Popular Posts
-
Y325 T00 လိုဖုန်းတွေမှာ Recovery ၀င်ရခက်ပါတယ်...ဒီလိုမျိုးဖုန်းတွေမှာ recovery အလွယ်ဝင်တဲ့နည်းလမ်းကတော့ Shuame tool နဲ့ဖြစ်ပါတယ်... ပထမဆုံ...
-
============================= Coolpad ဖုန်းလေးတွေ ဈေးကွက်ဝင် အသုံးများလာနေ.... Service လုပ်ပေးရင်း Firmware ပြန်တင်ဖို့လိုလာတဲ့အခါ .... ...
-
"နွား"ကိုချောက်ထဲတွန်းချလိုက်ပါ တစ်ခါက.. ဥာဏ်ပညာနဲ့ပြည့်စုံတဲ့ လူတစ်ယောက်ဟာ တပည့်တစ်ယောက်နဲ့အတူ ခရီးကြမ်းတစ်ခုကို ထွက်ခွာခဲ့ပါသတဲ...
-
၁။ http://mittaayeyeik.groupsite.com/group/library/discussion/topic/sh... လင့်ခ် အပြည့်အစုံတင်ပေးလိုက်တယ်..ဒီဆိုဒ်မှာ မြန်မာစာအ...
-
Huawei firmware တင်နည်းပါ၊အသုံးပြုရမည် software ကတော့ Huawei Multidownloader software ပါ ၊အရင်းဆုံ software ကို ဒီနေရာမှာ ကလစ်နှိပ...
-
WiFi hack တဲ့ software တွေကတော့ အမျိုးမျိုးနဲ့ အများကြီးရှိကြပါတယ်...... ဒါကတော့ ကိုယ်တိုင် hack နည်းလေးပါ...။ သူငယ်ချင်းတို့ စမ်းဖူးလားတော...
-
ကဲ ၀ါသနာရှင်များ အတွက် တင်ပေးလိုက်တယ် အဆင်ပြေမယ် လို့ မျှော်လင့် ပါတယ် နော်.. ဒေါင်းရန်... ဒီမှာ
-
Coolpad ပေါင်းများစွာကို Root လုပ်ပေးနိုင်တဲ့ Tool လေး ဖြစ်ပါတယ်။ ဒီ Tool လေးက ဟိုတစ်ချိန်တုန်းက ခေတ်စားခဲ့တဲ့ Tool လေး ဖြစ်ပါတယ်။ လူတိုင်း...
-
Coolpad 7060 Model ကို Root ပြီး Myanmar Font ထည့်တဲ့အချိန်ဖြစ်တက်တဲ့ Logo ကနေပြန်လည်မတက်နိုင်တော့တဲ့ အခြေနေမှာ ပြန်လည်ဖြေရှင်းနိုင်အောင် ...
-
ကျွန်တော် တို့ Coolpad 7270 ကို root ကြမယ်ဆိုရင် အရင်ဆုံး ပြေးသတိရမိမှာက Vroot ပေါ့နော်။ အဲဒီကောင်မှမကယ်နိုင်ရင်တော ထပ်ရှာကြည့်တော့ China R...
Friday, October 19, 2012
အင်တာနက်ကနေ ဖုန်းကို ဖရီးခေါ်မယ်(မြန်မာနိုင်ငံအပါ)
ကျွန်တော်စမ်းတာတော့ တကယ်ရတယ်ဗျ ။ ဒါကြောင့် ပြန်ရှဲပေးလိုက်တာ ။ ရသလောက်ဆိုဒ်တွေကို ပြန်တင်ပေးပါတယ် ။ တစ်ဆိုဒ်ချင်း အသုံးပြုပုံကို ကျွန်တော် မရေးတော့ပါဘူး ။ ကိုယ့်ဖာသာကို ကလိစူးစမ်းကြပါလို့ ။ ဟုတ်ပါတယ်ဗျာ ။ ဆိုဒ်တစ်ခုရဲ့ အသုံးပြုပုံကို ရေးပေးစရာမလိုတော့ပါဘူး ။ ဘာလို့ဆိုတော့ နေ့တိုင်း ကျွန်တော်တို့တွေ ဆောပ်ဝဲလ်တစ်ခု မဟုတ်တစ်ခု အသုံးပြုနေကြပါတယ် ။ ဓါတ်ပုံပြင်တဲ့ သူလည်း ဖိုတိုရှောပ်.. အမျိုးမျိုးပဲလေ ။ အဲဒါတွေတောင်မှ သုံးတတ်တာကို ဒီလို ဆိုဒ်ကလေးလောက်တော့ သနားပါတယ်လို့ ပြောလိုက်ပါ ။ Option ဘယ်နှစ်ခုပါလို့လဲ ။ မရရင် တွေ့သမျှ အကုန်လိုက်နိပ်လိုက် ။ ဘာမှမဖြစ်ပါဘူးဗျာ။ အရေးကြီးတာက သုံးတတ်ဖို့ပဲလေ ။ သူများသင်ပေးလို့ တတ်တာက သူများသင်ပေးသလောက်ပဲ ရမယ် ။ ကိုယ်ဖာသာကိုယ် တတ်တာက ကိုယ်တတ်ချင်သလောက်တတ်လို့ရတယ် ။ တတ်ချင်သလောက် လေ့လာနိုင်တယ် ။ ဒါကြောင့် ကိုယ့်အားကိုကိုးစမ်းပါလို့ တိုက်တွန်းပါရစေဗျာ ။ ဒါတော့ ကျွန်တော်ရဲ့ အတွေးအမြင်ပါ ။ အတွေးအမှန်ဆိုတာ ကိုယ်တွေးတဲ့ဘက် ကိုယ်မြင်တဲ့ဘက် မှန်တာပါနော် ။
ကဲ စကားများနေပြန်ပါပြီ ။ ကဲ အောက်က ဆိုဒ်တွေက တစ်ခုချင်းစီ စမ်းကြည့်လိုက်ပါ ။ လုံးဝခေါ်လို့ရတယ်လို့တော့ ကျွန်တော် အာမခံပါတယ် ။ စမ်းကြည့်လိုက်ပါဗျာ ။
http://localphone.com
ဒီဆိုဒ်က ကျွန်တော် စမ်းတာ တကယ်ရတယ် ။ ရတယ်ဆိုပြီးရောပဲ ဘယ်လောက်ထိ ဖရီးပေးတယ်ဆိုတာတော့ ကျွန်တော်လည်း မသိရသေးပါဘူး :)
free 5minutes call to anywhere in the world လို့တော့ ပြထားပါတယ်ဗျ ။
register လုပ်ဖို့တော့ လိုပါတယ် ။ facebook အကောင့်ရှိရင် ပိုအဆင်ပြေပါတယ် ။ sing up with facebook ကို နိပ်လိုက်ရုံနဲ့ ခဏစောင့်ပြီး အဲဒီမှာ အဲဒီဆိုဒ်မှာ သုံးဖို့ password ကို ရိုက်ထည့်ရုံနဲ့ အသုံးပြုနိုင်ပါပြီ ။ စတင်ခေါ်ဆိုနိုင်ပါပြီ ။ ဒါတော့ ကျွန်တော် စမ်းတဲ့ ဆိုဒ်ရဲ့ အနေအထားပါ ။(မြန်မာနိုင်ငံပါ ခေါ်နိုင်ကြောင်း အထူးသတင်းအနေနဖြင့် ပါးအပ်သည်။ ကျွန်တော်နိုင်ငံတွင် အသိဖုန်းနံပါတ် မရှိသဖြင့် မစမ်းလိုက်ရပါကြောင်း ထပ်လောင်းပြောကြားပါသည် :D )
နောက်တစ်ဆိုဒ်ကတော့ http://economycalling.com ပါ ။ သူရဲ့ အသုံးပြုပုံကတော့ ဒီလိုပါ ။
ထုံစံအတိုင်း သူ့ဆိုဒ်မှာ Register လုပ်ရပါမယ် ။ ပြီးရင် မိမိရဲ့အကောင့်မှာ မိမိရဲ့ ဖုန်းနံပါတ်ကို ထည့်ပါ(မိမိအကောင့်ဆိုတာ အဲဒီဆိုဒ်က အကောင့်ကိုပြောတာပါ ။ ဆိုလိုတာက ning site တွေမှာ profile သဘောမျိုး)
ပြီးရင်တော့ ခေါ်ချင်တဲ့ ဖုန်းနံပါတ်ကို နိပ် ။ များသောအားဖြင့် နိုင်ငံကို အရင်ရွေးပေးရပါတယ် ။ နိုင်ငံကို ရွေးပေးပြီးတာနဲ့ နိုင်ငံရဲ့ ကုတ်က အော်တိုပေါ်တယ် ။ကိုယ်ရိုက်ထည့်ရမှာက နောက်ကဂဏန်းတွေပဲ ။ တစ်ခုတော့ရှိတယ်နော် ။ ကျွန်တော်တို့ ထိုင်းဖုန်းမှာတော့ ဒီလိုပေါ်တယ် ။ 08 or +66 အဲလိုရှိတယ် ။ ကျွန်တော်တို့ချင်းချင်း ခေါ်ရင်တော့ 08နဲ့ပဲ ။ နိုင်ငံခြားကနေရင်တော့ +668 အဲအရင်ခံပြီးတော့ ခေါ်ရပါတယ် ။ ဒါတော့ ကျွန်တော် သိသလောက်လေးပါ ။ ကျန်တဲ့ နိုင်ငံ ဘယ်လိုလဲ ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ကြောင်းပါ ။ ကိုယ်နေနေတဲ့ နိုင်ငံရဲ့ ကုတ် အကြောင်းကိုတော့ သိထားရမယ်လေ ။ တော်ကြာနေ မရပါလား ဆိုနေမှာ စိုးလို့ ။ စကားကြောလည်း ရှည်ပြန်မိပြီ ။ အဲ... သူငယ်ချင်းတွေကို ခေါ်တဲ့အဆင့်ရောက်ပြီနော် ။ မိမိအကောင့် မိမိဖုန်းနံပါတ်ကို ထည့်ထားပြီးရင်တော့ ခေါ်လိုက်တော့ပေါ့ ။ အဲဒီခါကျရင် သင့်ဖုန်းထဲကို Code ကို ဆိုဒ်က ပို့လာပေးလိမ့်မယ် ။ အဲဒီ code ကို ရိုက်ထည့်ပေးလိုက်ရုံဖြင့် စတင်ခေါ်ဆိုနေပြီ ဖြစ်ကြောင်း ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment