Popular Posts

Monday, August 25, 2014

Mobile ဖုန်းတွေမှာ #Virus ကူးနိုင်မကူးနိုင်ဆိုတာ user တွေအတွက်တော်တော်လေး အကြပ်ရိုက်စရာမေးခွန်းဖြစ်ပါတယ်။

Unknown | 6:24 AM | Best Blogger Tips

Mobile ဖုန်းတွေမှာ #Virus ကူးနိုင်မကူးနိုင်ဆိုတာ user တွေအတွက်တော်တော်လေး
အကြပ်ရိုက်စရာမေးခွန်းဖြစ်ပါတယ်။ Mobile ဖုန်းတွေကို Virus ကူးစက်တယ်ဆိုတာ
အခုမှမဟုတ်ပါဘူး ၂၀၀၄ခုနှစ် မျာ #Cabir ဆိုတဲ့  Virus ကိုမှတ်တမ်းတင်ထားနိုင်ခဲ့
ကြပါတယ်....အဲဒီ Virus သည် Nokia N-Gage, Nokia 6600,Nokia 6630 အစရှိတဲ့
ဖုန်းတွေမှာပျံ့ သွားခဲ့တယ်လို့ ဆိုပါတယ်။ဗိုင်းရပ်စ်ဆိုပေမယ့်ကြောက်စရာတော့သိပ်
မကောင်းခဲ့ပဲ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ဖုန်းမှာ "Caribe" ဆိုတဲ့ မက်ဆေ့လေးပေါ်လာမှာပါ
ဒီနောက်တော့ #Bluetooth ကိုကိုယ်တိုင်ဖွင့်ပြီး တခြား Device တွေကိုလိုက်ရှာကာ
ကူးစက်တော့တာပဲဖြစ်ပါတယ်။ Virus ကူးခံရတဲဖုန်းတွေမှာ auto Bluetooth ပွင့်ခြင်း
သီချင်းများ၊ရေဒီယိုများပွင့်ကာ ဘက်ထရီအားကုန်အောင်လုပ်ဆောင်တော့တယ်လို့ 
ဆိုပါတယ်။
ယခုအချိန်မှာမြန်မာနိုင်ငံမှာ Virus ဆိုတာသိပ်ကြောက်ဖို့ မကောင်းပေမယ့်
နောင် Online Market,Online Banking စနစ်တွေထွန်းကားလာမယ်ဆိုရင်တော့
ကျွန်တော်တို့ တစ်တွေဟာ Application/Game များကို ဘယ် site များမှဆွဲမှာလဲ၊
အဲဒီ app သည်ဘာလုပ်ငန်းတွေလုပ်မှာလဲကအစ စဉ်းစားချင့်ချိန်ပြီး install လုပ်ကြ
ရတော့မှာဖြစ်တယ်ဆိုတဲ့ အကြောင်းလေးတင်ပြပေးလိုက်ပါတယ်။
#AdminZLite

No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ