Popular Posts

Thursday, January 31, 2013

htbcomputer_3

Unknown | 6:32 AM | Best Blogger Tips
oosing Harddrive
ရှေ့သင်ခန်းစာမှာတော့ RAM ကို ကွန်ပြူတာ အသုံးပြုနေသုံး မြန်နှုန်းမြင့် Memory အဖြစ် အသုံးပြုတယ်ဆိုတာသိခဲ့ပြီးပီ၊ ဒါပေမယ့် ကွန်ပြူတာကိုလဲ ပိတ်လိုက်ကော RAM ထဲက မှတ်ထားတဲ့ Memory တွေအားလုံး ပျောက်သွားမယ်၊ ဒါကြောင့် RAM ကို ယာရီ Memory အဖြစ်သာ အသုံးပြုလို့ရတယ်၊ ဒါပေမယ့် အခြား Memory တွေသိမ်းတဲ့နေရာတစ်ခုဖြစ်တဲ့ Harddrive ကတော့ Memeory တွေကို အမြဲတမ်းသိမ်းထားနိုင်တယ်၊ ကွန်ပြူတာ ပိတ်ပြီး ပြန်ဖွင့်လဲ သူ့ထဲမှာ မှတ်ထားတဲ့မှတ်ညာဏ်တွေက ရှိနေသေးတယ်၊ မပျောက်သွားဘူး၊ သင်မဖြတ်လိုက်သ၍ တသက်လုံးရှိမယ်၊ Harddrive ထဲမှာ သင်ကွန်ပြူတာကိုအလုပ်လုပ်စေတဲ့ Operation System ကိုသိမ်းတယ်၊ အခြားအခြား သေား အလုပ်လုပ်တဲ့ Programs တွေအားလုံးကိုလဲ Harddrive ထဲမှာသိမ်းတယ်၊ ဒီတော့ သင်ကွန်ပြူတာ မှာ Hard Drive က မရှိမဖြစ်ဆိုတာကို သဘောပေါက်လောက်ပီ၊
Hard Drive ရွေးချယ်ခြင်း
Hard Drive ကိုရွေးချယ်ရာမှာ သတိထားစရာအချက်နှစ်ခုရှိတယ်၊ Hard Drive နှစ်မျိုးရှိပြီး တစ်မျိုးက PATA နဲ့ နောက်တစ်မျိုးက SATA တို့ဖြစ်တယ်၊
PATA ကတော့ Paralo ATA ဖြစ်ပြီး ခတ်မရှိတော့ပါဘူး၊ သူ့ကို Motherboard ထဲမှာပဲ ချိတ်ရတယ်၊ အောက်ကပုံမှာ သူ့ကိုချိတ်ဖို့နေရာကိုပြထားတယ်၊ ချိတ်မယ့်နေရာမှာ PIN လေးတွေရှိတယ်၊



PATA  အမျိုး အစား Harddrive ကိုတော့ မသုံးဖို့အကြံပြုပါတယ်၊ အရမ်းနှေးတယ်၊
SATA ကတော့ Serial ATA ဆိုတဲ့ အဓိပ္ပါယ်ရှိတယ်၊ သူ့က တော့ အသစ်အမျိုးအစားဖြစ်သလို အလုပ်လုပ် တာလဲ အရမ်းကိုမြန်ပါတယ်၊ SATA ကနှစ်မျိုးရှိတယ်၊ တစ်ခုက 1.5 GHz ရှိပြီး နောက်တစ်ခုက  3.0 GHz ရှိတယ်၊ 3.0 GHz  ကတော့ သုံးရတာပိုအဆင်ပြေတယ်၊ ဈေးတော့ပိုကြီးတယ်၊ ဒါပေမယ့် ဈေးကြီးသလောက် တန်တယ်၊ ဒါ့ကြောင့် သင်ရွေးချယ်ရင် 3.0 GHz ကိုရွေးချယ်ပါ၊
Hard Drive နဲ့ ပတ်သတ်လို့ နောက်ထပ်သတိထားသင့်တာကတော့ Capacity ပါ၊ Capacity ကတော့ သင်အသုံးပြုမယ့် Hard Drive ရဲ့ သိုလှောင်နိုင်စွမ်းပါ၊ သူ့ကိုတော့ Gigerbite နဲ့ တွက်ပါတယ်၊ အောက်မှာ ကွာခြားချက်နဲ့ အသုံးဝင်ပုံတစ်ချို့ကိုလေ့လာပါ၊
40 Gb = အရမ်း နည်းတယ်၊
250 Gb = အရမ်းကောင်းတယ်၊ အသုံးသင့်ဆုံး ၊ Game ကစားလို့ရပီ၊ အလုပ်တွေ မျိုးစုံ လုပ်လို့ရပီ၊
500 Gb = အကောင်းလွန်၊ သိပ်ပြီး အလုပ်တွေများလို့ဆိုရင်တော့ သုံးသင့်တယ်၊ Game အကြီးကြီးတွေကစားမယ်၊ Photoshop နဲ့ Video Editing အတွက် Ok တယ်၊
1000 Gb = လွန်သွားပီ၊ တစ်ဦးထဲသုံးတယ်ဆိုရင် လွန်လွန်းတယ်၊ အရမ်းအသုံးဝင်တာကတော့ သူငယ်ချင်းတွေ ကြားထဲရောက်တိုင်း သင်သုံးတာက  1000 GHz Hard Drive လို့ ထုတ်ထုတ် ကြွားတဲ့နေရာမျိုးပါ၊
Speed of Hard Drive
Hard Drive ရွေးချယ်ရာမှာ အရေးကြီးတဲ့အချက်တစ်ခုကတော့ Hard Drive ဘယ်လောက်မြန်မြန် အလုပ်လုပ်သလဲ၊ ဘယ်လောက်မြန်မြန် ဖတ်နိုင်သလဲ ဆိုတာပါ၊ ဒါကိုတော့ RPM နဲ့ တိုင်းတာတယ်၊ RPM ဆိုတာ Revolving Per Minute ပါ၊ တစ်မိနစ်အတွင်း Hard Drive ရဲ့ လည်ပတ်မူကိုခေါ်ပါတယ်၊ Hard Drive အမြန်နှုန်း နှစ်မျိုးရှိတယ်၊ RPM နှစ်မျိုးပေါ့၊ ပထမတစ် ခုက 7200 RPM ပါ၊ သူကတော့ တစ်စက္ကန့်ကို 7200 နှုန်းလည်ပတ်တယ်လို့ အဓိပ္ပါယ်ရတယ်၊ နောက်တစ်ခုကတော့ 10,000  RPM ပါ၊ သူကတော့ ပိုမြန်တာပေါ့၊ ဒါပေမယ့် ဒီနေရာမှာ အရေးတကြီးထည့်တွက်ရမယ့်အချက်တစ်ခုပြောမယ်၊ Hard Drive က အလုပ်လုပ်တာပိုမြန်လေ၊ အပူချိန်ပိုတက်လေပဲ၊ အပူချိန်ပိုတတ်လေ၊ ပြတ်ဖို့အတွက် ပိုပြီးနီးဆက်လေပဲ၊ ဒီတော့ 10,000 RPM ကိုသုံးမယ်ဆိုရင်ဖြင့် သင့်ကွန်ပြူတာမှာ fan အကောင်းစား တစ်ခုတပ်ထားဖို့လိုတယ်၊  72coder က အကြံပြုချင်တာကတော့ 7,200 ကိုသုံးဖို့ပါ၊ အန္တရယ်ကင်းတယ်၊ အပူချိန်သတ်သာတယ်၊ တာရှည်ခံတယ်၊
အောက်မှာတော့ Hard Drive တစ်ခုကို အညွန်း အနေနဲ့ ဥပမာ ရေးပေးလိုက်မယ်၊
Seagate Barracuda 7200 rpm 250 Gb SATA 3.0
အထက်မှာတော့ Seagate Barracuda ဆိုတာတော့ ထုတ်လုပ်တဲ့ ကုမ္မဏီနာမည်ပါ၊ 7,200 rpm ကတော့ တစ်စက္ကန့် အတွင်း Spinn (လည်ပတ်) နှုန်းပါ၊ 250 Gb ကတော့ Capacity သိုလှောင်နိုင်စွမ်းပါ၊ SATA 3.0 ကတော့ Hard Drive အမျိုးအစားပါ၊
သေချာလေ့လာပါ၊ ကွန်ပြူတာ ၀ယ်ရင် ဖြစ်စေ ၊ ပြုပြင်ရင်ဖြစ်စေ သိပ်ကိုအသုံးဝင်လှပါတယ်၊

No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ