Popular Posts

Thursday, January 3, 2013

ဦးသန့်  – ကိုယ်ရေးအကျဉ်းချုပ် ( U Thant – Biography)

Unknown | 6:15 AM | Best Blogger Tips

ဦးသန့်  – ကိုယ်ရေးအကျဉ်းချုပ် ( U Thant – Biography)


ဦးသန့် 
မွေးသကရာဇ် – ၂၂ ဇန်န၀ါရီလ ၁၉၀၉
မွေးမြေ – ပန်းတနော်၊ဧရာဝတီတိုင်း၊မြန်မာနိုင်ငံ။
ကိုယ်ရေးအကျဉ်း -
ဦးဖိုးနှစ်၊ ဒေါ်နန်းသောင်းတို့ ၏ သားဦး၊ ညီအစ်ကို သုံးယောက်၏ အစ်ကိုကြီး ဦးသန့် ဟာပန်းတနော် အမျိုးသားကျောင်း မှာ အထက်တန်းအောင်မြင်ပြီး၊ ရန်ကုန်တကသိုလ်မှ သမိုင်းဘာသာရပ် ဖြင့် ဘွဲ့ ရခဲ့ပါတယ်။ မိဘများမှာ ကြေးရတတ်များဖြစ်ကြပြီးလယ်ပိုင်ရှင်များဖြစ်ကြပါတယ်။
ဦးသန့်  အသက် ၁၄ နှစ်မှာ ဖခင် ဦးဖိုးနှစ်သေဆုံးပြီး အမွေဆိုင် အရှုပ်အရှင်းများကြောင့် ဦးသန့် ရဲ မိခင် ဒေါ်နန်းသောင်းနဲ့ ညီအစ်ကို များမှာ ငွေကြေးအကြပ်အတည်းနဲ့ ကြုံတွေ့ ခဲ့ကြတယ်။
သို့ ပေမဲ့ ဦးသန့် ဟာ ပညာကိုဆုံးခန်းတိုင် သင်ကြားနိုင်ခဲ့ပြီး ရန်ကုန်တကသိုလ်မှဘွဲ့ ရပြီး မွေးရပ် ပန်းတနော် အမျိုးသားကျောင်းမှာစာသင်ပေးခဲ့ပါတယ်။ အဲဒီနောက် အသက် ၂၅ နှစ်အရွယ်မှာ ထိုကျောင်းမှာပင် ကျောင်းအုပ်ဖြစ်ခဲ့ပါတယ်။
ထိုစဉ်က ပညာရေးမှူး မှို့ ပင်ရွာသား နောင်ဖြစ်လာမဲ့ ၀န်ကြီးချုပ်ဦးနု နှင့် ဦးသန့် ဟာ တရင်းတနှီးရှိခဲ့ပါတယ်။
ဦးသန့် ဟာ သီလ၀ါ ကလောင်အမည်နဲ့ စာများလည်းရေးသား၊ ဘာသာပြန် ခဲ့ပါသေးတယ်။ ထိုစာများထဲတွင် League of Nation ဟုခေါ်သောအဖွဲ့ အစည်းအကြောင်းကိုလည်းဘာသာပြန်ခဲ့ဖူးပါသေးတယ်။
မြန်မာပြည် လွတ်လပ်ရေးရရှိပြီးနောက် ဦးနု ၀န်ကြီးချုပ်ဖြစ်လာသောအခါ ဦးသန့် အား
ရန်ကုန်သို့ ခေါ်ဆောင် ပြီး ပြန်ကြားရေးညွှန်ချုပ်အဖြစ်ခန့် အပ်ခဲ့ပါတယ် (၁၉၄၈)။ နောက်တစ်နှစ်မှာပဲ ဦးသန့် ဟာ ပြန်ကြားရေးဝန်ကြီးရုံးရဲ့အတွင်းရေးမှုးဖြစ်လာပါတယ်။
၁၉၅၁ မှ ၁၉၅၇ ခုနှစ်အတွင်း ဦးသန့် ဟာ ၀န်ကြီးချုပ်ဦးနုရဲ့ အတွင်းရေးမှူးအဖြစ်နဲ့  ဦးနုမိန့် ခွန်းများကို ရေးသားခြင်း၊ နိုင်ငံခြားခရီးစဉ်များကို စီစဉ်ခြင်း၊ နိုင်ငံခြားဧည့်သည်ကိုယ်စားလှယ်တော်များကို တွေ့ ဆုံခြင်း
ဖြင့် အချိန်ကုန်လွန်စေခဲ့ပါတယ်။
ဒီကာလအတွင်းမှာ ဦးသန့် ဟာ ၀န်ကြီးချုပ်ဦးနုရဲ့ အရင်းနှီးဆုံး၊ ယုံကြည်ရဆုံး အကြံပေးဖြစ်ခဲ့ရပါတယ်။ ဒီကာလ အတွင်းမှာပဲ ဦးသန့် ဟာ အင်ဒိုနီးရှားနိုင်ငံ မှာ ၁၉၅၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အာရှ-အာဖရိက ညီလာခံကို တက်ရောက်ခဲ့ပြီး အင်အားကြီးနိုင်ငံတွေညီညွှတ်မျှတရေး လှုပ်ရှားမှုဖြစ်တဲ့ Non-Aligned Movement မွေးဖွားလာပါတယ်။
၁၉၅၇ – ၁၉၆၁ ခုနှစ်တွေမှာတော့ဦးသန့် ဟာ မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် United Nations မှာတာဝန်ထမ်းဆောင်ခဲ့ပါပြီး အယ်လ်ဂျီးရီးယားနိုင်ငံ လွတ်လပ်ရေးရရှိဖို့ အတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ပါတယ်။
နိုဝင်ဘာလ ၁၃၊ ၁၉၆၁ မှာ ဒုတိယမြောက် UN အတွင်းရေးမှူးချုပ်ဖြစ်တဲ့ဆွီဒင်နိုင်ငံသား Dag Hammarskjöld
ဟာ ထိုနှစ် September လအတွင်းက လေယျာဉ်ပျက်ကျသေဆုံးခဲ့တာကြောင့် မပြီးဆုံးသေးတဲ့ သူ့ ရဲ့ တာဝန် ဆောင်ကာလ ကို ယာယီဆက်လက် ထမ်းဆောင်ရန် ဦးသန့် ကို တညီတညွတ်တည်း ရွေးချယ်ခဲ့ကြတယ်။
နောင်တစ်နှစ်တိတိ ကြာတဲ့ အခါမှာလဲ General Assembly မှဦးသန့် ကိုပင် တညီတညွတ်တည်း ဆက်လက် ရွေးချယ်ခဲ့ ကြတယ်။
၁၉၆၆၊ ဒီဇင်ဘာ ၂ရက်မှာ လည်း ဒုတိယအကြိမ်မြောက်အဖြစ် ဦးသန့် ကိုပဲ UN Secretary-General အဖြစ် ထပ်မံရွေးချယ်ခဲ့ကြပြန်ပါတယ်။
၁၀ နှစ်တာ United Nations ရဲ့ အထွေထွေအတွင်းရေးမှုးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်မှာ
ဦးသန့် ဟာ တတိယအကြိမ်ရွေးချယ်ခံတော့မှာမဟုတ်ဘူးလို့  ဇန်န၀ါရီ ၂၂၊ ၁၉၇၁ မှာ ငြင်းဆိုခဲ့ရပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့  ၁၉၇၄ ခုနှစ် (အနားယူပြီး သုံးနှစ် အကြာ) မှာ ဦးသန့် ဟာ အဆုတ်ကင်ဆာ
ဖြင့် နယူးယောက်မြို့ မှာသေဆုံးခဲ့ပါတယ်။

No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ