Popular Posts

Saturday, January 26, 2013

ဗီယက်နမ် အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်း နဲ့ ရန်ကုန် တက္ကသိုလ်ဒေါက်တာဘွဲ့ 

Unknown | 7:53 AM | Best Blogger Tips

                       ဗီယက်နမ် ခေါင်းဆောင်ကြီး ဟိုချီမင်း မြန်မာပြည်ကိုလာရောက်ဖူးပါတယ်။၁၉၅၈ ခုနှစ်ကပါ။
                                                (ဗီယက်နမ် ခေါင်းဆောင်ကြီး ဟိုချီမင်း ၁၈၉၀-၁၉၆၉)
သူရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ လက်ခံရယူခဲ့
ပါတယ်တဲ့။သူ့ ရဲ့ မြန်မာပြည်ခရီးစဉ်ဆိုင်ရာ ဓါတ်ပုံ ၃ ပုံကို အွန်လိုင်းမှာတွေ့ ရလို့ ကူးယူဖော်ပြလိုက်ပါတယ်။
မြန်မာ နဲ့ ဗီယက်နမ်က မိတ်ဆွေ နိုင်ငံတွေပါ။ဗီယက်နမ်က ၁၉၅၄ မှာ ပြင်သစ်လက်အောက်ကနေ လွတ်လပ်ရေး
ရပါတယ်။လွတ်လပ်ရေး ရပြီးတဲ့ ဗီယက်နမ်ကို ပထမဆုံးရောက်သွားတဲ့ ပြည်ပခေါင်းဆောင်က အိန္ဒိယ
ဝန်ကြီးချုပ် နေရူးပါ၊ဒုတိယရောက်သွားသူကတော့ မြန်မာဝန်ကြီးချုပ် ဦးနု ဖြစ်ပါတယ်။
ဒီနှစ် မတ်လက သမ္မတကြီး ဦးသိန်းစိန် ဗီယက်နမ်သွားတော့ ဟိုချီမင်း အထိမ်းအမှတ် ဗိမာန်မှာ ပန်းခွေချ
အလေးပြုခဲ့ပါသေးတယ်။
                                                            (တိုက်ပုံ၊ခေါင်းပေါင်း နဲ့ ဟိုချီမင်း)
ဗီယက်နမ်တွေက သူတို့ ရဲ့အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းကို ဦးလေးဟို လို့  ချစ်ခင်လေးစားစွာ ခေါ်ဆို
ကြကြောင်း  ဖတ်ဖူးပါတယ်။ဦးလေးဟို အကြောင်း စာအုပ်ရေးသားပြုစုခဲ့ကြဖူးတဲ့ မြန်မာစာရေးဆရာ အနည်းဆုံး
၎ ဦးရှိတဲ့အတွက် မြန်မာစာဖတ်ပရိတ်သတ်က သူနဲ့ နီးစပ်ခဲ့ပါတယ်။ထူးခြားချက်တွေထဲက တစ်ခုကတော့
အရပ်သားတစ်ယောက်လို နေထိုင် ပြုမူတာပါပဲ။
(အဲဒီအကြောင်းကို ဒီနေရာမှာ http://www.zaygwet.com/diary.php?id=64 ဖတ်ရှုနိုင်ပါတယ်)
အွန်လိုင်းမှာ ရှာကြည့်ရင် သူ့ ရဲ့ ထင်းခွဲ၊ရေခပ်၊ငါးမျှားနေတဲ့ ပုံတွေကို တွေ့ ရမှာပါ။
  
  အထက်က ဆိုခဲ့သလို ရန်ကုန်တက္ကသိုလ်ကလည်း ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးခဲ့တာပါ။အဲဒီခေတ်က
ရန်ကုန်တက္ကသိုလ်ဟာ အရှေ့ တောင်အာရှမှာ ထိပ်တန်းတက္ကသိုလ် အဆင့်ရှိတဲ့အတွက် ဆုပေးသူအတွက်ရော
ဆုလက်ခံသူအတွက်ပါ  ဂုဏ်ရှိခဲ့တယ်လို့  ဆိုနိုင်ပါတယ်။

No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ