Popular Posts

Sunday, November 11, 2012

Photoshop ဖြင့် ဒီဇိုင်းရေးနည်း

Unknown | 11:43 AM | Best Blogger Tips
အခုတင်ပြမယ့် အကြောင်းအရာကတော့ နောက်ခံဒီဇိုင်းပြောင်းထည့်နည်းတစ်နည်းပါ။ အလွယ်တကူ လိုက်ပါဆောင်ရွက်နိုင်အောင် တင်ပြလိုက်ပါတယ်။
ဒါကတော့ မင်းသမီးချော သဇင်ရဲ့ဓာတ်ပုံလေးပါ။

အခုနောက်ခံပြောင်းပြီးရရှိလာတဲ့ပုံလေးပါ။
ထုံးစံအတိုင်း မူလဓာတ်ပုံလေးကို သင့်ကွန်ပျူတာထဲကို ကူးထည့်လိုက်ပါ။
အဆင့်(၁)
Photoshop ကိုသုံးပြီး သဇင်ရဲ့မူလဓာတ်ပုံလေးကိုဖွင့်လိုက်ပါ။
Ctrl + A ကို နှိပ်ပြီး Select All လုပ်ပါ။ Ctrl + C နှိပ်ပြီး Copy ကူးပါ။ Ctrl + V နှိပ်ပြီး Paste လုပ်ပါ။
Layer Palette မှာ Layer1 ဆိုပြီး Layer အသစ်ပေါ်လာပါမယ်။
အဆင့်(၂)
Filter menu က Extract…ကိုရွေးလိုက်ပါ။
အောက်ပါအတိုင်းပေါ်လာပါမယ်-
Brush size ကို 30 မှာ ထားလိုက်ပါ။
သဇင်ရဲ့ပတ်လည်ကို စိတ်ရှည်လက်ရှည်လေး Mouse ကိုဖိဆွဲလိုက်ရင် အစိမ်းရောင်လေးပေါ်လာပါမယ်။
Fill Tool ကို ရွေးလိုက်ပါ။
သဇင်ရဲ့တစ်နေရာရာမှာ Click လုပ်လိုက်ပါ။ အပြာရောင်ပေါ်လာပါမယ်။
Preview ကို Click လုပ်ပါ။ အောက်ပါအတိုင်းရရှိပါမယ်။
OK ကို Click လုပ်လိုက်ပါ။အဆင့်(၃)
Background Layer ကို Click လုပ်ပါ။
Ctrl + A ကို နှိပ်ပြီး Select All လုပ်ပါ။ Delete လုပ်ပါ။ Gradient Tool ကို ရွေးချယ်ပါ။
Orange, Yellow, Orange အရောင်ကို ရွေးလိုက်ပါတယ်။ မိမိနှစ်သက်တာကိုလည်းရွေးချယ်နိုင်ပါတယ်။
ဘယ်ဖက်အပေါ်ထောင့်ကနေ ညာဖက်အောက်ထောင့်ကို ဆွဲချလိုက်ပါ။
အဆင့်(၄)
Layer1 ကို Click လုပ်ပါ။
Zoom Tool ကို ရွေးချယ်ပါ။
ဆံပင်ဘေးမှာ အပြာကွက်ပေါ်နေတဲ့နေရာကို Click လုပ်ပြီး 200% အထိ ချဲ့လိုက်ပါ။
Polygonal Lasso Tool ကိုရွေးလိုက်ပါ။
အောက်မှာပြထားတဲ့အတိုင်း Select လုပ်ပါ။
Delete Key ကို နှိပ်ပါ။ Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။
အဆင့်(၅)
Hand Tool ကို Double Click လုပ်ပါ။
အဆင့်(၄)မှာလုပ်တဲ့နည်းအတိုင်း သဇင်ရဲ့ဘေးက အပြာရောင်လေးတွေကို ဖျောက်ပေးပါ။
နောက်ခံဒီဇိုင်းပြောင်းထားတဲ့ အောက်ပါပုံလေးကို ရရှိမှာဖြစ်ပါတယ်။
မိမိနှစ်သက်တဲ့ဓာတ်ပုံများနဲ့လည်း ဖန်တီးနိုင်ပါမယ်။ မိမိဥာဏ်ရှိသလို လိုအပ်တဲ့နေရာတွေမှာ ထည့်သွင်းပြီး ဒီဇိုင်းများဖန်တီးပေးနိုင်ရန် တင်ပြပေးလိုက်တာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ ဒီဇိုင်းရေးဆွဲနည်းကတော့ အခြေခံအဆင့်လောက်ပဲရှိသေးတာပါ။ အဆင့်မြင့် နည်းပညာတွေကိုလည်း ဆက်လက်ရေးသားတင်ပြပေးသွားဦးမှာဖြစ်ပြီး အခြေခံသင်ခန်းစာ တွေကိုလည်း ဆက်လက်တင်ပြပေးသွားပါမယ်။
နည်းပညာကြွယ်ဝနိုင်ကြပါစေ
..

No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ