Popular Posts
Showing posts with label ဓာတ္ပုၤဆုိင္ရာ. Show all posts
Showing posts with label ဓာတ္ပုၤဆုိင္ရာ. Show all posts
Friday, February 22, 2013
Photoshop နဲ့  ပတ်သက်သော စာအုပ်များ ( မြန်မာလို)
Unknown | 6:56 AM | Best Blogger Tips
Photoshop နဲ့  ပတ်သက်တဲ့ စာအုပ်တွေပါ..........
ခုတင်ပေးလိုက်တာတွေ အားလုံး လေ့လာနိုင်ရင် Photoshop ကို တတ်ကျွမ်းပြီလို့  ဆိုနိုင်ပါတယ်.....
နည်းပညာတွေက လေ့လာမယ်ဆိုရင် မကုန်နိုင်အောင်ပဲ များပြားလှပါတယ်.........
ကိုယ် လက်လှမ်းမှီသလောက် လေ့လာအောင် ရည်ရွယ်ပြီးတင်ပေးတာပါ........
မသိသေးတဲ့သူတွေ အတွက်ပေါ့
စိမ်း ခွဲပေးထားတာက တစ်ခုကိုလေ့လာရင် တစ်စုလုံးလေ့လာရမှာမို့ လို့ ပါ... သူ့ အစုနဲ့  သူပေါ့........
Photoshop Animation ပြုလုပ်နည်းပါ
သူငယ်ချင်းများ အားလုံး အတတ်ပညာ၊ အသိပညာ ဗဟုတုတများ နှင့် ပြည့်စုံ ကြွယ်ဝ နိုင်ကြပါစေ..ခင်ဗျာ
Wednesday, February 20, 2013
Business Card Designer Plus v10.2
Unknown | 9:08 AM | Best Blogger Tips
Business Card ဖန်တီး ချင်သူများအတွက် ဆော့ ဝဲလ်လေး
စိတ်ဝင်စားရင်ဒေါင်းပေါ့ ဗျာ..မသိသေး မရှိသေးတဲ့ လူများ အတွက် ရည်ရွယ်ပါသည်..
အဆင်ပြေကြပါစေ..ဆန္ဒများစွာဖြင့် ဘလော့ဂါ ဒီမှာ
ဆိုတဲ့ စာသားလေးကို နှိပ်ပြီးဒေါင်းလိုက် ပါ..
photo psd file ဖိုတိုရှော့ အသင့် သုံးဖိုင်များ ဒေါင်းရန် လင့် များ
Unknown | 9:05 AM | Best Blogger Tips
ကဲ ဖိုတိုရှော့ သမား တွေ စိတ်ကြိုက်ပေါ့ ဗျာ..
စိတ်ဝင်စားရင် ဆွဲသာ ဆွဲ မင်းဂရုမစိုက်နဲ့ နော်..
အဆင်ပြေကြပါစေ အားလုံးအတွက် အဆင်ပြေအောင်မြင်စေချင်တဲ့ 
ညီသူ..
အောက်ပါ လင့် မှ ဒေါင်းယူရန်..
အပုံလေး ကို နှိပ်ပြီး ဒေါင်းလုပ် လင့် စာအုပ် ကို ရယူပါ..
Destop Background ကိုယ်ပိုင် ဖန်တီးခြင်း
Unknown | 8:29 AM | Best Blogger Tips
အခုတင်ပြမဲ့နည်းလေးကတော့ မိမိကွန်ပျူတာ Destop Background ကို 
မိမိကြိုက်နှစ်သက်တဲ့ ပုံတွေကို Frame နဲ့ထားပြီးလုပ်တဲ့နည်းလေးပါ။
                               ဆိုဒ်ကသူငယ်ချင်းအားလုံးကြိုက်နှစ်သက်မယ်လို့မျှော်လင့်မိပါသည်။
ဆော့ဝဲကိုဒေါင်းလို့ပြီးတာနဲ့ Run လိုက်ပါ။
ပြီးရင်း Free Photo Frame လို့မိမိကွန်ပျူတာ Destop ပေါ်မှာပေါ်ပါလိမ့်မယ်။
အဲဒါကိုဖွင့်လိုက်ပါ။
အဲလို Frame ပေါ်လာရင်း Select Photo ကို 2ချက်ကလစ်လိုက်ပါ။
အဲမှာ မိမိကြိုက်တဲ့ Frame ဒီဇိုင်းအမျိုးမျိုးကို
ရွေးလို့ရပါတယ်။
ကြိုက်တဲ့ဒီဇိုင်းတစ်ခုကိုယူလိုက်ပါနော်။
ဒီဇိုင်းရွေးပြီးရင်း Single Photo ထား။
Open Photo ကိုနှိပ်
မိမိကွန်ပျူတာက ကြိုက်တဲ့ပုံထည့်လိုက်ပါ။
ပြီးရင်းတော့ Ok ကိုနှိပ်လိုက်ပါ။
မိမိထားတဲ့တဲ့ Destop Background ကိုပိတ်ချင်တယ်ဆိုရင်း
Left Click နှိပ်ပြီး Exit ကိုနှိပ်လိုက်ပါ။
ဒါဆိုရင်းတော့ ပြီးပါပြီး။
အားလုံးဘဲကြိက်နှစ်သက်မယ်လို့မျှော်လင့်မိပါတယ်။
ဆော့ ဝဲလ်ဒေါင်းရန်... ဒီမှာ
အမေးအဖြေ
Unknown | 8:27 AM | Best Blogger Tips
ကြယ်စင်: photoshop cs5လေးတင်ပေးပါလားအကို..
ကဲဒေါင်းလိုက်ပါဦးနော်..
အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ် ပိုတေးဘဲလ် ဆိုတော့ ပိုကောင်းမယ်ထင်တယ်
ဒေါင်းရန်.. ဒီမှာ
Photoshop Text Color
Unknown | 7:32 AM | Best Blogger Tips
Text Color နည်း လေးပါ ။
Photoshop file တစ်ခုကို ဖွင့်လိုက်ပါ ။ Background Color #000000 ရွေးလိုက်ပါ ။
T key ကိုနှိပ်ကာ Text tool ဖြင့် ညီမိုး ဟုရေးလိုက်ပါ၏ ။
အောက်ပါပုံမှာတော့ King Thanda Font နှင့် Font size 200 pt ကိုသုံးထားပါ၏ ။
Layer ===> Layer Style ===> Gradient Over Lay ===> Gradient===> Gradient
Editor မှ Color ကို စိတ်ကြိုက်ရွေးချယ်လိုက်ပါ ။
ပြီးလျှင် Ok နှိပ်လိုက်ပါ
စာလုံးမှာ ရွေးချယ်လိုက်တဲ့အရောင်အတိုင်းတွေ့မြင်ရမှာဖြစ်ပါ၏ ။
ဒီနည်းလေးက စာလုံးတစ်လုံးချင်းစီကို ကာလာတစ်မျိုးနည်းမဟုတ်ပဲ colorful
အနေနဲ့ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ် ။
 Credit:   http://wundwintownship.com/
              http://multiplygroups.multiply.c
ဓာတ်ပုံဒီဇိုင်းလှလှတွေ ဖန်တီးချင်သူများအတွက်
Unknown | 7:26 AM | Best Blogger Tips
ဒီဆော့ဝဲလေးကတော့ ဓာတ်ပုံကို ဒီဇိုင်းလှအောင် ပြင်တဲ့အခါ ပန်းဘောင်လှလှလေး
အရုပ်ကလေးတွေ ပန်းကလေးတွေ ထူးဆန်းတဲ့ရောင်ခြည်လေးတွေနဲ့  ပုံကိုလှစေဖို့ 
အထူးသင့်လျှော်တဲ့ဆော့ဝဲလေးပါ ၊ စာလုံးဒီဇိုင်းမှာ မြန်မာလို့ ပြောင်းရေးတာမရဘူး
လေ့လာလိုသူတွေ သေချာလေ့လာကြည့်ပါ။  ဒီဇိုင်းဆိုတာ ရေးဆွဲသူရဲ့  စိတ်ကူးပေါ်
မူတည်ပီး လှပလာမှာပါ ။ ဖိတ်စာ လိပ်စာ ကတ်တွေအတွက်လည်း အဆင်ပြေနိုင်၏
ပန်းဘောင်လှလှလေးတွေ ပါလာတာမို့  ဖိတ်စာ အလှပြန်ဆင်လို့ ရတယ်၊ လိုချင်သူ
ဒီဇိုင်းဆွဲတာဝါသနာပါသူတွေအတွက် အဆင်ပြေတဲ့ ဆော့ဝဲကောင်းလေး တစ်ခုပါ
Full Version ဖြစ်စေို့ အထဲမှာ ကီးထည့်ပေးထားပါတယ်.....။
ဒေါင်းရန်.. ဒီမှာ
Thursday, February 7, 2013
Photoshine 4.0 ( Full Version ) -Software
Unknown | 6:45 AM | Best Blogger Tips
Photoshine ဆိုတာကတော့ Photo တွေကို Frame တွေနဲ့ ကွဲပြားခြားနား တဲ့ ပြုပြင်မှု ပုံစံတွေကို ဖန်တီးနိုင်မယ့် Software တစ်ခုပဲဖြစ်ပါတယ်။ Built-in အနေနဲ့ 9 themes (styles) နဲ့ လှပတဲ့ templates ပေါင်း 680 ပါဝင်ပါတယ်။ ကျနော် အောက်မှာ နမူနာ ပုံလေးတွေနဲ့ ပြထားပါတယ်။ ကလစ်တစ်ချက် နှိပ်ရုံနဲ့ လွယ်ကူစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စိတ်ဝင်စားရင်တော့ အောက်မှာ ယူသွားလိုက်ကြပါ။ ပျော်ရွှင်ကြပါစေ..။
အဆင်ပြေကြပါစေ အားလုံးအတွက် ညီသူ
ဆော့ဝဲလ်ဒေါင်းရန်... ဒီမှာ
ပုံတူပွားခြင်းနဲ့ ပတ်သက်သမျှ သိစရာ
Unknown | 6:33 AM | Best Blogger Tips
ပြီးရင် အဲဒီပုံလေးပုံကို ပေါင်းမယ်ဗျာ။ အဲဒီလိုပေါင်းတဲ့အခါ ဘယ်ပုံကို အောက်ဆုံးမှာ ထားရမလဲဆိုတာကိုတော့ သေချာရွေးဗျာ။ ဒီနမူနာမှာတော့ အောက်ဆုံးပုံအဖြစ် ဒီပုံကိုထားလိုက်တယ်။
ပြီးရင် နောက်ထပ် အဲဒီ Layer ထက် ရှေ့နည်းနည်းရောက်မယ်ထင်တဲ့ Layer တစ်ခုကို သူ့အပေါ်မှာ ထပ်တင်မယ်ဗျာ... အဲ... တင်ပြီးတဲ့အခါ အဲဒီ Layer ရဲ့ Opacity ကို 60% လောက်ခဏထားကြည့်ပြီး အောက်က ပုံနဲ့ တစ်ထပ်တည်း ကျမကျ ကြည့်ရမယ်။ မကျရင်တော့ ရွှေ့ရမယ်ပေါ့ဗျာ။
ပြီးရင် အဲဒီ Layer ရဲ့ Opacity ကို 100% မှာ ပြန်ထားမယ်... ပြီးတော့ Layer Mask တစ်ခုခေါ်ပြီး မလိုတဲ့ အခြမ်းတွေကို ဖျက်ပစ်မယ်ဗျာ။ ဒီမှာ တစ်ခုတော့ ပြောရမယ်... တကယ်လို့သာ Photoshop CS3 ကို အသုံးပြုမယ်ဆိုရင်တော့ Auto-Align Layers နဲ့ အလွယ်တကူ အဆင်ပြေပြေပဲ ဒီအဆင့်တွေကို ဦးမစားဘဲ လုပ်လို့ရမယ်ဗျာ။
အဲလိုပဲ... နောက်ထပ် Layer တွေကိုလည်း အထက်ကအတိုင်းလုပ်မယ်။ ပြီးရင် Layer Mask သုံးပြီး မလိုတဲ့နေရာတွေကို ဖျက်ပစ်မယ်။ ဒီလိုမျိုးဗျာ...
အဆုံးသတ် ဖန်တီးပြီးသွားရင်တော့ ပုံအတိုင်း တွေ့ရမှာပေါ့ဗျာ...
KZO: ဟိုက်ရှားဘား... ရေရေလည်လည်ကို လန်းတယ် ဆရာသမားရေ... ကျုပ်လည်း ကိုယ်ပွားတွေ ဖန်တီးကြည့်လိုက်ဦးမယ်။ တကယ်လို့ လူတွေအများကြီး ပါမယ်ဆိုရင် ခက်လည်းခက် ရှုပ်လည်းရှုပ်ကုန်မှာပေါ့နော်...
HTN: အင်း... လူချင်းမထပ်အောင်တော့ ဓာတ်ပုံရိုက်တဲ့အခါ သေချာနေရာရွေးပေါ့ဗျာ... အဓိကကတော့ Tripod ဆိုတဲ့ ထောက်တိုင်နဲ့ သုံးပြီးရိုက်ဖို့ပဲဗျ။ ပြီးတော့ ပတ်ဝန်းကျင် အလင်းအမှောင် အပြောင်းအလဲမမြန်တဲ့နေရာမျိုးမှာပေါ့ဗျာ။ ဒီမှာ နမူနာတွေ ရှိသေးတယ်... ကြည့်သွားဦး...
KZO: အင်း... ဒါကြောင့်လည်း ဆရာဟန်၊ ဆရာဟန်ဆိုပြီး နာမည်ကျော်နေတာကိုး... မြန်မာပြည်မှာ မျောက်မင်းဝူခုံးကားရိုက်ရင်... ဆရာ့ကိုခေါ်သုံးမှပဲ...
HTN: တော်... တော်တော့ ပုဂ္ဂိုလ်... အပိုစာသားတွေ၊ စာသားအပိုတွေ အခုရပ်...
KZO: အေးပါဗျာ... ကျုပ်လည်း တော်တော်အသွင်ထူးတဲ့ ကျော်ဇင်ဦးဖြစ်သွားအောင်... ပေါ်တင်ကူးလိုက်တော့မယ်ဗျာ...
HTN: အဟား... ဟား... ဟား...
မူရင်း...  http://www.mmphotoshop.net/
Photoshop Animation နဲ့ Slide Show လုပ်ကြမယ်
Unknown | 6:31 AM | Best Blogger Tips
Photoshop Animation နဲ့ Slide Show လုပ်ကြမယ်
Photoshop ကို အသုံးပြုပြီး Video Slide Show ပုံစံလေးများပြုလုပ်ချင်ကြမလားမသိဘူးဗျ ။
Slide Show ပြုလုပ်မယ့် ပုံကို File Menu အောက်မှ Open ကိုနှိပ်ပြီး ဒါမှမဟုတ် Ctrl နှင့် o
Key ကို တွဲနှိပ်ကာ Photoshop Program ထဲ အရင်ထည့်လိုက်ပါ ။
animation-1
ထို့နောက် Ctrl နှင့် J Key ကိုတွဲနှိပ်ကာ မူလပုံကို Layer အသစ်ပွားယူလိုက်ပါ ။
animation-2
Foreground Colr ကို #000000 ရွေးလိုက်ပါ ။ Background Layer ကို ပြန်ရွေးပြီး
Alt နှင့် Backspace Key တို့ကို တွဲနှိပ်ကာ Layer တွင် အရာင်ဖြည့်ပေးလိုက်ရမှာဖြစ်ပါတယ် ။
animation-3
Background Layer၏ အပေါ်တွင် Layer အသစ်ယူရန်အတွက် Layer Menu မှ New Layer (သို့)
Shift , Ctrl နှင့် N Key တို့ကို တွဲနှိပ်လိုက်ပါ ။ Layer Name ကိုတော့ Layer 2 လို့ပဲပေးလိုက်ပါတယ်။
Eliptical Marquee Tool ကို ရွေးလိုက်ပါ ။ Layer 2 တွင် Shift Key ကိုနှိပ်ပြီး လိုချင်တဲ့
အရွယ်အစားကိုMouse နှင့် ဖိဆွဲပေးလိုက်ပါ ။ အသုံးပြုလိုတဲ့ Marquee အရွယ်အစားရလျှင် Alt နှင့်
Backspace တွဲနှိပ်ပြီး Foreground Color ဖြည့်ပေးလိုက်ပါ ။ Layer 2 မှာလည်း Foregrond
color ကို #000000 အား အသုံးပြုထားတာဖြစ်ပါတယ် ။
animation-4
Layer 1 အား Right Click နှိပ်ပြီး Create Clipping Mask ကို ရွေးနှိပ်လိုက်ပါ ။
Eliptical Marquee အား Slection အနေအထားနှင့်တွေ့မြင်ရမှာဖြစ်ပါတယ်
အောက်ပါပုံမှာတော့print screen လုပ်ထားတာဖြစ်တဲ့အတွက် Slection
ဧရိယာကိုမြင်ရမှာမဟုတ်ပါဘူး ။
animation-5
Layer 2 ကိုပြန်သွားလိုက်ပါ ။ Filter Menu အောက်ရှိ Blur ကိုရွေးလိုက်ပါ ။ Gaussian Blurကို
ဆက်လက်ရွေးချယ်ပေးလိုက်ပါ ။ ယခုပုံမှာတော့ Radius ပမာဏကို 9.5 pixels
သုံးထားတာဖြစ်ပါသည်။
Window Menu အောက်ရှိ Animation ကို နှိပ်လိုက်ပါ ။ Photoshop ​အောက်နားတွင်
Animation Bar ကိုတွေ့ရမှာဖြစ်ပါတယ် ။ Animation အကွက်ထဲမှ
Duplicates Selected Frames ကို နှိပ်ကာ Animation Frmae
အသစ်တစ်ခုယူလိုက်ပါ ။
Layer 2 မှ Marquee Slection ကို Move Tool သုံးကာ ရွေ့ပေးလိုက်ရမှာဖြစ်ပါတယ် ။
Slide Show ပြုလုပ်လိုတဲ့ နေရာကို သင့်တော်သလိုရွေ့ပေးလိုက်ပါ ။ Frame အကွက်တွေမှာ
Animation time ကိုတော့0.5 sec ရွေးပေးလိုက်ပါတယ် ။
animation-7
Frame အကွက်တွေမှာ Animation time ကိုတော့0.5 sec ရွေးပေးလိုက်ပါတယ် ။
ထို့နောက် File Type ကို Gif File နှင့် Save လုပ်ပေးလိုက်ပါ ။ ပုံကို Slide Show
Animation အနေနှင့် ရရှိမှာဖြစ်ပါတယ် ။
Photoshop တွင် EyeCandy Filter ကိုအသုံးပြုပုံ
Unknown | 6:30 AM | Best Blogger Tips
၁- File တစ်ခုကိုဖွင့်လိုက်ပါ ။ Type Tool ဖြင့် fire ဟု ရေးလိုက်ပါ။
၂- Filter ===> Alien Skin eye candy 6 : Text & Selection ===> Fire ကိုရွေးလိုက်ပါ ။
၃- Setting နှင့် Basic တွင် မီးတောက်အမျိုးအစားနှင့် နှစ်သက်ရာပုံစံကို ရွေးချယ်အသုံးပြုနိုင်ပါသည်။
@~~~~~~~~~~~~~~~~~~~~~~~~~~@~~~~~~~~~~~~~~~~~~~~~~~~~~~~~@
၁- File တစ်ခုကိုဖွင့်လိုက်ပါ ။ Type Tool ဖြင့် backlight ဟု ရေးလိုက်ပါ။
၂- Filter ===> Alien Skin eye candy 6 : Text & Selection ===> backlight ကိုရွေးလိုက်ပါ ။
၃- Setting , Basics နှင့် Color တို့တွင် နှစ်သက်ရာပုံစံကို ရွေးချယ်အသုံးပြုနိုင်ပါသည်။
@~~~~~~~~~~~~~~~~~~~~~~~~~~~~~@~~~~~~~~~~~~~~~~~~~~~~~~~~~~~~@
၁- File တစ်ခုကိုဖွင့်လိုက်ပါ ။ Type Tool ဖြင့် chrome ဟု ရေးလိုက်ပါ။
၂- Filter ===> Alien Skin eye candy 6 : Text & Selection ===> chrome ကိုရွေးလိုက်ပါ ။
၃- Setting , Basics , Lighting နှင့် Bevel Profile တို့တွင် နှစ်သက်ရာပုံစံကို ရွေးချယ်အသုံးပြုနိုင်ပါသည်။
Smoke , Drip , Glass စသည်ဖြင့် ဆက်လက်အသုံးပြုလို့ရပါသေးတယ်ခင်ဗျာ ။
@~~~~~~~~~~~~~~~~~~~~~~~~~~@~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~@
၁- File တစ်ခုကိုဖွင့်လိုက်ပါ ။ Type Tool ဖြင့် nyimoe ဟု ရေးလိုက်ပါ။
၂- Filter ===> Alien Skin eye candy 6 : Textures ===> Water Dropsကိုရွေးလိုက်ပါ ။
၃- Setting , Basics တို့တွင် နှစ်သက်ရာပုံစံကို ရွေးချယ်အသုံးပြုနိုင်ပါသည်။
    StoneWall , Wood စသည်ဖြင့် အခြားပုံစံများကိုလည်း အသုံးပြုလို့ရပါသေး၏ ။
@~~~~~~~~~~~~~~~~~~~~~~~~~~~~@~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~@
EyeCandyFilter မရှိသေးသော်သူများ eye-candy-6.0.0 ကို Download ယူလိုက်ပါ ။
http://www.mirrorcreator.com/files/8CBILEN3/eye-candy-6.0.0_2.rar_links
Tuesday, February 5, 2013
Photoshop CS 2 ကိုအခြေခံရှင်းထားတဲ့ Photoshop ဒီဇိုင်းဆွဲနည်း 15မျိုး
Unknown | 7:30 AM | Best Blogger Tips
ဒီစာအုပ်လေးက Cs2 ကိုအခြေခံပီး တကယ့်အသုံးဝင်တဲ့ နည်းပညာတွေကို ရှင်းပြ
ရေးပြထားတာပါ အထူးတတ်မြောက်ထားသင့်တဲ့ စာလုံးဒီဇိုင်းတွေရာသီဥတုပုံတွေ
သက်တံတွေ ကာတွန်းတွေ နှင်းကျနေတာ  ရေစက်ကျနေတာတွေကို အသေးစိတ်
ပြုပြင်ဖန်တီးဖို့  ဒီဇိုင်းလုပ်နည်း အဆင့်ဆင့်ပါ  ။Tools တွေက ကွားခြားမှု အများကြီး
မရှိတာကြောင့် CS =3-4-5-6 သမားတွေလည်း လေ့ကျင့်ရေးဆွဲနိုင်ပါကြောင်း.....။
၁ - Lighting ( လျှပ်စီးလက်ပုံ ဒီဇိုင်းလုပ်နည်း)
၂- Rainbow ( သက်တံ့ရောင်စဉ်ပုံ ပြုလုပ်နည်း )
၃- Water Reflection ( ရေအရိပ် ပုံအရှင်ပြုလုပ်နည်း)
၎-Moonlight Theme ( လပုံစံ ဒီဇိုင်း တစ်ခု ပြုလုပ်နည်း)
၅- Text on fire ( မီးလောင်နေတဲ့ စာလုံးဒီဇိုင်း ပြုလုပ်နည်း)
၆- Sketch Effect ( ခဲချစ်ပန်ချီ ဒီဇိုင်းပုံပြုလုပ်နည်း) etc................................/
စသဖြင့် အထူးပြုလုပ်ချက် 15 မျိုး ကို အသေးစိတ် ရှင်းပြထားပါတယ်
ဒီလင့်မှာ Download ယူပါ -ဒီမှာယူမယ်
Monday, February 4, 2013
Photoshop tool အကြောင်း စာအုပ်
Unknown | 6:43 AM | Best Blogger Tips
ဖိုတိုရှော့ သမား အတွက် ပါ စိတ်ဝင်စား ဆန္ဒရှိရင်ဒေါင်းပေါ့ ဗျာ
မသိသေး မရှိသေးတဲ့ လူများအတွက် ရည်ရွယ်ပါသည်..
အဆင်ပြေကြပါစေ..ဆန္ဒများစွာဖြင့်  ဘလော့ဂါ ညီသူ
ဒီမှာ
ဆိုတဲ့ စာသားလေးကို နှိပ်ပြီးဒေါင်းလိုက်ပါ
Saturday, February 2, 2013
Photoshop ၀ါသနာရှင်များအတွက် Adobephotoshop light room 4
Unknown | 9:37 AM | Best Blogger Tips
ဒီဆော့ဝဲလေးကတော့ Photoshop ၀ါသနာရှင်တွေအတွက် လိုရမယ်ရ သုံးနိုင်ရန်
ရှာဖွေတွေ့ ရှိသမျှကို ပြန်တင်ပေးလိုက်ပါတယ်။ မူရင်းဆိုဒ်ကိုသွားပြီး  ယူလိုက်ပါ
အင်စတောပြုလုပ်ပုံလည်း ပါနေတယ် ဆိုဒ်ကကြီးနေတော့လိုင်းမကောင်းရင်မရ
ဝယ်လိုက်တာပဲ မြန်မယ်ထင်တယ် အဆင်ပြေရင် ဆွဲစေ...................................။
http://daoudcompworld.blogspot.com/2012/03/adobe-photo
အခွေထုတ်ချင်သူများနဲ့ ဓာတ်ပုံနောက်ခံ သီချင်းလုပ်ချင်သူအတွက် Nero-7
Unknown | 9:36 AM | Best Blogger Tips
အပေါ်က နမူလာ သီချင်းပါ ဖလမ်းဖလမ်းမလို့ နားထောင်ကြည့်......................။
အခုက အသစ်တွေ 12 အထိထွက်နေပြီဆိုတော့ သိပ်အားမပေးတော့ပါဘူး ဒီဟာကို
စွဲလမ်းနေသူထဲမှာ ကျနော်လည်းပါပါတယ် ။ သုံးနေကျဆိုတော့ အသစ်ကို ပြောင်းဖို့ 
သိပ်စိတ်မပါသလို အသစ်ကိုမသုံးတတ်ဘူး သေချာတာကတော့ ဒီဟာကပိုပြီးတော့
လွယ်ကူတယ်။  ဒါပေမယ့် အခု  8 ကိုသုံးနေတာ အဆင်ပြေပါတယ် ။ ဒါကြောင့်မလို့ 
သူများဆိုဒ်က လင့်ပဲ ယူလာပါတယ် အင်စတောလုပ်ပါ ကီးဖြည့်ပါ........................။
ဒီလင့်မှာ Download ယူပါ - http://download.cnet.com-Nero 7
အင်စတောလုပ်ပြီ အောက်က ကီးများ ဖြည့်ပါ..............
1C80-E086-015A-0000-4001-A109-92X7
1C80-0000-19E5-MA2X-4006-3632-3745
1C80-0000-19E5-MA2X-4001-3140-7597
http://freeweelee.wordpress.com/2009/01/24/nero-7-serial-number/ 
Nero8 ရဲ့အသုံးဝင်မှု -  ဓာတ်ပုံနဲ့ နောက်ခံသီချင်းလုပ်နည်း(လေ့လာသင့်တယ်)
(1) Nero နဲ့  သီချင်း များ ဓာတ်ပုံများထည့်၍ Photo Slide Show လုပ်နည်း
ဒီဆော့ဝဲက ဓာတ်ပုံနဲ့  သီချင်း တွဲပြီး အခွေထုတ်ချင်ရင် အရမ်းလွယ်ကူပါတယ်
ဒီဇိုင်းကလည်း လန်းပါတယ် နမူနာဒီဇိုင်းလေးလည့် လုပ်ပြထားပါတယ် အခွေနဲ့ 
ထုတ်မယ်ဆိုရင်လည်း လွယ်တယ် အဖက်ဒီဇိုင်း တွေလည်း မျိုးစုံအောင်ပါတယ်
VCD နဲ့  DVD အဆင်ပြေသလိုလုပ်ကြည့်ပါ.........။အောက်ကလင့်မှာကြည့်ပါ.။
နမူနာကြည့်ကြည့်ပါ Sample Photo Slide Show (ကြိုက်သွားစေရမယ်..:P)
(2)လက်ရွေးစင် VCD သို့ မဟုတ် တရုတ်ဇာတ်လမ်းတွဲ DVD အခွေ ထုတ်ရန်
လက်ရွေးစင် သီချင်းလေးတွေကို  အခွေတစ်ခွေထဲမှာ စုပြီး ထုတ်မယ်ဆိုရင်လည်း
လွယ်ကူသလို လှပလွန်းပါတယ် ဒီဇိုင်းထွင်မယ်ဆိုရင်လည်း စိတ်ကူးကောင်းသလို
အဆန်းတွေ  လုပ်ပြလို့ ရပါတယ်   တရုတ်ဇာတ်လမ်းတွဲတွေလို  လုပ်လို့ ရပါတယ်
ချစ်သူကို လက်ဆောင်လုပ်ပေးရင်လည်း ဖလမ်းဖလမ်းထမှာ သေချာတယ် အခွေ
မှာ သူ့ ပုံလေးထည့်ပြီး မီနူး လုပ်ပေးမယ်ဆိုရင်အရမ်းလှပါတယ် ဟန်ဂျီအင်းပုံလေး
ထည့်ပြီး လုပ်ထားတာ သီချင်းနာမည်တွေကတော့  အစထဲက မြန်မာလိုပေးထား
ဖို့ လိုတယ်နော် မီးနူးကိုကြည့်ဖို့ အတွက်Remoteကနေ PBC ကိုနှိပ် ပေးရပါတယ်
အောက်စက်တွေ ပေါ်နေတာကြာပြီ ကျနော်သေချာပြောရဲတယ် သူ့ မှာပါလာတဲ့
ခလုတ်တွေကို စုံအောင်သိတဲ့သူ အတော်လေး၇ှားမှာပါ လူတိုင်းက သီချင်းဖွင့်ပြီး
ပိတ် ကျော်မယ် နောက်တစ်ပုဒ်ပြောင်း ဘာညာ သရကာပေါ့ အဲ့လောက်ပဲအသုံး
ပြုကြတာကိုတွေ့ ရပါတယ် ဒီစာကို ဖတ်ကြည့်နေတဲ့  ခင်များလည်း အတူတူပဲလို့ 
ကျနော်ထင်ပါတယ်(ဟုတ်ရင် ပြုံးလိုက်ပါ) ကျနော်လည်း လေ့လာပါတယ် သေချာ
အောင်လေ့လာနေပါတယ် သီချင်းခွေတွေ ဇာတ်လမ်းခွေတွေ ထည့်ပြီး PBC ကို
နှိပ်ကြည့်ပါ  အခု ကျနော်ပြောတဲ့  နည်းနဲ့  ထုတ်ရင်ပါတယ် ဘယ်ဆော့ဝဲနဲ့ လုပ်
ထားတယ်ဆိုတာပေါ့  အရင်ကတော့ Nero နဲ့ လုပ်ကြတယ်  အခုတော့ ဆော့ဝဲ
အသစ်တွေပေါ်လာပီ Directort တို့  Primere တို့  ..လေ့လာသင်ယူစရာတွေက
မကုန်နိုင်ဘူးဗျာကဲ သဘောကျတယ်ဆို လာတောင်း..အဲမှားလို့ ..သဘောကျ
ရင် ဆွဲသာဆွဲ........လူတော့ လာမဆွဲမဲ့..တေတွားမယ်..ဟွင်းဟွင်း.............။
(3)  အသံဖမ်းမယ် ကိုယ့်အသံကို Recording လုပ်ပြီး ချစ်သူဆီပို့ မလား
အသံဖမ်းမယ်ဆိုရင်လည်း ရပါတယ် Recording ပါလာသေးတယ်ဗျ မိုက်တပ်ပြီး
ပြောချင်ရာပြော အသံဖိုင်ကို  ကောင်မလေးဆီ (သို့ မဟုတ်) ကောင်လေးဆီကို
ပို့ ပေးလို့ ရပါတယ် လိုင်းမကောင်းတဲ့ အခါ အသံဖိုင်ပဲဖမ်းထားပြီး မေးထဲကနေ
ပို့ ပေးလိုက် ဟိုဘက်ကလည်း ဒေါင်းလုပ်ယူပြီး နားထောင်ပေါ့ အခွေနဲ့ ထည့်ပြီး
အောက်စက်ထဲ ထည့်ဖွင့်ရင် တစ်ရွာလုံး နားထောင်ရတာပေါ့ အဲ့တော့ လိုသလို
သုံးလို့ ရတယ် မလိုရင်လည်း မသုံးလို့ ရတယ် စာချုပ်မရှိဘူး..သဘော............။
(4) Photoshop လိုပဲ ဓာတ်ပုံတွေကို ပြင်ဆင်တည်းဖြတ်လို့ ရသေးတယ်
ဓာတ်ပုံပြင်တာကတော့ အခြေခံလေးတွေပါလာတယ် အသေးစိတ်တော့မရပါဘူး
ကိုယ်လည်း အသေစိတ် မရဘူးလေ ဖြတ်တာအရောင်ပြောင်းတာပဲရတာအဲ့တော့
ပါလာတာ ပြောတာပါ လိုသလောက်သုံးလို့ ရတယ် လို့ ပဲ ဆိုချင်ပါတယ် သေချာ
ထပ်ပြီးလေ့လာNero Photo Snapviewerလည်းပါလာတယ် ပုံတွေကိုဖွင့်လိုက်ရင်
Open With ကနေ ကြည့်ကြည့်ပါ.......။
(5) Song Mixer ဆိုပြီး အသံတွေကို ရောလို့  မွှေလို့ ရသေးတယ်ရောသမမွှေ ပေါ့
ရောတော့ ရောကြည့်တာပဲ နမူနာတင်ပေးမယ်ဆိုပြီး တော်ကြာ ကြိုက်သွား ဒွတ်ခ
အဲ့ကြောင့် မိမိဘာသာ လေ့လာရင်း ရောကြည့် မွှေကြည့်ပါလို့  ရေသမမွှေလို့  ရရင်
လက်တို့ ကြပါ လေ့လာဖို့  အချိန်မလောက်တာကြောက် မွှေတာဝါသနာ ပါသူများ
က မွှေလို့ ဝရင် ပြောဖို့ မေမေ့ကြနဲ့ နော...................................................။
(6) အခွေ Cover Design လုပ်ချင်လည်းရတယ် ( မြန်မာစာတော့ ပြောင်းမရဘူး)
ဒါကတော့ အခွေ ထုတ်ပြီးရင် အခွေမှာကပ်တဲ့ အရုပ်ဒီဇိုင်းလေးတွေ ဆွဲဖို့ လည်း
ပါသေးတယ် မြန်မာလို ဘာလို့ ပြောင်းမရတာလည်း မသိဘူး မြန်မာခွေတွေမှာ
ကပ်ထားတဲ့ဟာတွေ ဘာနဲ့ ဆွဲလည်းမသိဘူး သိသူများပါရင် မျှကြပါလို့ ပြောပြ
ကြပါလို့  ပြောရုံဆိုရပါပြီ မပြလည်း ကိစ္စမရှိ သဘောပေါက်လွယ်တယ်နော် ..:P
Miscrosoft Office Publisher မှာလည်းရတယ် နောက်မှ သေချာရေးပါအုံးမည်.။
ရေးရရင် အများကြီးကျန်သေးတယ် နည်းတွေကများလွန်းလို့  ယူထားကြပါလို့ 
ဖြတ်ညှပ်ကပ်လုပ် လိုက်တာ ၁၈၈ MB ပဲရှိတယ် လိုင်းတင်ရတာလည်း မလွယ်
ဘူး လိုင်းမကောင်းရင်တော့ ဆိုင်မှာဝယ်လိုက်ပါ မလေးမှာဆို ဆိုင်လမ်းညွှန်ရှိ
တယ် မြန်မာပြည်ဆို ရန်ကုန်မှာတော့ မ၀ယ်ဖူးဘူး တောင်ကြီးမှာတော့ရှိတယ်
ဟန်ဂျီအင်းကွန်ပျုတာထဲ Nero7 ထည့်တော့ ၀ယ်ဖူးတယ် ၅၀၀ပဲပေးရတာ အခု
ကဲကြိုက်ရင် လာတောင်း..တိန်...အဲမှားလို့ ဆွဲ..Mediafire မှာ တင်ထားတယ်...။
ဒီမှာ Download ယူပါ နီရို - ၈ ဖူးဗား၇ှင်း ကီး
လွယ်လည်းလွယ် ကောင်းလည်းကောင်းတဲ့ ဓာတ်ပုံ ပြုပြင် ဖြတ်တောက်နည်း
Unknown | 9:35 AM | Best Blogger Tips
ဓာတ်ပုံပြင်တာ ၀ါသနာပါသူများနဲ့ အခြေခံဘလော့ဂါတွေအတွက် အသုံးဝင်နိုင်တဲ့
နည်းလေးတစ်ခုကတော့Miscrosoft Office Picture Managerပါ စက်တိုင်းမှာလဲ
ရှိတတ်တယ် ။အရင်ပိုစ်မှာ ပြောဖူးသလို Miscrosoft Excel နဲ့ Miscrosoft Word
ရှိတဲ့ စက်တိုင်းမှာ များသောအားဖြင့် ပါလာတတ်ပါတယ်။အင်စတောလုပ်စဉ်အခါ
ဖြုတ်မထားခဲ့ဘူးဆို ပါလာပါလိမ့်မယ်။ပုံတစ်ပုံကို ပြုပြင်ဖို့ အတွက် ပြင်ချင်တဲ့ပုံကို
Right Click ထောက်  Open with  ကနေ Ms Office Picture Managerကိုယူပါ
ပြီးရင် အပေါ်က Tool bar မှာ Edit Picture ကိုနှိပ်ပြီး  ဖလမ်းဖလမ်း လုပ်လို့ ရပြီ
အသုံးဝင်တဲ့နည်းလမ်း - ၁
ပုံကို ဘယ်ညာပြောင်းလို့ ရပါတယ် လူနှစ်ယောက်ရိုက်ထားတဲ့ပုံဆိုင် ဟိုဘက်ကလူ
ဒီဘက်ရောက်လာပြီး ဒီဘက်ကလူက ဟိုဘက်ကို ရောက်သွားတယ် အခုပြထားတဲ့
မင်းသမီးပုံလိုပဲ  ပထမပုံမှာ ငှက်ပျော်သီးကို  ညာလက်ကကိုင်ပီး လက်ပတ်နာရီကို
ဘယ်လက်မှာ ပတ်ထားတယ် အဲ့တာကို ပုံထဲကအတိုင်း ပြောင်းလို့ ရတယ် .......။
အသုံးဝင်တဲ့နည်းလမ်း - ၂ 
နောက်တစ်ခုကတော့ ကာလာပြောင်းတာ မီးအလင်းအမှောင်ချိန်တာ ရုပ်မှုံတာကို
ကြည်အောင် ပြင်ပေးတဲ့နည်းပါ ပုံမှာပြထားတဲ့ သရဲနီ သရဲဝါလို နောက်ထပ်ကလိ
သရဲဖြူ သရဲစိမ်း ထပ်ပီးလုပ်လို့ ရပါတယ် စိတ်ကူးရသလို စမ်းသပ်သုံးကြည့်ပါ...။
အသုံးဝင်တဲ့နည်းလမ်း - ၃
နောက်တစ်နည်းက ပုံတွေကို ဖြတ်တဲ့နည်းပါ ပုံမှာ သုံးယောက်ဆိုရင် ဘေးကပုံကို
ဖြတ်လိုက်လို့ ရတယ် ။ဘလော့ဂါတွေအနေနဲ့ လည်း ပုံတွေရိုက်ပြီး လိုတဲ့နေရာကို
စိတ်ကြိုက်ဖြတ်နိုင်တယ် ။လွယ်လည်းလွယ်သလို ပေါ့ပါးတဲ့နည်းပါ တခြားနည်းလဲ
ရှိပါသေးတယ် သို့ သော်လည်း ဒါက အဆင်ပြေဆုံး အလွယ်ဆုံးနည်းလမ်းပါ .....။
အသုံးဝင်တဲ့နည်းလမ်း - ၎
နောက်တစ်နည်းကတော့ ပုံကို ဆိုဒ်ပြင်တာပါ ဘလော့အတွက် ခေါင်းစီးပုံကို ပြင်ဖို့ 
ဒီနည်းသုံးလို့ လည်းရပါတယ်  ။ ကျနော်တန်းပလိပ်အကျယ်က  တစ်ထောင်ဆိုရင်
ပုံအကျယ်က  တစ်ထောင်ဖြစ်ရပါမယ်။ ၁၂၀၀ ဖြစ်နေရင်  တန်းပလိပ်နဲ့ ထည့်တဲ့ပုံ
မညီပဲ ဖြစ်နေတတ်ပါတယ် ။ သို့ မဟုတ် ပုံက သေးနေပြန်ရင်လည်း  အပေါ်ကပုံနဲ့ 
အောက်က ဘလော့တန်းပလိပ်အကျယ် မညီရင် ကြည့်မလှပါဘူး အဲ့လိုအခါမျိုးမှာ
ပုံရဲ့အရှည်နဲ့ အမြင့်ကို ဒီနည်းနဲ့ သုံးနိုင်ပါတယ် နောက်ထပ်အများကြီး ရှိသေးတယ်
အသုံးဝင်ဆုံး ၄ မျိုးထုတ်ပြတာပါ အဆင်ပြေသလို ဆက်လေ့လာကြည့်ပါ..........။
ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်
ထိုဟာလေးလိုချင်ရင်လာခဲ့ပါ