======================================================
တင်ပြီးသားလားတော့မသိဘူး။
အခုကျွန်တော်တင်ပေးလိုက်တဲ့ Application လေးကတော့ မိမိရဲ့ တစ်နေ့စာ တစ်ပတ်စာ တစ်လစာ လုပ်ဆောင်ရမယ့် အလုပ်ကိစ္စတွေ ၊ ချိန်းထားတဲ့ နေ့တွေ အချိန်တွေ ၊ စတာတွေကို မှတ်တမ်းလေးတစ်ခု လုပ်ပြီးမှတ်နိုင်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်ဗျာ။ Calender မှာ မိမိအရေးတကြီး လုပ်စရာရှိ တဲ့နေ့တွေကို ရွေးပြီး အရောင်နဲ့အမှတ်အသားလုပ်နိုင်ပါတယ်။ တစ်ရက်ချင်းစီကိုလည်း အကြောင်းအရာ များရေးပြီး အသေးစိတ်မှတ်သားထားနိုင်ပါတယ်။
သတိမေ့တက်သူများနဲ့ လုပ်ငန်းကြီးလုပ်နေသူများ အတွက် ပိုပြီးသင့်တော်ပါလိမ့်မယ်။ Android OS 2.0 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အသုံးလိုတယ်ဆိုရင်အောက်က linkမှာဒေါင်းနိုင်ပါပြီ။
No comments:
Post a Comment