Popular Posts

Thursday, January 31, 2013

htbcomputer_9

Unknown | 6:37 AM | Best Blogger Tips


CPU Cooler တပ်ဆင်မယ်
ဒီအခန်းမှာတော့ CPU Fan ကိုတပ်ဆင်ကြမယ်၊ အောက်မှာ CPU Cooler ပုံကိုဥပမာ ကြည့်ပါ၊

အထက်က ပုံကတော့ CPU Cooler ပုံပါ၊ သူ့နဲ့ အတူ အောက်က ပုံစံပစ္စည်းပါလာတတ်ပါတယ်၊






အထက်က ပစ္စည်းက CPU Cooler နဲ့ အတူပါလာတဲ့ ပစ္စည်းပါ၊ သူက Intel Motherboard အတွက်ပါ၊ အခု တပ်ဆင်နေတာက AMD Motherboard ဖြစ်တဲ့အတွက်အဲ့ဒါကိုသုံးဖို့မလိုဘူး၊ အခု CPU Cooler ကို CPU ပေါ်မှာ ကပ်ရမှာ ဒီလိုကပ်ဖို့အတွက် ကော်တော့လိုတယ်၊ အဲ့ဒီ့ကော်ကလဲ CPU Cooler ၀ယ်ရင်ပါလာတတ်ပါတယ်၊ အောက်မှာတော့ ဥပမာ ကြည့်လိုက်အုံး၊

အထက်ကပုံကတော့ အထူးအခြား မဟုတ်ပါဘူး၊ စက္ကူထဲမှာထည့်ထားတဲ့ ကော်ပါ၊ သူ့ကိုတော့ စက္ကူကိုဖြဲပြီးအလွယ်သုံးရုံပါပဲ (ဘယ်လိုဖြဲလဲတော့မသင်ပေးတော့ဘူး၊ ရွှေစိတ်တော် ကြိုက်သလိုသာဖြဲ) အဲ့ဒီ့ကော်ကို CPU Cooler ရဲ့အောက်မှာသုတ်လိမ်းလိုက် အောက်ကအတိုင်း



အထက်က ပုံအတိုင်း ကော်ကို  CPU Cooler ရဲ့အောက်ဘက်မှာ သေချာနှံ့အောင်သုတ်လိမ်းရပါတယ်၊ ပြီးရင်တော့ CPU မှာကပ်လိုပ်ပါ၊ အောက်က အတိုင်း၊




အထက်က အတိုင်း CPU ပေါ်ကို Cooler ကိုတပ်ဆင်ပြီးသွားရင် CPU Cooler ရဲ့ ညာဘက်နဲ့ ဘယ်ဘက်တို့မှာပါတဲ့ အနက်ရောင်ခလစ်လေးတွေကို Motherboard မှာပါတဲ့ ခလစ်တပ်တဲ့အပေါက်နဲ့ချိတ်မိအောင်ဖိချပေးရပါမယ်၊ ပြီးရင်တော့ CPU ကိုအောင်မြင်စွာတပ်ဆင်ပြီးသွားပါပီ၊ Intel Motherboard မှာဆိုရင် အဲ့ဒီ့လိုခလစ်လေး လေးခုပါပါတယ်၊
ပြီးရင်တော့ CPU Cooler ကို Motherboard နဲ့ ချိတ်ဆက်ပါမယ်၊ ဒီတစ်ခါချိတ်ဆက်တာက ၀ါယာကြိုးကိုချိတ်ဆက်မှာပါ၊ အောက်မှာ ချိတ်ဆက်ရမယ့် ၀ါယာကြိုးခေါင်းကို မြားအနီနဲ့ ပြထားတယ်၊ ကြိုးတွေကိုမရှုပ်အောင် Rubber ban (သရေကွင်းလေးနဲ့ စည်းထားတယ်) အဲ့ဒီ့ သရေကွင်းကိုခဏဖြုတ်လိုက်၊





အထက်မှာပြထားတဲ့အတိုင်းဖြေပြီးသွားရင် ၀ါယာကြိုးခေါင်းလေးကို အစိမ်းရောင်မြားပြထားတဲ့  အတုံးလေးနဲ့ ချိတ်ဆက်ရမှာပါ၊ ၀ါယာကြိုးရဲ့ခေါင်း မှာ Pin ထည့်မယ့် အပေါက်လေးလေးခုပါမယ်၊ Motherboard မှာတော့ Pin လေးလေးခုတွေ့ရမယ်၊ (ထည့်ရမယ့်နေရာမှာစာတွေလဲ အတိအကျ ရေးပြထားတယ်၊) Pin တွေကို မကျိုးအောင်ဖြည်းဖြည်းခြင်းထည့်ပါ၊ သူ့ခေါင်းနဲ့ သူ့ပင် ချိတ်ဆက်တာ လွယ်လယ်လေးပါ ဖြည်းဖြည်းတော့လုပ်ပေါ့၊





အထက်က အတိုင်း CPU ၀ါယာကို Motherboard မှာချိတ်ပါ၊ ပြီးရင်ဖြင့် ၀ါယာကြိုးကို  သရေကွင်းနဲ့ သပ်သပ်ရပ်ရပ်ပြန်ချီပါ၊ မဟုတ်ရင် ပန်ကန် လည်နေတုန်း ပန်ကာထဲဝင်သွားမယ်၊

No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ