Popular Posts

Sunday, August 24, 2014

WiFi ဆိုတာ ဘာလဲ ?

Unknown | 5:18 AM | Best Blogger Tips


.
WiFi ဆိုတာကို မြင်လိုက်တာ နဲ့  တော်တော်များများ က Internet သုံးဖို့ အတွက် ဆိုပြီး ပထမဆုံး ပြေးမြင်ကြပါလိမ့်မယ်။ တကယ်တော့  WiFi ဆိုတာ Internet ပါသည် ဖြစ်စေ မပါသည် ဖြစ်စေ wireless ( ၀ါယာတွေ နဲ့ သွယ်တန်ခြင်း မဟုတ်တဲ့ ) Local Area Wireless Technology တစ်ခုပါပဲ ။ Internet ချိတ်ဆက် ဖို့ သာမက .. တခြားနေရာတွေမှာပါ အများကြီး အသုံးဝင် တဲ့ နည်းပညာ တစ်ခုပါပဲ ။
.
WiFi နဲ့ ဘာတွေအသုံးချလို့ ရလဲ (ကျွန်တော့် အိမ်မှာ ဘယ်လို သုံးသလဲဆိုရင် )
.
ကျွန်တော် အိမ်မှာ Linksys Router လေးနဲ့  WiFi လုပ်ထားတယ်ဗျာ
.
(၁) ပထမဆုံး Internet Sharing လုပ်လို့ရတာပေါ့ ဗျာ ၊ အိမ်က လူတွေအားလုံးရဲ့ ဖုန်းတွေ computer တွေ၊ Laptop တွေကို wifi ချိတ်ပြီး internet share သုံးတာပေါ့။
.
(၂) ကျွန်တော့်ရဲ့  laptop နဲ့  Desktop ကို လည်း Team Viewer လို application သွင်းထားပြီး အိပ်ယာပေါ် အိပ်နေရင်း iPad နဲ့ Control လုပ်တယ် ခင်ဗျာ့၊ WiFi ကို ချိတ်ပြီးတော့ပေါ့ ဗျာ။ အပျင်းက ထူတယ်လေ ..
.
(၃) နောက်ပြီး ကျွန်တော့် Smart phone ကို Universal Remote Control လိုလဲ အသုံးပြုသေးတယ်ဗျ .. အိပ်ယာက မထ အေးဆေးပဲ .. TV ဖွင့်ချင်လား Phone နဲ့ ဖွင့်တယ် ၊ Audio အတိုးအကျယ် phone နဲ့ ပဲ၊ သက်သာတာပေါ့ ဗျာ။ Phone ကို Remote တစ်ခုလို ဖြစ်စေမယ့် အခမဲ့  အသုံးပြုလို့ ရတဲ့  App တွေကတော့  အများကြီးပါပဲ Googling သာလုပ်လိုက်ပါ ကိုယ့် Smart Phone OS နဲ့  ကိုက်ညီတာတွေ အများကြီးတွေ့  ပါလိမ့်မယ်။
.
(၄) File တွေ ၊ Music တွေ ၊ Movie တွေ ၊ Document တွေကို Desktop ကနေ Laptop ၊ iPhone ကနေ mac စသဖြင့် ပြောင်းထည့်ချင်တဲ့ အခါမှာ လဲ WiFi ပေါ်ကနေ တဆင့် ကူးလိုက်တာပဲ .. memory stick တွေ ၊ external HD တွေ မသုံးတော့ပါဘူး .. အဲဒါတွေကို လိုက်ရှာနေရတာ ကြာလို့  ကျွန်တော်ကိုယ်တိုင်ကလည်း စည်းကမ်း ခပ်ရှိရှိဆိုတော့  တစ်ခုခု လိုပြီ ဆိုရင် အဲဒါကိုလိုက်ရှာနေရတာ နဲ့  တင် အချိန်ကုန်တယ်လေ ။ နောက်ပြီးတော့  Print ထုတ်တာတွေ ဆိုလည်း WiFi Printer လေးတစ်ခု ၀ယ်ထားတော့  အိမ်ထဲက ကြိုက်တဲ့ အခန်း ၊ ကြိုက်တဲ့  Computer or Phone ကနေ Print လှမ်းထုတ်လို့  ရသေးတယ်။ နည်းပညာတွေမြင့်လာတော့ လူတွေကို အိမ်ထဲ မှာတောင် ဟိုဖက် ဒီဖက် လမ်းမလျှောက်ခိုင်းတော့ဘူး ဗျာ.. ကိုယ်တွေလို ငပျင်းတွေအတွက် ကတော့  ဂွတ်ရှယ်ပေါ့ဗျာ ..
.
(၅) အိမ်မှာ WiFi ကို အရေးကြီးတဲ့ နေရာတစ်ခု မှာ သုံးထားသေးတယ် … အဲဒါကတော့  CCTV ပေါ့ဗျာ။ CCTV ကို ကြိုးနဲ့ မသွယ်တော့ ပဲ ip cam တပ်ပြီး WiFi ပေါ်ကနေတဆင့်ပဲ ကြည့်တော့တယ်။ Cable Installation လုပ်ရတာ ပင်ပန်းတယ်ဗျ နောက်ပြီး မျက်စိလည်း ရှုပ်တယ်.. WiFi နဲ့ ဆိုတော့  Installation လုပ်တာမြန်လည်းမြန် ၊ မျက်စိရှုပ်လည်းသက်သာတယ်လေ ။ နောက်ပြီးတော့  အိမ်မှာက Internet လည်း ချိတ်ထားတော့  ကျွန်တော် အပြင်ရောက်နေရင်တောင် Phone Internet လေးဖွင့်ပြီး အိမ်က ip cam ကို လှမ်းကြည့်လို့ ရတော့  အဆင်ပြေတာပေါ့ဗျာ။
.
(၆) အော်… နောက်တစ်ခု Entertainment ပေါ့ … Computer အစုတ်တစ်လုံး ထဲမှာ သူငယ်ချင်းတွေဆီက ကူးထားသမျှ နဲ့  ကိုယ်တိုင် Download ထားသမျှ Movie တွေအားလုံး စုပြုံထည့်ထားပြီး VLC Steamer လို Application Run ထားလိုက်တယ် .. .. အိမ်ကလူတွေ ပျင်းရင် သူတို့ အခန်းတွေ ထဲ ကပဲ သူတို့ ရဲ့  phone or ipad တွေနဲ့  WiFi ကိုချိတ်ပြီး ထည့်ထားတဲ့ Movie တွေထဲက ကိုယ်ကြိုက်တဲ့  Movie ကို Video Steam ကြည့်လို့ ရအောင်လုပ်ပေးထား သဗျ .. အခွေတွေဝယ် စရာမလို တော့ဘူးပေါ့ဗျာ ..
.
(၇) ကျန်သေးတယ် .. ကျွန်တော်တို့  အပျင်းတစ် ပုံများ .. ဟိုဖက်အခန်း နဲ့ ဒီဖက်အခန်း တောင်မှ တစ်ခုခုလှမ်းပြောစရာရှိရင် လမ်းထလျှောက်ပြီး သွားပြောရမှာ ပျင်းတယ်လေ .. ဖုန်းနဲ့ ဆက်ပြောရင်လည်း တစ်မိနစ် ၅၀ ကျပ် နဲ့ ဆိုတော့  မကိုက်ဘူး .. အဲဒီတော့  ဘယ်ရမလဲ Voip server တစ်ခုကို ခုန server အစုတ်လေးမှာ Run ထားလိုက်တာပေါ့ … သုံးတဲ့ ပုံကတော့ နာမည်ကြီး Viber လိုပါပဲ .. ဒါပေမယ့် ကျွန်တော့် Voip ကတော့  Local ပေါ့ ၊ အိမ်တွင်းသုံးပေါ့ဗျာ။. Internet ပေါ်မတတ်တော့  လိုင်းပိုကောင်းပြီး အသံကြည်တာပေါ့ .. အဲဒီလိုမျိုး Free Voip တွေအများကြီးပါပဲ .. Googling ကြည့်ရင် တွေ့ ပါတယ် ..
.
(၈) နောက်တစ်ခု …. ဟီးဟီး .. ကျွန်တော်နာမည် လူသိ အောင် ကျွန်တော့် WIFI ရဲ့  SSID ကို “myname” Home WiFi ဆိုပြီးပေးထားသေးတယ် .. သူငယ်ချင်းတွေ အိမ်လာ လည်ရင်လည်း အိမ်က WiFi System နဲ့  Internet ကို ပေးသုံး ရင်း ဧည့်ခံတယ်လေ .. ဘာတဲ့  ဆိုရိုးစကားလေးတောင် ရှိသေးတယ်။
.
“ A House is not A HOME unless there is WIFI “
.
Credit Htet Nyne ( Vakok )

No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ