Photoshop Animation နဲ့ Slide Show လုပ်ကြမယ်
Photoshop ကို အသုံးပြုပြီး Video Slide Show ပုံစံလေးများပြုလုပ်ချင်ကြမလားမသိဘူးဗျ ။
Slide Show ပြုလုပ်မယ့် ပုံကို File Menu အောက်မှ Open ကိုနှိပ်ပြီး ဒါမှမဟုတ် Ctrl နှင့် o
Key ကို တွဲနှိပ်ကာ Photoshop Program ထဲ အရင်ထည့်လိုက်ပါ ။
ထို့နောက် Ctrl နှင့် J Key ကိုတွဲနှိပ်ကာ မူလပုံကို Layer အသစ်ပွားယူလိုက်ပါ ။
င်္
Foreground Colr ကို #000000 ရွေးလိုက်ပါ ။ Background Layer ကို ပြန်ရွေးပြီး
Alt နှင့် Backspace Key တို့ကို တွဲနှိပ်ကာ Layer တွင် အရာင်ဖြည့်ပေးလိုက်ရမှာဖြစ်ပါတယ် ။
Background Layer၏ အပေါ်တွင် Layer အသစ်ယူရန်အတွက် Layer Menu မှ New Layer (သို့)
Shift , Ctrl နှင့် N Key တို့ကို တွဲနှိပ်လိုက်ပါ ။ Layer Name ကိုတော့ Layer 2 လို့ပဲပေးလိုက်ပါတယ်။
Eliptical Marquee Tool ကို ရွေးလိုက်ပါ ။ Layer 2 တွင် Shift Key ကိုနှိပ်ပြီး လိုချင်တဲ့
အရွယ်အစားကိုMouse နှင့် ဖိဆွဲပေးလိုက်ပါ ။ အသုံးပြုလိုတဲ့ Marquee အရွယ်အစားရလျှင် Alt နှင့်
Backspace တွဲနှိပ်ပြီး Foreground Color ဖြည့်ပေးလိုက်ပါ ။ Layer 2 မှာလည်း Foregrond
color ကို #000000 အား အသုံးပြုထားတာဖြစ်ပါတယ် ။
Layer 1 အား Right Click နှိပ်ပြီး Create Clipping Mask ကို ရွေးနှိပ်လိုက်ပါ ။
Eliptical Marquee အား Slection အနေအထားနှင့်တွေ့မြင်ရမှာဖြစ်ပါတယ်
အောက်ပါပုံမှာတော့print screen လုပ်ထားတာဖြစ်တဲ့အတွက် Slection
ဧရိယာကိုမြင်ရမှာမဟုတ်ပါဘူး ။
Layer 2 ကိုပြန်သွားလိုက်ပါ ။ Filter Menu အောက်ရှိ Blur ကိုရွေးလိုက်ပါ ။ Gaussian Blurကို
ဆက်လက်ရွေးချယ်ပေးလိုက်ပါ ။ ယခုပုံမှာတော့ Radius ပမာဏကို 9.5 pixels
သုံးထားတာဖြစ်ပါသည်။
Window Menu အောက်ရှိ Animation ကို နှိပ်လိုက်ပါ ။ Photoshop အောက်နားတွင်
Animation Bar ကိုတွေ့ရမှာဖြစ်ပါတယ် ။ Animation အကွက်ထဲမှ
Duplicates Selected Frames ကို နှိပ်ကာ Animation Frmae
အသစ်တစ်ခုယူလိုက်ပါ ။
Layer 2 မှ Marquee Slection ကို Move Tool သုံးကာ ရွေ့ပေးလိုက်ရမှာဖြစ်ပါတယ် ။
Slide Show ပြုလုပ်လိုတဲ့ နေရာကို သင့်တော်သလိုရွေ့ပေးလိုက်ပါ ။ Frame အကွက်တွေမှာ
Animation time ကိုတော့0.5 sec ရွေးပေးလိုက်ပါတယ် ။
Frame အကွက်တွေမှာ Animation time ကိုတော့0.5 sec ရွေးပေးလိုက်ပါတယ် ။
ထို့နောက် File Type ကို Gif File နှင့် Save လုပ်ပေးလိုက်ပါ ။ ပုံကို Slide Show
Animation အနေနှင့် ရရှိမှာဖြစ်ပါတယ် ။

No comments:
Post a Comment