Popular Posts

Thursday, January 31, 2013

htbcomputer_10

Unknown | 6:37 AM | Best Blogger Tips


RAM တပ်ဆင်မယ်၊
ဒီအခန်းမှာတော့ RAM တပ်ဆင်မယ်၊ အောက်မှာတော့ တပ်ဆင်မယ့် RAM နှစ်ခု၊  DDR2 800 RAM ပါ၊ အောက်မှာ တပ်ဆင်မယ့် RAM နှစ်ခု၊

အထက်က RAM တွေကိုစတင်တပ် ဆင်ပါမယ်၊ တပ်ဆင်ရမယ့်နေရာမှာရှိတဲ့ RAM ကိုထိမ်းမယ့် ခလစ်လေးတွေ ဘယ်နဲ့ ညာ မှာရှိတယ်၊ အဲ့ဒီ့ ခလစ်လေးတွေကို နောက်ကိုလှန်လိုက်ပါ၊ အောက်က အတိုင်း၊



အထက်က အတိုင်း RAM ကိုထိန်းထားတဲ့ခလုပ်လေးတွေကိုနောက်ကိုလှန်လိုက်ပြီးရင်တော့ RAM စတင်ထည့်သွင်းလို့ရပါပီ၊ RAM ရွှေအိုရောင်သွားစိတ်တွေရှိတဲ့ အောက်ပိုင်းမှာ ခလယ်က ခွနေတဲ့ သွားမပါတဲ့နေရာကိုတွေ့မယ်၊ Motherboard ရဲ့ RAM ထည့်မယ့်နေရာမှာလဲ အစိတ်အပိုင်းနှစ်ခုခြားထားတဲ့အပိုင်းရှိတယ်၊ အောက်မှာကြည့်


အထက်က အတိုင်း RAM ကို Motherboard ကိုစတင်တပ်ဆင်ကြတော့ပါမယ်၊ ဘာမှစိတ်မပူနဲ့ ဖြည်းဖြည်းခြင်း စိုက်ထည့်ပါ၊ အားနည်းနည်းတော့စိုက်ရမယ်၊ ဒါပေမယ့် သတိထားပါ၊ ညာနဲ့ ဘယ် ကို balance  ညီပါစေ၊ သူ့နေရာအမှန်ရောက်သွားရင် ဘေးက RAM ထိန်းတဲ့ အဖြူတုံးလေးနှစ်တုံးကို ပြန်ပြီး ဖိကပ်လိုက်ပါ၊ ဒါဆိုရင်တော့ RAM ကိုချုပ်ပြီးသားဖြစ်သွားမယ်၊ အောက်မှာကြည့်ပါ၊



အထက်က အတိုင်းနေရာတကျဖြစ်အောင်စိတ်ရှည်ရှည် တပ်ဆင်ပါ၊ သင် စိတ်မရှည်ပဲ အရမ်း သွားတပ်ရင် RAM ကြိုးသွားနိုင်တယ်ဆိုတာသတိထားပါ၊ Motherboard လဲ ထိခိုက်သွားနိုင်တယ်ဆိုတာကို သတိပြုပါ၊






No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ