Popular Posts

Friday, December 21, 2012

ကမ္ဘာပျက်မည့်နေ့(ယနေ့)စောင့်ကြည့်သူများနှင့် ပြည့်နေသော မေယာန် ဘုရားကျောင်းမြင်ကွင်း

Unknown | 12:26 PM | Best Blogger Tips
မင်္ဂလာပါ

ယနေ့ တကမ္ဘာလုံး ရဲ့ အထူးစိတ်ဝင်စားခြင်းခံရတဲ့ နေ့တစ်အဖြစ် မေယာန်လူမျိုးတွေ အသုံးပြုတဲ့ ပြက္ခဒိန်အဆုံးသတ်တဲ့နေ့ သို့တည်းမဟုတ် ကမ္ဘာပျက်မည့်နေ့ မြင်ကွင်းအား ဧဒင်ဥယျာဉ်အသုံးပြုသူများသာမက မြန်မာတွေလည်း သိမြင်ရစေဖို့ကျွန်တော်တို့ အချိန်မှီဘာသာပြန်တင်ဆက်ပေးပါတယ် ခင်ဗျာ ။

ယနေ့ ကမ္ဘာပျက်မည့်ရက်လို့ အမည်တပ်တဲ့ထိုမေယာန်လူမျိုးများအသုံးပြုတဲ့ ပြက္ခဒိန်ပုံ

ယနေ့ မေယာန်လူမျိုးများ ရဲ့ဘုရားကျောင်းတည်ရှိရာ ဂွာတီမာလာ တွင်တော့  မေယာန်လူမျိုးများ ၊ မက္ကဆီကန်များ ၊ ကမ္ဘာလှည့်ခရီးသည်များ နဲ့ တရားဟောဆရာများဖြင့်  ပြည့်နေခဲ့ပြီး ကြယ်တာရာဘုရားကျောင်း ရှေ့မှာ စုဝေးနေကြတာ တွေ့ရမှာဖြစ်ပါတယ် ။  မေယာန်လူမျိုးတွေထဲက ရှေးနတ်ခေတ်ပညာရှင်တွေနဲ့ ဆုတောင်းပွဲတွေ အယူသည်းတဲ့ ဘာသာရေး ဆရာတွေရဲ့ ဟောပြောမှု့တွေ နဲ့ အတူ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ပြည့်နက်နေတာတဲ့ မေယာန်ဘုရားကျောင်းရှေ့မှာတော့ သူတို့လူမျိုးတွေရဲ့ထင်မြင်ချက်တွေနဲ့အတူ သတင်းသမားတွေ ကလည်းပြည့်နှက်နေကြခဲပါတယ် ။

မေယာန် ပိရိမစ်ပြက္ခဒိန်


အားလုံးသိပြီးတဲ့အတိုင်း (မသိသူတွေလည်းရှိမှာပေါ့) မေယာန်လူမျိုးတွေရဲ့ နှစ်ပေါင်း 5200 ကျော် ရေတွက်လာခဲ့တဲ့ ပြက္ခဒိန်ဟာ ဘာကြောင့် ယနေ့ 21.12.2012 မှာအဆုံးသတ်တယ်ဆိုတာကိုတော့ မည်သူမျှ တိတိကျကျမပြောနိုင်ပဲ ထင်မြင်မှု့တွေ ၊ အယူသီးမှု့တွေ ၊ ဖြစ်တန်စွမ်းတွေနဲ့သာ ဖြေနေကြတာကိုလည်းတွေ့ကြမည်ဖြစ်ပါတယ် ။



ယနေ့လွန်ခဲ့တဲ့ ၅ နာရီခန့်က နီကွာရာဂါ နိုင်ငံ တော်တူဂူအီယို ဒေသသို့ထွင်းထုထားတဲ့ကျောက်တုံးတစ်တုံးမိုးပေါ်ကကျလာတာကိုတွေ့ရပါတယ်လို့ မေယာန်လူမျိုးတွေရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပြီး ထိုသို့ဖြစ်သည့်အတွက် အဖြစ်အပျက်ဆိုးတွေ ကမ္ဘာကြီးပေါ်ကို ကျရောက်လာတော့မယ်လို့ မေယာန်လူမျိုးတွေက ယုံကြည်ပြီး ဆုတောင်းပွဲတွေပြုလုပ်နေတာကိုလည်း တွေ့ကြရမည်ဖြစ်ပါတယ် ။

ထို့အပြင် ပြင်သစ်နိုင်ငံအချို့ဒေသတွေမှာလည်း ယနေ့တိတ်ဆိတ်ပြီး အိမ်တွင်းပုန်းနေကြတာကို ထူးထူးဆန်းဆန်းတွေ့ရပြီး သက်တမ်းရင့်ဝိုင်များကို ချစ်သူတွေသောက်ဖို့အထူးရောင်းချပေးတဲ့ စားသောက်ဆိုင်ကိုလည်း တွေ့ရမည်ဖြစ်ပါတယ် ။

ဆက်လက်ပြီး တစ်ချို့ခေတ်မှီသော မေယာန်လူမျိုးများကလည်း ယနေ့အပြီး နောက်ဆက်လက်ရှင်သန်မယ့် ကမ္ဘာမှာ ပိုမိုကောင်းမွန်စေဖို့ ဆုတောင်းခြင်းတွေပြုလုပ်ကြတယ်လို့လည်း The Telegraph သတင်းဌာန က သတင်းအဖြစ်တင်ဆက်သွားခဲ့ပါတယ် ။

အဆိုးဆုံးက အမေရိကန် နာဆာသို့ မည်သို့ဖြစ်ပျက်နေသည် ၊ မည်သို့ ပြောင်းလဲနေသည် ကိုစုံစမ်းသော ဖုန်းခေါ်ဆိုမှု့များက ယခု ဒီဘလော့တင်သည့်အချိန်ထိ များစွာရှိနေကြောင်းကိုလည်း အထူးအဆန်းအဖြစ်သိရှိရမှာဖြစ်ပါတယ် ။ထိုသို့ခေါ်ဆိုမှု့များမှာမေယာန်လူမျိုးတွေအများတယ်လို့လည်း UK အခြေဆိုက် Guardian သတင်းဌာနမှာ ဖော်ပြသွားတာကို တွေ့ရပါတယ်ခင်ဗျာ ။

ဖြစ်တာမဖြစ်တာ ပျက်တာမပျက်တာတွေ ဖယ်ပြီး လက်တွေ့ကျကျသုံးသပ်ရမယ်ဆို ယခု 2012 အတွင်း မေယာန်လူမျိုးများတည်ရှိရာ ဂွာတီမာလာ ရှိ ဘုရားကျောင်း နှင့် မက္ကဆီကိုရှိ ဘုရားကျောင်းသို့ ကမ္ဘာလှည့်ခရီးသည် 2 သန်းကျော် လည်ပတ်ပြီးဖြစ်ကြောင်းကိုလည်း သတင်းဌာနများက တွက်ပြသွားခဲ့ကြပါတယ် ။

နာဆာ ကတော့ယနေ့ကမ္ဘာပျက်မှာမဟုတ်ဘူးလို့ ပြောကြားနေတာကို သင်ဖုန်းဆက်ပါက သိနိုင်မည်ဖြစ်ပါတယ် ။ သူတို့က 13 ရက်နေ့တည်းက 21 ရက်နေ့ကမ္ဘာမပျက်မည့်အကြောင်းကို ပြောနေခဲ့တာဖြစ်ပါတယ် ။

ကျွန်တော်တို့ ယခုနေထိုင်တဲ့ ကမ္ဘာအရှေ့ခြမ်းမှာတော့ ကမ္ဘာပျက်မည့်နေ့ အဖြစ် 21.12.2012 ကိုကျော်ဖြတ်ခါနီးဖြစ်နေပေမည့် ဂွာတီမာလာ နိုင်ငံ ရဲ့ ကြယ်တာယာ ဘုရားကျောင်းရှေ့ ကွင်းပြင်မှာတော့ ကြိတ်ကြိတ်တိုးနေတဲ့ပွဲတော်ကြီးကို ရင်ခုန်စွာ ဆင်နွဲနေသူတွေ ရှိနေကြောင်းဧဒင်ဥယျာဉ်အဖွဲ့သားများ အတွက် ဗဟုသုတ အလို့ငှာဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ ။

No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ