Popular Posts

Thursday, January 31, 2013

C+ သင်ခန်းစာ

Unknown | 5:41 AM | Best Blogger Tips
C++ က ကွန်ပြူတာ Programming ဘာသာရပ်တစ်ခုပါ၊ C++ ကိုအသုံးပြုပြီး ကွန်ပြူတာ Program တွေဆွဲတယ်၊ ကွန်ပြူတာ Game တွေဆွဲတယ်၊ Compurter နဲ့ ပတ်သတ်လို့ Program ဆွဲချင်တယ်၊ Antivirus Program ၊ Game Program၊ OS Stytem  နဲ့ အခြား Program တွေကို ဆွဲတဲ့နည်းတွေကို လက်တွေ့တတ်ချင်တယ်ဆိုရင်ဖြင့် 72coder က သင့်အတွက် အသင့်တော်ဆုံး ၀က်ဆိုက်ပါပဲ၊ ဒီမှာ လက်တွေ့ သင်ကိုပိုင် Antivirus ၊ Game ၊ OS System တို့ကိုဆွဲပုံကိုတစ်ဆင့်ခြင်းလက်တွေ့သင်ကြားပေးမှာပါ၊ အစ ဆိုရင် တော့ အစ ပေါ့၊ ပြောချင်တာက အခြေခံကိုတော့ အရင်လေ့လာရမယ်၊ လက်တွေ့လိုင်းကိုတော့ Profession ဆိုတဲ့ခေါင်းစဉ်အောက်မှာသွားလေ့လာပါ၊
ကွန်ပြူတာ Program တွေကို ဆွဲဖို့အတွက်တော့ Program ဆွဲတဲ့ Software ရှိဖို့လိုတယ်၊ လူတွေအများစုကတော့ Program ဆွဲတဲ့ softwares တွေကို သီးခြားဒေါင်းလုပ်လုပ်ယူကြတယ်၊ ကံကောင်းတာကတော့ Softwares တွေအားလုံးကို free ဒေါင်းလုပ်လို့ရတာပါပဲ၊ Program တွေကိုဆွဲဖို့ အဓိကတော့ IDE လို့ခေါ်တဲ့ software နဲ့ Compiler တို့ကို ဒေါင်းလုပ်လုပ်ယူကြရတယ်၊
IDE                  ၊ IDE က သင်တို့ကို Program တွေရေးဖို့ ရေးထားတဲ့ Program တွေကို Run ဖို့အတွက် အသုံးပြုရတယ်၊
Compiler ၊            Compiler ကတော့ ကွန်ပြူတာ Program တွေကသာ နားလည်တဲ့ ကုတ်တွေကို ကွန်ပြူတာ က နားလည်တဲ့ကုတ်တွေဖြစ်အောင်  ဘာသာပြန်ပေးပါတယ်၊
လူအများစုက အထက်က IDE နဲ့ Compiler တို့ကို တစ်ခုစီခွဲပြီး ဒေါင်းလုပ်လုပ်ပါတယ်၊ နို့ပေမယ့် 72coder ကတော့  IDE ကော Compiler ကော တစ်ခါထဲပါပီးသားဖြစ်တဲ့ code block ဆိုတဲ့ software ကိုအသုံးပြုသွားမှာပါ၊ Code Block ကို ဒေါင်းလုပ်ချင်ရင် ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါတယ်၊ သင်ခန်းစာ သွက်သွားအောင် 72coder ကသင်ခန်းစာတွေကို သင်ပြတဲ့အခါမှာ သုံးတဲ့ Code :: Block Software ကိုပဲ အသုံးပြုစေချင်ပါတယ်၊ Code Block ကိုဒေါင်းလုပ်လုပ်ပြီးရင်တော့ ဒေါင်းထားတဲ့ Code Block ပေါ်မှာ ခလစ်နှစ်ချက်နှိပ်ပြီး စတင် ၍  Install ( တပ်ဆင်သည် ) လုပ်နိုင်ပါပီ၊ Install လုပ်ပုံကိုတော့ အသေးစိတ်ရှင်းမပြတော့ဘူး၊ next ဆိုတဲ့ ခလုပ်ကို 18 ကြိမ်လောက်နှိပ်လိုက်ရင်ရပါပီ၊
Install လုပ်ပြီးသွားရင် Desktop ပေါ်မှာ Code Block ကို Shortcut အဖြစ်တွေ့ရမယ်၊ အဲ့ဒီ့မှာမရှိရင် Start>All Program> Code Block ဆိုပြီးရှာနိုင်တယ် အောက်မှာကြည့်၊




အထက်က ပုံမှာတော့ Install လုပ်ပြီး မြင်နေရတဲ့ All Program မှာ ရှိတဲ့ Code Block ပါ၊ သူ့ပေါ်မှာ Right Click ထောက်ပြီး Send to Desktop ဆိုတဲ့ Option ကိုနှိပ်လိုက်ရင် သင့်ကွန်ပြူတာ ရဲ့ Desktop ပေါ်မှာ ShortCut အဖြစ် Code Block ရောက်သွားလိမ့်မယ်၊ အောက်က ပုံမှာပြထားတဲ့အတိုင်း၊




အထက်က ပုံမျိုး သင့်ကွန်ပြူတာ ရဲ့ Desktop ပေါ်မှာပေါ်နေပီဆိုရင်တော့ Code Block ကိုသုံးဖို့အတွက် အဆင်သင့်ဖြစ်နေပါပီ၊ အဲ့ဒီ့ CodeBlock ပေါ်မှာ ခလစ်နှစ်ချက်နှိပ်လိုက်ရင် အောက်ပါအတိုင်း ပုံနဲ့ CodeBlock ပွင့်လာမယ်၊ ဒါဆိုရင်ခဏစောင့်လိုက်၊





အထက်က ပုံအတိုင်း CodeBlock ပွင်းလာရင်ခဏစောင့်ပါ၊ ဒါဆိုရင်တော့ အောက်က စာမျက်နှာမျိုးပြောင်းသွားမယ်၊




အထက်က ပုံမျိုး အဆင့်ရောက်လာရင် Tip box လေးကို Close နှိပ် ပြီး ပိတ်လိုက်ပါ၊




အခုက Project အသစ်တည်ဆောက်မှာ ( ကုတ်စရေးမှာ/ စီမံကိန်းအသစ် စမှာ)  ဖြစ်တဲ့အတွက် အထက်က ပုံရှိ အပြာရောင် folder လေးပေါ်မှာ ( အနီရောင်မြားပြထားတယ်) ခလစ်တစ်ချက်နှိပ်ပြီး Project အသစ်ကိုဖွင့်ရမယ်၊ နောက်တစ်နည်းကတော့ File > New > Project လို့သွားပြီး Project ပေါ်မှာ ခလစ်တစ်ချက်နှိပ်ပြီးတော့လဲ Project အသစ်ဖွင့်နိုင်ပါတယ်၊ နှစ်နည်းထဲက တစ်နည်းပဲသုံနောက်၊ Project အသစ်ဖွင့်လိုက်ရင် အောက်က ပုံစံ window တစ်ခုပေါ်လာမယ်၊



အထက်က ပုံမှာတော့ သင်ဖန်တီးလို့ရတဲ့ Project အမျိုးအစားတွေကိုပြထားပါတယ်၊ အထက်က များပြထားတဲ့ Consloe Application ဆိုတဲ့ Project ကိုနှိပ်လိုပ်ပါ၊ သူ့ကိုတော့ ဒီသင်ခန်းစာမှာ Project အသစ်တည်ဆောက်တိုင်း ရွေးချယ်ရလိမ့်မယ်၊ Consloe Application ဆိုတာ ကတော့ အလွယ်ပြောရင် အခြေခံ အလွယ် Computer Program တွေကို တည်ဆောက်ဖို့ Project လို့ပဲသိထားပါ၊ Console App ပေါ်မှာ ခလစ်တစ်ချက်နှိပ်ပြီး Select မှတ်လိုက်ပါ၊ ပြီရင် ညာဘက်က Go ဆိုတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ ဒါဆိုရင်အောက်ပါအတိုင်း window ပေါ်လာမယ်၊


အထက်က window ပုံပေါ်လာရင်တော့ C++ ဆိုတဲ့နေရာမှာ Select လုပ်ပါ (C++ ပေါ်မှာ select  သေချာလုပ်ပါ၊ C ပေါ်မှာ Select မလုပ်ဖြစ်အောင်သတိထား)၊ ပြီးရင် Next ကို ခလစ်တစ်ချက်နှိပ်၊



အထက်က လို window ပုံပေါ်လာရင်ဖြင့် မြားနီပြထားတဲ့နေရာမှာ သင်ကြိုက်တဲ့နာမည်ကိုပေးပါ၊ နောက်ထပ် တစ်ကွက်မှာတော့ ဘယ်နေရာမှာသိမ်းမလဲလို့မေးမှာပါ၊ ကြိုက်တဲ့နေရာသိမ်းနိုင်တယ်၊ အရေးမကြီးဘူး၊ ပြီးရင် Next ဆိုတဲ့ခလုပ်ကို နှိပ်လိုက်၊



အထက်က ပုံစံ window ပေါ်လာရင်ဖြင့် အနီရောင်မြားပြထားတဲ့နေရာမှာ GNU GCC Compiler လို့ရွေးပါ၊ တကယ်တော့ အားလုံး က သူ့အလိုလို သေချာ စီစဉ်ပြီးသားဖြစ်နေမှာပါ၊  အထက်က ပုံမှာ ပြထားတဲ့ Setting အတိုင်း သင့်ရဲ့ Code Block ထဲမှာဖြစ်နေလားလို့သေချာ စစ်ကြည့် ပြီးရင်တော့ Finish ကိုနှိပ်လိုက်ပါ၊ ဒါဆိုရင် ဘာမှမပါတဲ့ ပြောင်စာမျက်နှာပေါ်လာမယ်၊ အောက်မှာကြည့်၊



အထက်ကစာမျက်နှာမျိုးပါ၊ ညာဘက်က main.cpp ဆိုတာတော့မပါသေးဘူး၊  သူ့ကိုတွေ့အောင် Sources ဆိုတဲ့နေရာမှာခလစ်နှစ်ချက်နှိပ် ဒါဆိုရင်တော့ main.cpp ဆိုတဲ့ ဖိုင်ပေးလာမယ်၊ ခလစ်နှစ်ချက်နှိပ်လိုက် ဒါဆိုရင်တော့ ညာဘက်မှာ အထက်က ပုံမှာ ပြထားတဲ့အတိုင်း အခြေခံကုတ်တွေကို အဆင်သင့်ရေးပေးထားတဲ့ စာမျက်နှာပေါ်လာမယ်၊  အဲ့ဒီ့မှာရှိတဲ့ ကုတ်တွေကို လောလောဆယ်တော့ သင်ဘာမှနားလည်ဦမှာမဟုတ်သေးဘူး၊ နို့စိတ်မပူနဲ့ 72coder တာဝန်ထားလိုက် သေချာရှင်းပြမယ် နောက်အခန်းတွေမှာ အခုတော့ Code Block အလုပ် လုပ်လားမလုပ်လားသေချာ သိရအောင် အဲ့ဒီ့ အခြေခံကုတ်ကိုပဲ Build & Run လုပ်ကြည့်မယ်၊ (Build & Run ဆိုတာကိုလဲ နောက်မှ အသေးစိတ်ရှင်းပြမယ်၊) Build & Run လုပ်ဖို့အတွက် အပေါ်ပုံမှာ မြား အနက်ပြထားတဲ့ Build & Run ဆိုတဲ့ Icon လေးကိုခလစ်တစ်ချက်နှိပ်ပါ၊ ( Gear လေးနဲ့ အစိမ်းရောင် တြိဂံ လေးပြထားတယ်)၊ အဲ့ဒီ့ခလုပ်ကို တစ်ချက်နှိပ်လိုက်ရင်တော့ main.cpp ဆိုတဲ့ Program ကို တည်ဆောက်ပြီး Run လိုက်လိမ့်မယ်၊ ဒါဆိုရင် အနက်ရောင် window တစ်ခုပေါ်လာမယ်၊ အောက်က ပုံအတိုင်း




အထက်က လိုပုံပါတဲ့ windwo ကျလာပြီး Hello world ဆိုတဲ့စာသားကိုတွေ့ရင် အားလုံး အဆင်ပြေတယ်၊ Code Block လဲ အလုပ်ဖြစ်တယ် ဒါဆိုရင် နောက်သင်ခန်းစာတွေကို ချောချော မွေ့မွေ့ စတင်လို့ရပီ၊ အခုသင်ခန်းစာရဲ့ ရည်ရွယ်ချက်က Code Block ကို Install လုပ်ဖို့နဲ့ Install လုပ်ထားတဲ့ Code Block အလုပ်ဖြစ်လားမဖြစ်ဘူးလား စမ်းသပ်ဖို့ ရေးထားတဲ့ကုတ်တွေကို စဉ်းစားမနေနဲ့ နောက်အခန်းမှာ သေချာရှင်းပြမယ်၊  

No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ