Popular Posts

Thursday, February 7, 2013

ပုံတူပွားခြင်းနဲ့ ပတ်သက်သမျှ သိစရာ

Unknown | 6:33 AM | Best Blogger Tips
 
ပြီးရင် အဲဒီပုံလေးပုံကို ပေါင်းမယ်ဗျာ။ အဲဒီလိုပေါင်းတဲ့အခါ ဘယ်ပုံကို အောက်ဆုံးမှာ ထားရမလဲဆိုတာကိုတော့ သေချာရွေးဗျာ။ ဒီနမူနာမှာတော့ အောက်ဆုံးပုံအဖြစ် ဒီပုံကိုထားလိုက်တယ်။
ပြီးရင် နောက်ထပ် အဲဒီ Layer ထက် ရှေ့နည်းနည်းရောက်မယ်ထင်တဲ့ Layer တစ်ခုကို သူ့အပေါ်မှာ ထပ်တင်မယ်ဗျာ... အဲ... တင်ပြီးတဲ့အခါ အဲဒီ Layer ရဲ့ Opacity ကို 60% လောက်ခဏထားကြည့်ပြီး အောက်က ပုံနဲ့ တစ်ထပ်တည်း ကျမကျ ကြည့်ရမယ်။ မကျရင်တော့ ရွှေ့ရမယ်ပေါ့ဗျာ။
ပြီးရင် အဲဒီ Layer ရဲ့ Opacity ကို 100% မှာ ပြန်ထားမယ်... ပြီးတော့ Layer Mask တစ်ခုခေါ်ပြီး မလိုတဲ့ အခြမ်းတွေကို ဖျက်ပစ်မယ်ဗျာ။ ဒီမှာ တစ်ခုတော့ ပြောရမယ်... တကယ်လို့သာ Photoshop CS3 ကို အသုံးပြုမယ်ဆိုရင်တော့ Auto-Align Layers နဲ့ အလွယ်တကူ အဆင်ပြေပြေပဲ ဒီအဆင့်တွေကို ဦးမစားဘဲ လုပ်လို့ရမယ်ဗျာ။
အဲလိုပဲ... နောက်ထပ် Layer တွေကိုလည်း အထက်ကအတိုင်းလုပ်မယ်။ ပြီးရင် Layer Mask သုံးပြီး မလိုတဲ့နေရာတွေကို ဖျက်ပစ်မယ်။ ဒီလိုမျိုးဗျာ...
အဆုံးသတ် ဖန်တီးပြီးသွားရင်တော့ ပုံအတိုင်း တွေ့ရမှာပေါ့ဗျာ...
KZO: ဟိုက်ရှားဘား... ရေရေလည်လည်ကို လန်းတယ် ဆရာသမားရေ... ကျုပ်လည်း ကိုယ်ပွားတွေ ဖန်တီးကြည့်လိုက်ဦးမယ်။ တကယ်လို့ လူတွေအများကြီး ပါမယ်ဆိုရင် ခက်လည်းခက် ရှုပ်လည်းရှုပ်ကုန်မှာပေါ့နော်...
HTN: အင်း... လူချင်းမထပ်အောင်တော့ ဓာတ်ပုံရိုက်တဲ့အခါ သေချာနေရာရွေးပေါ့ဗျာ... အဓိကကတော့ Tripod ဆိုတဲ့ ထောက်တိုင်နဲ့ သုံးပြီးရိုက်ဖို့ပဲဗျ။ ပြီးတော့ ပတ်ဝန်းကျင် အလင်းအမှောင် အပြောင်းအလဲမမြန်တဲ့နေရာမျိုးမှာပေါ့ဗျာ။ ဒီမှာ နမူနာတွေ ရှိသေးတယ်... ကြည့်သွားဦး...
KZO: အင်း... ဒါကြောင့်လည်း ဆရာဟန်၊ ဆရာဟန်ဆိုပြီး နာမည်ကျော်နေတာကိုး... မြန်မာပြည်မှာ မျောက်မင်းဝူခုံးကားရိုက်ရင်... ဆရာ့ကိုခေါ်သုံးမှပဲ...
HTN: တော်... တော်တော့ ပုဂ္ဂိုလ်... အပိုစာသားတွေ၊ စာသားအပိုတွေ အခုရပ်...
KZO: အေးပါဗျာ... ကျုပ်လည်း တော်တော်အသွင်ထူးတဲ့ ကျော်ဇင်ဦးဖြစ်သွားအောင်... ပေါ်တင်ကူးလိုက်တော့မယ်ဗျာ...
HTN: အဟား... ဟား... ဟား...
မူရင်း...  http://www.mmphotoshop.net/

No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ