Popular Posts

Wednesday, August 13, 2014

ဖုန်းရဲ့ အနောက်ကင်မရာနဲ့ Selfies ဓါတ်ပုံများကို ရိုက်ကူးလို့ရစေမယ့် Smart Selfies

Unknown | 6:46 AM | Best Blogger Tips


======================================================
ဒီကောင်လေးကခလုတ်မလိုပဲ...မျက်နှာတွေကိုAuto ချိန်ပြီးရိုက်ကူးပေးနိုင်ပါတယ်။အရမ်းလန်းတယ်ဗျ
စမတ်ဖုန်းများမှာကိုယ်တိုင်ရိုက်ဓါတ်ပုံ Selfies များရိုက်ကူးလို့ရအောင် အရှေ့ဘက်မှာကင်မရာတပ်ဆင်ပေးထားကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ အရှေ့ကင်မရာဟာအနောက်ကင်မရာလောက် Resolution မကောင်းကြတာကို အားလုံး သတိထားမိမှာပါ။ Selfies များကို Megapixel ပိုမိုများပြားတဲ့ အနောက်ကင်မရာနဲ့ ရိုက်ကူးနိုင်အောင် ကူညီပေးနိုင်တာက Smart Selfies ဆိုတဲ့ Android App ပါ။

Smart Selfies ကိုအင်စတောလုပ်ပြီးရင် အသုံးပြုနည်းကို ပြသပေးပါလိမ့်မယ်။ ပြီးရင် Main Screen ကိုရောက်အောင် Back ခလုတ်ကို နှိပ်ပါ။ Main Screen ကိုရောက်ရင် Selfies မှာပါမယ့် လူအရေအတွက်ကိုရွေးချယ်ပေးရပါမယ်။ လူလေးယောက်အထိရိုက်ကူးနိုင်ပါတယ်။ နောက်အဆင့်မှာ Portrait or Landscape ကိုရွေးချယ်ပေးရမှာပါ။ ပြီးရင်တော့ ဖုန်းရဲ့ အနောက်ကင်မရာကိုသင့်ရဲ့ မျက်နှာ အလယ်တည့်တည့် ဒါမှမဟုတ် လူအုပ်စုရဲ့ အလယ်တည့်တည့်ကိုချိန်ရွယ်ပါ။ ဒါဆိုရင် App က ဓါတ်ပုံထဲမှာလူအားလုံးပါပြီးလှပတဲ့ Selfie ရရှိဖို့ Left, Right, Up, Down, Away , Closer စသဖြင့် အသံနဲ့ ညွှန်ကြားပေးမှာပါ။ ညွှန်ကြားမှုအတိုင်းဖုန်းကိုနေရာရွှေ့ပေးပြီးလို့ အကောင်းဆုံးအနေအထားရောက်ရှိရင် Hold လို့ ပြောပါလိမ့်မယ်။ ဖုန်းကိုတည်ငြိမ်အောင် ကိုင်ထားပါ။ နောက်ဆုံးမှာတော့ Say Cheese လို့ ပြောပြီးဓါတ်ပုံအလိုအလျှောက်ရိုက်ပေးပါလိမ့်မယ်။

*** သင်က Cheese လို့ အသံထွက်စရာမလိုသလိုဓါတ်ပုံရိုက်ဖို့ ခလုတ်နှိပ်စရာလည်းမလိုပါဘူး။ သတိထားစရာတစ်ခုက App က Lift လို့ အသံထွက်ပေမယ့် သူဆိုလိုတာက Left ကိုပြောတာပါ။

Menu ခလုတ်ကို နှိပ်ရင် Settings ကို ပြသပေးမှာပါ။ # of Faces မှာလူအရေအတွက်ကို ပြင်နိုင်ပါတယ်။ Portrait or Landscape ကိုလည်းပြောင်းလဲသတ်မှတ်နိုင်ပါတယ်။ Zoom Factor က အနီးကပ် Selfie များကိုရိုက်ကူးပေးနိုင်ပါတယ်။

More ခလုတ်ကိုနှိပ်ရင် Volume နဲ့ Focus Mode ဆိုတဲ့ Settings နှစ်ခုကိုတွေ့ပါလိမ့်မယ်။ Volume ကို နှိပ်ရင် သင့်ဖုန်းရဲ့ Default Sound Settings ထဲရောက်သွားပြီးချိန်ညှိနိုင်ပါတယ်။ Focus Mode မှာတော့ သင့်ဖုန်းရဲ့ ကင်မရာကအထောက်အပံ့ပေးတဲ့ Mode များကိုအသုံးပြုနိုင်တာ ဖြစ်တဲ့အတွက် ဖုန်းတစ်လုံးနဲ့ တစ်လုံးမှာ Mode ပါရှိမှု မတူညီကြပါဘူး။ App က အထောက်အပံ့ပေးတဲ့ Focus Mode တွေက Infinity, Auto, Macro, Continuous Video, Continuous Picture တို့ ဖြစ်ပါတယ်။

Smart Selfies ဟာအရှေ့ဘက်ကင်မရာမပါတဲ့ ဖုန်းတွေမှာ Selfie ဓါတ်ပုံများရိုက်ကူးနိုင်အောင် ကူညီပေးနိုင်သလိုကင်မရာနှစ်လုံးပါတဲ့ ဖုန်းတွေမှာလည်းပိုမိုကောင်းတဲ့ အနောက်ဘက် ကင်မရာနဲ့ Selfie များရိုက်ကူးနိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့ Selfie App တစ်ခု ဖြစ်ပါတယ်။ Smart Selifeကို Android 1.6 နဲ့ သူ့အထက်မှာအသုံးပြုနိုင်ပါတယ်။

အောက်က Linkမှာ ဒေါင်းနိုင်ပါပြီ။

ဒီကနေ ဒေါင်းပါ

Credit: myanmar digital life Journal

  

No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ