"အခုလို အစိုးရက အကြမ်းဖက်ဖြိုခွင်းလိုက်တာ မှားယွင်းတဲ့လုပ်ရပ်လို့
ပထမပြောချင်တယ်။ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့တောင်
ငြိမ်းချမ်းရေးရဖို့ စက
ားပြော နိုင်သေးတာ အခုဟာက လယ်သမားတွေက သူတို့နစ်နာချက်တွေကို
ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဆန္ဒပြတာကို ဘာလို့ သူတို့က စကားမပြောနိုင်ဘဲ
စစ်လက်နက် ပစ္စည်းတွေနဲ့ အသုံးပြုရတာလဲ။ အခုလို အကြမ်းဖက်
ဖြိုခွင်းမှုကြောင့် မကျေနပ်မှုတွေနဲ့ တတိုင်းပြည်လုံး
အုံကြွသွားနိုင်တာကြောင့် သူတို့ သွားနေတယ်ပြောတယ်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကိုတောင် ထိခိုက်နိုင်တယ်ဆိုတာ သူတို့ မသိဘူးလား"
ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက)
သက်သေပစ္စည်းတစ်ခု
.........................
ဒီဓာတုလက်နက်ဟာ စိုးစွပ်တဲ့နေရာတွေကို ပစ်ဖောက်လိုက်မယ်ဆိုရင် မီးလောင်စေပါတယ်။
အဲဒီရေနဲ့တွေ့ထိအခါမှာ အက်စ်အဖြစ်ပြောင်းလ...
ဲပြီး အဝတ်အထည်၊ အသားတွေကို သာမာန်မီးခဲလိုမဟုတ်ပဲ လောင်မြိုက်သွားပါတယ်။
အဓိကကတော့ ရေနဲ့တွေ့ရင်ပိုပြီး လောင်မြိုက်စေတယ်။
လောင်အားကောင်းတယ်ပေါ့ဗျာ။
အဲဒါကြောင့် ရဟန်းရှင်လူတွေကို ရေနဲ့ အရင်ဖြန်းလိုက်တယ်။ ပြီးတော့မှာ
ယခုမြင်တွေ့ရတဲ့ လက်နက်ဆန်းတွေနဲ့ ပြည်သူတွေကို ပစ်ပေါက်ခဲ့တာ
ဖြစ်နိုင်တယ်ဟု ဒေါက်တာကျော်စွာကပြောခဲ့ပါတယ်။
အာသောက
ဒီလို ဖြစ်ရပ်တွေ ရှိနေသရွေ့ ...
အစိုးရကို အယုံအကြည်ရှိဖို့နဲ့ တပ်မတော်ကို နားလည်လက်ခံဖို့ကို ...
ဘယ်ပြည်သူမှ ...
စဉ်းစားကြမှာမဟုတ်ပါဘူး ..။
သပိတ်စခန်းက ရဟန်းရှင်လူတွေ ဒီလောက်မရိုင်းပါဘူး...။
လွှတ်တော်နဲ့ အဖွဲ့အစည်းတွေ အားလုံးပေါင်းပြီး ညှိနှိုင်းဖြေရှင်းလို့ရတဲ့ အခြေအ နေ ပေးနေပါလျက်နဲ့
အခုလို စီမံလိုက်တာဟာ အခုလို ပြည်သူချစ်တဲ့ အစိုးရ ပြည်သူချစ်တဲ့တပ်မတော် ဖြစ်ဖို့ .....
စဉ်းစားကြမှာမဟုတ်ပါဘူး ..။
သပိတ်စခန်းက ရဟန်းရှင်လူတွေ ဒီလောက်မရိုင်းပါဘူး...။
လွှတ်တော်နဲ့ အဖွဲ့အစည်းတွေ အားလုံးပေါင်းပြီး
အခုလို စီမံလိုက်တာဟာ အခုလို ပြည်သူချစ်တဲ့ အစိုးရ ပြည်သူချစ်တဲ့တပ်မတော် ဖြစ်ဖို့ .....
လုံးဝ မဖြစ်နိုင်သေးပါ။
ဖော့စဖိတ် ပါဝင်တဲ့ လက်ပစ်ဗုံး phosphorus genrade ဆိုတာက ဓာတုဗေဒ လက်နက် အမျိုးအစားမှာပါဝင်ပြီး ပေါက်ကွဲမှူအနီးအနားမှာရှိတဲ့ လူနဲ့ ရေဓာတ်ပါတဲ့ စိုစွတ်တဲ့ အရာတွေကို...
မီးလောင်ကျွမ်းစေနိုင်တာမျိုးပါ ။
ဒီလက်နက်မျိုးကို ဒုကမ္ဘာစစ် အတွင်း ၁၉၄၅ ခုနှစ် မန္တလေး မြို့သိမ်းတိုက်ပွဲ
မှာအင်္ဂလိပ်တပ်တွေက ဂျပန်တပ်တွေ ကို ပထမဆုံးနဲ့ နောက်ဆုံး မြန်မာ့မြေပေါ်မှာ
စမ်းသပ်အသုံးပြုခဲ့ပါတယ်။ အင်မတန်မှ ရက်စက်လှပြီး ခံစားရသူကို သေရာပါ
ဒါဏ်ရာဒါဏ်ချက်များစွဲကပ်စေကာ နောက်ဆက်တွဲဝေဒနာများအဖြစ်
အသည်းနဲ့ကျောက်ကပ် ရောဂါများပါ ရရှိနိုင်စေပါတယ်။မြန်မာမြေပေါ်မှာသာ အထူးအဆန်း အနေနဲ့ ဖြစ်နေပေမဲ့ တကယ်တော့ ဒီလက်နက်မျိုးဟာ ပါလက်စတိုင်းဒေသမှာ အစ္စရေးတပ်များက အသုံးပြုနေကြ သာမန်ရိုးကျ လက်နက်
တခုတောင်ဖြစ်နေပါပြီ။အမေရိကန်တပ်များကော၊ အစ္စရေးတပ်များပါ လက်ရှိဆင်နွှဲနေကြစစ်ပွဲမျိုးမှာ
လူမသိ သူမသိကော ပြောင်ပြောင်တင်းတင်းပါ အသုံးပြုနေကြတာမျိုးပါ။ လတ်တလော
အနေအထားကြည့်ပြီး အသေအပျောက် စာရင်းမများလှလို့ သိပ်မပြင်းထန်ဘူးလို့
ထင်ရပေမဲ့လဲ နောက်ပိုင်း နာတာရှည် ရောဂါများရရှိပြီး
လူညွန့်ပါတုံးစေနိုင်တဲ့အတွက် အဓိပ္ပါယ်ရှိရှိ
ရက်စက်နိုင်တဲ့လက်နက်တမျိုးပါပဲ ။
သို့ပေမဲ့လဲ ဒီလိုနိုင်ငံကြီးတွေတောင်မှ စစ်ပွဲတွေမှာပဲ သုံးကြပြီး ဒီလို
သာမန် ဆန္ဒပြ ပြည်သူတွေကို ဘယ်တုန်းကမှ မသုံးခဲ့ပါ။
သုံးခွင့်လဲမရှိပါ။ဆရာထက် တပည့်လက်ဇောင်းထက်ဆိုသလို ကျောင်းသားတွေကို
ရီကွိုင်ဂန်းနဲ့ပစ်ဖမ်းခဲ့တဲ့ ဗိုလ်နေဝင်းထက် လက်ရှိ
ဦးသိန်းစိန်ဒီမိုကရေစီ အစိုးရက အပုံကြီးသာသွားပါပြီ။ ကောင်းပြီ၊
ကချင်စစ်ပွဲတွေကို မရပ်နိုင်ဘူး။ စစ်တပ်ကို စွပ်ဖက်လို့မရပါဘူးလို့
ငြင်းဆန်လို့ ရကောင်းရနိုင်ပေမဲ့ ဒီလို ပြည်တွင်းကဆန္ဒပြပွဲ တွေကိုတော့
သမ္မတကြီး တာဝန်မရှိပါဘူးလို့ ကိုယ်လွတ်ရုန်းလို့ မရလောက်ပါဘူးနော်။
မျက်ရည်ယို ဗုံးလောက်ပါဆိုပြီး ဗြောင်လိမ်ဖို့လဲ မကြိုးစားပါနဲ့တော့။
မျက်ရည်ယိုဗုံး ရဲ့ အရသာကို ကျွန်တော် အပါအဝင် ပြည်သူများ၊
သံဃာတော်အများအပြား ကပါ ၂၀၀၇ ရွှေဝါရောင်မှာတုန်းက
ကောင်းကောင်းကြီးမြည်းစမ်းဖူးခဲ့ ပြီးပါပြီ။ မျက်ရည်ယိုဗုံးနဲ့ မီးလောင်ဗုံးဟာ အတော်ကွာခြားမှန်း ကာယကံရှင် များရဲ့ သေရာပါ ဒဏ်ရာ များက သက်သေခံသွားပါပြီ။
လက်ရှိ ဖေ့ဘုတ်ပေါ်ရထားတဲ့ ဗုံးရဲ့ ဓာတ်ပုံနဲ့ မူရင်း မီးလောင်ဗုံး အစစ်ပုံကို ယှဉ်တွဲပြသထားလိုက်ပါတယ်။ အဆင့်ဆင့် ရှယ်နေကြတာက ယူလာတာဖြစ်ပြီး မူရင်း ဓာတ်ပုံဆရာကို မသိရှိနိုင်တဲ့အတွက် ခရက်ဒစ်မပေးနိုင်တာတော့ ခွင့်လွှတ်ပါခင်မျာ။
တခုတောင်ဖြစ်နေပါပြီ။အမေရိကန်တပ
လက်ရှိ ဖေ့ဘုတ်ပေါ်ရထားတဲ့ ဗုံးရဲ့ ဓာတ်ပုံနဲ့ မူရင်း မီးလောင်ဗုံး အစစ်ပုံကို ယှဉ်တွဲပြသထားလိုက်ပါတယ်။ အဆင့်ဆင့် ရှယ်နေကြတာက ယူလာတာဖြစ်ပြီး မူရင်း ဓာတ်ပုံဆရာကို မသိရှိနိုင်တဲ့အတွက် ခရက်ဒစ်မပေးနိုင်တာတော့ ခွင့်လွှတ်ပါခင်မျာ။

No comments:
Post a Comment