APK တွေကို မြန်မာမူပြု ခြင်း မိမိစိတ်ကြိုက်စာသားပုံတွေပြုပြင်ခြင်း ကုဒ်အချို့ရပါက layoutများပောင်းလဲခြင်းတွေကို ပြုလုပ်နိုင်တဲ့ Tool တွေထဲကမှ သုံးရလွယ်ကူပြီး မြန်ဆန်တဲ့ Toolတစ်ခုဖြစ်ပါတယ်။..ဒီ tool နဲ့ apk ပြန်လည်ပြုပြင် မြန်မာမူပြုပုံကို အသေးစိတ်pdf တစ်ခုနောက်မှတင်ပေးပါ့မယ်..ခုတော့ လိုင်းက နာဂတောင်တန်းရောက်နေတာမို့.. MMSDက ပို့စ်တစ်ခုကို share လိုက်ပါတယ်... ဒေါင်းလုပ်ဆွဲပြီးစပ်သပ်ကြည့်ကြပါ
ဒီကောင်ကိုသုံးမယ်ဆိုရင် Miscrosoft .Net 4.0 လိုအပ်သေးတယ်..နော်။microsoftဆိုဒ်မှာရှာဒေါင်းလိုက်ပါ။
ပြီးသွားရင် Tool ကိုဒီမှာသွားဒေါင်းလိုက်ပါ။
ကဲဒေါင်းပြီးရင်တော့ Install လုပ်လိုက်ပါ။
ကဲ ပြီးသွားရင်တော့ File မှာ New Project ကိုရွေးပြီး မိမိ Edit လုပ်ချင်တဲ့ apk ကိုရွေးပေးလိုက်ပါ။
Project Name တို့ Solution Name တို့ပေးပြီးရင် OK နှိပ်လိုက်ပါ။
Decompile လုပ်နေပါပြီ။
ကျွှန်တော်အောက်မှာပြထားတာကတော့ ကိုသူရိန်ရဲ့ Myan Keyboard ကိုထည့်ပြထားတာပါ။
Desktop ပေါ်မှာတွေ့တာထည့်လိုက်တာနော်
အဲပုံလေးထည့်က res Folder ထဲကိုဝင်လိုက်ပါ။
ပြီးသွားရင်တော့ Values ဆိုတဲ့ Folder လေးကိုတွေ့ပါလိမ့်မယ်.. ၀င်လိုက်ပါ။
Strings.XML ကိုတွေ့ပါလိမ့်မယ်…
ကဲ Notepad လေးမှာဖွင့်ပြီးမြန်မာလိုရေးလိုက် Copy paste ချလိုက်ပေါ့ဗျာ။
ကဲအားလုံးပြီးသွားရင်တော့ Build All ဆိုတာကိုနှိပ်လိုက်ပါ။
ပြီးသွားရင်တော့ My Document ထဲက ဒီလမ်းကြောင်းအတိုင်းသွားလိုက်ပါ
Virtuous Ten Studio\Projects\binary ထဲမှာ မိမိ ပြင်ထားတာတွေ့ရပါလိမ့်မယ်။
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်
No comments:
Post a Comment