ဒီအခန်းမှာ CPU ကို Motherboard မှာတပ်ဆင်ကြမယ်၊
အထက်က ပုံက အစိမ်းရောင်မြားပြထားတဲ့နေရာကတော့ CPU တပ်ဆင်ရမယ့်နေရာပါ၊ အောက်မှာ CPU ရဲ့အောက်ပိုင်းပုံနဲ့ အပေါ်ပိုင်းပုံပါ၊
အထက်က ပုံကတော့ CPU ရဲ့အောက်ပိုင်းပုံပါ၊ PIN အတိုအသေးလေးတွေအများကြီးနဲ့ ပါ အဲ့ဒီ့ပင်လေးတွေကို Motherborad မှာရှိတဲ့ CPU တပ်ဆင်မယ့်နေရာမှာစိုက်ရမယ်၊ အပေါ်မှာ CPU တပ်ဆင်မယ့်နေရာပြထားတယ်၊ အောက်မှာတော့ CPU ရဲ့ အပေါ်ပိုင်းပုံပါ၊
အထက်က တော့ CPU ရဲ့အပေါ်ပိုင်းပုံပါ၊ အဲ့ဒီ့ အပေါ်ပိုင်းပုံမှာ မြားလေးသေးသေးလေးပါပါတယ်၊ အဲ့ဒီ့မြားလေးလိုပဲ Motherboard ရဲ့ CPU တပ်ဆင်ရမယ့်နေရာမှာလဲ မြားလေးသေးသေးလေးပါပါတယ်၊ CPU တပ်ဆင်တဲ့အခါ CPU မှာရှိတဲ့မြားလေး နဲ့ Motherboard ရဲ့ CPU တပ်ဆင်တဲ့နေရာမှာရှိတဲ့မြားလေးတို့ တစ်ထပ်ထဲကျအောင်ချိန်ပြီး တပ်ဆင်ရပါတယ်၊ အောက်မှာမြား CPU မှာပါမယ့် ရွှေရောင်မြားလေးကို ပုံကြီးချဲ့ပြထားပါတယ်၊
အထက်ကပုံက အနက်ရောင်မြားထိုးပြထားတဲ့နေရာက ရွှေရောင်မြား လေးကိုတွေ့ရမှာပါ၊ အခုမြင်နေရတာက CPU ရဲ့ အပေါ်ပိုင်းပါ၊ အောက်မှာတော့ Motherboard ရဲ့ CPU တပ်မယ့်နေရာမှာ ပါဝင်တဲ့ ရွှေရောင်မြားလေးရှိမယ့်နေရာကို လက်ညှိုးထိုးပြထားပါတယ်၊
အဲ့ဒီ့ CPU က ရွှေရောင်မြားနဲ့ Motherboard မှာရှိတဲ့ CPU တပ်ရမယ့်နေရာက ရွှေရောင်မြားလေးတို့က တထပ်ထဲကျအောင်ထပ်ပြီးတပ်ဆင်ရမှာပါ၊ တပ်ဆင်ဖို့အတွက် Motherboard မှာရှိတဲ့ CPU တပ်ရမယ့် ခုံမှာ Lever လေးရှိတယ်၊ အဲ့ဒါလေးက ဘယ်ဘက်မှာရှိမှာ၊ အောက်က အတိုင်း
အထက်က စတီရောင် လီဗာလေးကို အဆုံးအထိမလိုက်ပါ၊ အရမ်းလဲမလုပ်နဲ့ ဦး၊ မတဲ့ဘက်လဲ မမှားစေနဲ့ဦး၊ ဒါက Socket ကိုဖွင့်တာပါ၊ ပြီးရင်တော့ CPU ကိုဖြည်းဖြည်းခြင်းထည့်ပါ၊
ဖြည်းဖြည်းခြင်းထည့် လွတ်မချလိုက်နဲ့ ဖြေးဖြေးနော်၊ သေချာ CPU ကိုထည့်ပြီးသွားရင် Lever လေးကိုပြန်တပ်ပါမယ်၊
ပုံမှာပြထားတဲ့အတိုင်း လီဗာ လေးကို အဆုံးထိဖိချလိုက်ပါ၊ ဒါဆိုရင်တော့ CPU Socket ထဲကို CPU ထည့်ပြီး လီဗာ လေးကို ဖိချခြင်းအားဖြင့် Lock ပြန်ချပြီးသွားပါပီ၊ အခုတော့ CPU ကို တပ်ဆင်ပြီးသွားပီ နောက်တစ်ခန်းမှာ CPU Fan ကိုတပ်ဆင်မယ်၊

No comments:
Post a Comment