမသိထားခဲ့လေတော့..လက်ပိုက်ကြည့်နေရုံသာပင်ရှိနေတော့မည်လား….။

ချက်တင်အသုံးပြုရာမှဖြစ်ပေါ်လာသော အချစ်တစ်ချို့တွေကြောင့် မြန်မာအမျိုးသမီးကလေးများ ဒုက္ခများစွာ ရောက်ရှိနေခဲ့ကြရပါ သည်၊ အချိန်မှန်မှန် အင်တာနက်ဆိုင်သို့ လာရောက်ကြပြီး..ငွေကြေးတွေအကုန်အကျခံကာ ဘ၀ကို မရေမရာလျှောက်လှမ်းမိနေ ကြသော မြန်မာအမျိုးသမီးကလေးများအတွက် နောင်အခါဝယ်ရင်လေးစရာများဖြစ်ပေါ်စေနိုင်ခဲ့ပါသည်။ အွန်လိုင်းစာမျက်နှာ သည် အမှန်ဆိုတော့ ထိန်းချုပ်စရာများရှိနေပါသည်၊ တတ်သိနားမလည်သေးသူများအတွက် မည်သည့်အရာကိုလုပ်ရမှန်းပင် မသိခဲ့သော်လည်း တတ်သိနားလည်သူတွေက ဖေးမကူညီပြီး၊ မိမိတို့ကိုယ်တိုင်လည်း မိမိတို့၏စာမျက်နှာများ၏ Securityများ မြှင့်ထားပေးရန် လိုအပ်ပါသည်။ တတ်သိနားမလည်နိုင်သေးသောသူများသည်လည်း အခြားသူတို့ရေးသားထားသော နည်ပညာစာအုပ်များကို ဖတ်ရှုလေ့လာမှတ်သားရင်၊ ကိုယ်တိုင်လေ့ကျင့်ကာ ဆောင်ရွက်သင့်ပါသည်၊ ကျွန်ုပ်တို့ရဲ့ မြန်မာအမျိုး သမီးကလေးများ လူကုန်ကူးခံရမှုအကြောင်းအရာတွေဟာ မြန်မာအမျိုးသမီးလေးများ၏ ဗဟုသုတနည်းပါးခြင်း၊ စာဖတ်အား မကောင်းခြင်း၊ ယုံကြည်မှုလွန်ကဲခြင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်ုပ်ဖတ်ဖူးခဲ့တဲ့ ကျန်းမာသုတစာစောင်တွေမှာ အမျိုးသားနှင့် အမျိုးသမီး၊ အမျိုးသမီးတွေဟာ အမျိုးသားများအပေါ် ယုံကြည်မှုလွန်ကဲခြင်းကြောင့်၊ အချစ်၏စေစားရာဖြစ်တဲ့ လိင်ဆက်ဆံစဉ် မှာ အမျိုးသားတိုက်ကျွေးခဲ့သော ကာမအားတိုးဆေးကိုပင်…သာမာန်အားဆေးဟုထင်မြင်ခဲ့ပြီး သောက်သုံးခြင်းတွေအထိ ဖြစ်ရာကနေ…အမျိုးသမီးများ၏ဘ၀ပျက်စီးခဲ့ရသည်အထိ ဖြစ်လာခဲ့ရပါသည်၊


ယနေ့ Globalizationဆိုတဲ့ခေတ်ကြီးမှာ အားလုံးသိထားဖို့လိုအပ်ပါလိမ့်မယ်၊ ကျွန်ုပ်တို့ ကိုယ်စီတိုင်းမှာ…မတတ်သောပညာလေး တွေရှိနေခဲ့ပေမယ့်..မသိသောအကြောင်းအရာများမရှိရလေအောင် လုပ်ဆောင်ထားသင့်ပါတယ်၊ အဓိကအားဖြင့်တော့ အမျိုးသမီးများအနေဖြင့် စာဖတ်ခြင်းဆိုတဲ့အလုပ်ကို ပိုမိုလုပ်ဆောင်လာနိုင်ဖို့ပဲဖြစ်ပါတယ်၊ စာဖတ်ခြင်းဆိုတာ လူတိုင်းအတွက် အသိအမြင်၊ ဥာဏ်ပညာအမြော်အမြင်နှင့် ဗဟုသုတများစွာကို ပေးစွမ်းနိုင်ပါတယ်၊ စာဖတ်သည့်ဆိုသည့်နေရာတွင်လည်း ဗဟုသုတရှိနိုင်ဖွယ်ရာဖြစ်သော မည်သည့်စာမျိုးကိုမဆို အဆိုးတွေကို ပစ်ပယ်ပြီး..အကောင်းတွေကို လိုအပ်သလို အသုံးပြုနိုင် ပါတယ်။ ဥပမာအားဖြင့် ၀တ္ထုစာအုပ်တစ်အုပ်ကို ဖတ်ခဲ့မိပြီဆိုခဲ့လျှင်လည်း..အချစ်၏နစ်မွန်းသာယာမှုတွေပါသည့် အကြောင်းအရာတွေကို စာအုပ်မှာပင်ထားပစ်ခဲ့ပြီး..ထိုအကြောင်းအရာတွေထဲမှ ကောင်းသည့်အချက်အလက်တွေကိုပဲ စာအုပ်၏ အပြင်ဘက်သို့ ယူဆောင်လာခဲ့သင့်ပါတယ်။

မြန်မာအမျိုးသမီးတို့ရေ…ပထမဦးဆုံးကတော့ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်တတ်ကြဖို့ပါပဲ…တန်ဖိုးထားကြပါ၊ အရာရာမှာ အသိတရား၊ ဆုံးဖြတ်ချက်၊ ဥာဏ်ပညာ စတဲ့ဆင်ခြင်တုံတရားတွေနဲ့ ဘ၀ကို ရိုးသားစွာလျှောက်လှမ်းကြဖို့ လိုအပ်ပါတယ်၊ ကျွန်ုပ် တို့ရဲ့ဘ၀တွေမှာ အချစ်ဆိုသည့်အရာတွေဖြစ်ပေါ်နေတတ်ပါတယ်၊ အချစ်ဆိုတာ နားလည်ညီမျှတဲ့ချစ်သူဘ၀ဆိုတာဟာ နှစ်ဦးလုံးရဲ့ ကိုယ်ကျင့်တရားတွေပါပဲ၊ အမျိုးသားရော..အမျိုးသမီးတွေပါ ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ စည်းကမ်းချက်တွေနဲ့ အညီ ဥပဒေနဲ့ ဓလေ့ထုံးတမ်းတွေအရ ထိမ်းမြားခြင်းတွေပါ..၊ ယခုမြင်…ယခုတွေ့…ယခုပဲယူဆိုသည့် မည်သည့်အရာမျှ ဆင်ခြင် တုံတရားကင်းမဲ့တဲ့အရာမျိုးတွေမဟုတ်ကြတော့ပါဘူး..သို့ပေမယ့်လည်း မြင်တွေ့၊ ကြားတွေ့နေရသောအရာများသည် ထိုသို့ပင် ဖြစ်နေခဲ့ကြသည်…။




ကျွန်ုပ်တို့ရဲ့ ဥပဒေဘောင်အပြင်ဘက်မှာ ပြောဆိုနေကြသော….လပေါင်း(၆)လကြာရင် တရားဝင်ထိမ်းမြားလက်ထပ်ခြင်းမရှိဘဲ နှစ်ဦးသဘောတူအတူတကွနေထိုင်ပြီးရုံမျှနဲ့ ပေါင်းသင်းနေထိုင်ကြသည်ဟု မှတ်ယူကြသည်တဲ့….လပေါင်း(၃)လကြာသည့်အခါ အမျိုးသားနှင့်အမျိုးသမီး..တစ်အိမ်တည်းတွင် အတူမနေရုံမျှနှင့်ပင် ကွဲကွာသွားကြသည်ဆိုသည်တဲ့…၊ ထိုအကြောင်းအရာကို ဦးတည်ပြီး (၃)လမျှအတူမနေရုံနှင့် ကွဲကွာသွားသည့် အမျိုးသမီးတွင် ရက်ပေါင်း(၂၈၀)အတွင်း ကိုယ်ဝန်ဆောင်လာခဲ့ပါက အတူမနေရုံမျှနှင့် အခြားသူနှင့်အတူနေသည်ဟု ပြောဆို၍မရ၊ မူလအမျိုးသားနှင့်သာသက်ဆိုင်သည်ဟုလည်း သက်သေခံ ဥပဒေကလည်း ပြောဆိုထားသည်ကိုလည်း ထိုသူတို့ နားလည်ထားသင့်ပေသည်။ ၎င်းတို့၏ဥပဒေဘောင်အပြင်ဘက်မှ စကားများသည် လက်ရှိကျင့်သုံးနေသောဥပဒေနှင့် ကွာခြားချက်တွေရှိလှပါသည်၊ ထိုသို့သော အများပြောစကားများကို မြန်မာအမျိုးသမီးလေးများက မျက်လုံးစုံမှိတ်ယုံကြည်ကာ…living togetherတဲ့လေ..။

အမှန်ဆိုတော့..ထိုအကြောင်းအရာတွေဟာ မြန်မာဓလေ့ထုံးတမ်းဥပဒေမှာ သတ်မှတ်ပြဌာန်းထားခဲ့တာမဟုတ်ပါဘူး၊ အမှန်တကယ် ထိုသူတို့ရဲ့ယူဆချက်အတိုင်းဆိုလျှင်ပင်…နောက်ကွယ်မှာ ကာလစည်းကမ်းသတ်ဆိုသည့်ဥပဒေကလည်း ထပ်မံ၍ ကပ်ငြိပါလာနိုင်ပါသေးတယ်၊ တရားဝင်ထိမ်းမြားမှုမရှိခြင်း၊ တရားဝင်ထိမ်းမြားခဲ့သည်ဟု လှည့်ဖြားယုံကြည်စေခြင်း၊ ထိုသို့ ယုံကြည်စေသဖြင့် ကာမစက်ယှက်ခွင့်ပြုခြင်း၊ ကာမစက်ယှက်ခြင်းတွေဟာ… ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၃အရ ထောင်ဒဏ် (၁၀)နှစ်အထိ ကျခံစေနိုင်ပါတယ်။ ဥပဒေဆိုတာ ကျွန်ုပ်တို့အတွက် တစ်ခုတည်းမဟုတ်သလို..ယူဆချက်သည်လည်း တစ်ခုတည်းမဟုတ်ပါဘူး၊ ဥပဒေအရ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ အထူးဥပဒေ၊ တရားမကျင့်ထုံးဥပဒေ စသည့်ဥပဒေပေါင်းမြောက်မြားစွာနှင့်တကွ…စီရင်ထုံးကိုးကားချက်တွေကလည်း ခေတ်နှင့်အညီ ပြောင်းလဲပြင်ဆင်အတည်ပြုခဲ့တဲ့ အကြောင်းအရာတွေပါပဲ၊ ထိုသို့ မြောက်မြားစွာသောဥပဒေတွေကို မြန်မာအမျိုးသမီးတိုင်း နားမလည်နိုင်ပေမယ့်…ဖတ်ရှုနားလည်ဗဟုသုတများစွာ ရယူပြီး မိမိတို့၏ ကာကွယ်ခုခံပိုင်ခွင့်တွေနဲ့အတူ မိမိတို့ဘက်မှလည်း အသိတရား၊ ဆင်ခြင်တုံတရားများဖြင့် ဘ၀ကို ရိုးသားစွာဖြင့် ခရီးဆက်နိုင်ကြပါစေလို့ ရေးသားတင်ပြလိုက်ရပါတယ်…..။

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ