Popular Posts

Saturday, August 23, 2014

Android ဖုန်းများတွင် အင်တာနက်စနစ်အတွက် Data Limit ပြုလုပ်ခြင်းနှင့် Background data စနစ်များပိတ်ခြင်း

Unknown | 8:08 AM | Best Blogger Tips


Android ဖုန်းများတွင် အင်တာနက် အသုံးပြုချိန်၌ မိမိအသုံးပြုလိုသော Data ပမာဏအား ရက်အပိုင်းအခြားအလိုက် ကန့်သတ် သတ်မှတ်ထား နိုင်မည်ဖြစ်ပြီး မလိုအပ်သော background software များမှ Data အသုံးပြုခြင်းများကိုလည်း ဖုန်း၏ Setting အတွင်းမှာ ပိတ်ထားနိုင်အောင် ပြုလုပ်ခြင်းဖြစ်သည်။ ဒီနည်းလမ်း ပြုလုပ်ပုံသည် Android OS ဗားရှင်းအပေါ် မူတည်ပြီး လုပ်ဆောင်ပုံ အနည်းငယ် ကွဲပြားနိုင်သည်။

Data Limit ပြုလုပ်ခြင်း

Data အသုံးပြုခြင်းအတွက် အသုံးပြုလိုသော Data ပမာဏအား ကန့်သတ် သတ်မှတ်ထားလိုပါက

(၁) Setting အတွင်းသို့ဝင်ပါ။

(၂) Setting ထဲရှိ Connection စနစ် အတွင်းတွင်ရှိသော Data Usage ထဲသို့ဝင်ပါ။

(၃) Data Usage ထဲသို့ရောက်ရှိပါက မိုဘိုင်းအင်တာနက် စနစ်ဖွင့်ရန်အတွက် Mobile Data စနစ်အား ဖွင့်လိုက်ပါ။

(၄) Mobile Data စနစ်တွင် အမှန်ခြစ်ပေးပြီး ဖွင့်လိုက်ပါက အောက်ဘက်တွင် Set Mobile Data Limit ပေါ်လာပါလိမ့်မည်။ Set Mobile Data Limit ကိုလည်း အမှန်ခြစ်ကလေးပေးလိုက်ပါ။

(၅) အထက်ပါ လုပ်ဆောင်ချက်များပြီးသွားချိန်တွင် အောက်တွင်ရှိသော Data Limit ဖော်ပြပေးသည့် ဇယားကွက်ပေါ်တွင် Limit နှင့် Warning အလျားမျဉ်းကြောင်းနှစ်ခုအား နှိပ်ပြီး မိမိအသုံးပြုလိုသော Data ပမာဏအား ကန့်သတ်ပေးထားနိုင်မည်ဖြစ်သည့်အပြင် ဒေါင်လိုက်မျဉ်းနှစ်ကြောင်းအား မိမိလိုအပ်သလို ချိန် ညှိ၍ အသုံးပြုလိုသည့် ရက်အကန့်အသတ် အပိုင်းအခြားအား ပြုလုပ်ထားနိုင်မည်ဖြစ်သည်။

Background Data အသုံးပြုခြင်းများအား ပိတ်ခြင်း

Background ဆော့ဖ်ဝဲများမှ Data အသုံးပြုနေခြင်းများအား ပိတ်ထားနိုင်ရန်အတွက်

(၁) Setting အတွင်းသို့ဝင်ပါ။

(၂) Setting ထဲရှိ Connection စနစ်အတွင်းတွင်ရှိသော Data Usage ထဲသို့ဝင်ပါ။

(၃) Data Usage စနစ်အတွင်းသို့ ရောက်ရှိပါက ဖုန်း၏အောက်ခြေရှိ Menu အားနှိပ်လိုက်ပါ။

(၄) Menu အားနှိပ်လိုက်ချိန်တွင် ပေါ်လာသော ဇယားကွက်အတွင်းမှ restrict background ဆိုသည့် စနစ်အား အမှန်ခြစ်ကလေး ပေးထားလိုက်ပါ။ Restrict background အား အမှန်ခြစ်ပေးထားလိုက်ပါက Background Data အသုံးပြုခြင်းများအား ပိတ်ပေးထားမည်ဖြစ်ပြီး အဆိုပါ Background Data စနစ်များမှာ WiFi စနစ်ဖွင့်မှသာ ပြန်လည် အလုပ်လုပ်မည် ဖြစ်သည်။

Credit : မြ၀တီနည်းပညာ

No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ