Motherboard Installation
ဒီအခန်းမှာတော့ Motherboard ကို Case ထဲကိုထည့်မယ်၊ အောက်မှာ Case ထဲကိုထည့်ဖို့အတွက်ပြင်ဆင်ထားတဲ့ Case ရဲ့ပုံကိုကြည့်ပါ၊

အထက်က ပြထားတာကတော့ Case ကိုဖွင့်ပြီး Motherboard တပ်ဆင်ဖို့အတွက်အဆင်သင့်လှဲထားတဲ့ပုံစံပါ၊ ကြိုးတွေကိုတော့ ဖယ်ထားလိုက်ပါ၊ Case ထဲမှာမရှိစေနဲ့ ဒါမှ Motherborad ထည့်လိုက်တဲ့အခါ မပိမိမှာ၊ အထက်က ပုံစံအတိုင်း Motherboard ထည့်မယ့်နေရာကိုပြင်ဆင်ပြီးသွားပီ ဆိုရင်ဖြင့် Motherboard ကိုထည့်လို့ရပါပီ၊ Motherboard မှာရှိတဲ့ USB တပ်မယ့်အပေါက်, နားကြပ်တပ်မယ့် အပေါက်, Monitor အပေါက် စသဖြင့် အပေါက်တွေအားလုံးနဲ့ Case မှာရှိတဲ့ အဲ့ဒီ့ အပေါက်တွေ ရှိတဲ့ဘက်ကိုချိန်ပါ၊ အောက်က အတိုင်း

အထက်က အတိုင်း နေရာမှန်ကို ကြီုးတပ်ရမယ့်နေရာတွေနဲ့ တွဲပြီးချိန်ပါ၊ အားလုံး အိုကေပီဆိုရင်ဖြင့် Motherboard ကိုထည့်လို့ရပါပီ၊ ပြုတ်မကျစေနဲ့ ဖြေးဖြေးထည့်ပါ၊ Motherobard မှာပါတဲ့ မူလီကြပ်မယ့် အပေါက်တွေနဲ့ Case မှာပါတဲ့ မူလီတပ်တဲ့အပေါက်တွေကို သေချာ တည့်အောင်ထည့်ပါ၊ အောက်က အတိုင်း

အထက်က အတိုင်း Motherboard ကို Case ထဲကိုထည့်ပြီးသွားရင်ဖြင့် Case ကိုဝယ်တဲ့အခါပါလာတဲ့ Motherboard အတွက် Screws (၀က်အူ) လေးတွေရှိတယ်၊ အောက်က မျိုး

အထက်က လို ၀က်အူတွေကိုသုံးပြီး Motheboard ကို Case မှာတပ်ဆင်ရပါမယ်၊ ဖြေးဖြေးတပ်ပါ၊ ပြီးရင်တော့ အောက်က အတိုင်းတွေ့ရမယ်၊

ပြီးရင်ကြိုးတစ်ချောင်ခြင်းတပ်ရမယ်၊ တစ်ချို့ ကြိုးတွေက သင်ဝယ်လာတဲ့ Case နဲ့ အတူပါလာချင်မှပါလားမှာပါ၊ အခု case pin ကိုစတပ်မယ်၊ အောက်မှာ Case Pin ရဲ့ ပုံစံနဲ့ တပ်ရမယ့်နေရာပါ၊

အထက်မှာကိုင်းပြထားတာကတော့ Case Pin ပါ၊ သူက CPU Pin နဲ့ တူပါတယ်၊ အနီရောင်မြားပြထားတဲ့နေရာမှာ Case Pin ကိုတပ်ဆင်ရမှာပါ၊ ပြီးရင်တော့ USB ကြိုးတွေကိုတပ်ဆင်မယ်၊ အောက်မှာပြထားတယ်၊

အထက်က လိုကြိုးမျိုးကတော့ USB Port အတွက်ဖြစ်ပြီး Motherboard မှာ တပ်ဆင်ပေးရမှာပါ၊ တပ်လိုက်ပါ၊ မခက်ပါဘူး၊ နောက်တစ်ဆင့်အနေနဲ့တော့ LED Light ကြိုးကိုတပ်ဆင်ဖို့ပါ၊ LED Light ကြိုးက သင့်ကွန်ပြူတာ Power On နဲ့ Power Off အတွက်သုံးတာပါ၊ အောက်မှာကြည့်ပါ၊

ဝါယာကြိုးတွေကို Motherboard နဲ့ ချိတ်ဆက်တာက သဘောမပေါက်ရင် အခက်အခဲ ဖြစ်သွားနိုင်တယ်၊ ဒါကိုဖြေရှင်းဖို့ နည်းတစ်နည်းရှိတယ်၊ ဒါကတော့ Motherboard ပေါ်မှာ စာလုံး အဖြူလေးတွေနဲ့ ၀ါယာကြိုးတပ်ရမယ့်နေရာတွေကိုရေးထားတယ်၊ ဥပမာ Panel No.1 ဆိုတဲ့စာသားမျိုးပါ၊ သင်သေချာ ကြည့်ရင် အဲ့ဒီ့လိုစာသားတွေ Motherboard ပေါ်မှာတွေ့ရမှာပါ၊ သင် Motherboard ပေါ်မှာတပ်ဆင်ရမယ့် ကြိုးတွေ တစ်ခုခြင်းစီမှာလဲ နာပတ်တွေပါပါတယ်၊ ဒီလို Motherobard မှာပါတဲ့ နံပါတ်တွေနဲ့ ၀ါယာကြိုးတွေမှာပါတဲ့နံပါတ်တွေကို မှန်မှန် ကန်ကန် တပ်ဆင်နိုင်ဖို့အတွက်တော့ Motherboard နဲ့ အတူပါလာတဲ့ User Munnual ကိုကြည့်ရပါမယ်၊ အဲ့ဒီ့ မှာ Motherboard မှာပါတဲ့ Panel နံပါတ်နဲ့ ၀ါယာကြိုးတွေမှာပါတဲ့ နံပါတ်တွေကိုတွဲပြီးပြထားပါတယ်၊ အောက်က အတိုင်း၊

အထက်က လို Panel နံပါတ် (နာမည်) နဲ့ ၀ါယာကြိုးနံပါတ်တွေကိုတိုက်ပြီး တပ်ဆင်ရင်ဖြင့် အမှားအယွင်းမရှိတပ်ဆင်နိုင်မှာပါ၊
ကြိုးတွေအားလုံးတပ်ဆင်ပြီးသွားရင်အောက်က အတိုင်းတွေ့ရမယ်၊

No comments:
Post a Comment