ဘာသာစကား ၂၄ မျိုးမှ မြန်မာသို့
တိုက်ရိုက်ပြန်ဆိုနိုင်သော ဝက်ဘ်ဆိုက်တစ်ခု လွှတ်တင်ထားTuesday, June 14,
2011 7:00 AMဘာသာစကား ၂၄ မျိုးမှ မြန်မာဘာသာသို့ ပြောင်းလဲ
ဘာသာပြန်ပေးနိုင်သော ဝက်ဘ်ဆိုက်တစ်ခု လွှတ်တင်ထားပြီးဖြစ်၍ မြန်မာဘာသာ
ပြန်ဆိုမည့် သူများအတွက် လွယ်ကူအဆင်ပြေစေကြောင်း ၆-၆-၂၀၁၁ ရက်က သိရသည်။
ယင်းဘာသာစကား ၂၄ မျိုးမှာ အင်္ဂလိပ်၊ ဟီးဘရူး၊ ဂရိ၊ ပေါ်တူဂီ၊ အာရေဘစ်၊ စပိန်၊
နော်ဝေး၊ ဆွီဒင်၊ ဂျာမန်၊ ရုရှား ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မလေးရှား၊
ဗီယက်နမ်၊ ထိုင်း၊ ဟိန္ဒီ၊ ရိုမေးနီးယား၊ ပြင်သစ်၊ ဒပ်ခ်ျ၊ Finish ၊
ဖိလစ်ပိုင်၊ Polish နှင့် Danish ဘာသာစကားများဖြစ်ပြီး အဆိုပါ ဘာသာစကား၂၄
မျိုးကို မြန်မာဘာသာသို့ ပြန်ဆိုရန် http://www.myordbok.com
သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။ “ဝင်ပုံက လွယ်ပါတယ်။
ဒီဝက်ဘ်ဆိုက်ထဲကို ဝင်လိုက်ပြီးရင် Search Box ထဲမှာ ဘာသာပြန်ချင်တဲ့
စာပိုဒ်၊ စာကြောင်းကို Copy၊ Paste လုပ်လိုက်ရုံပဲ။ ပြီးရင် Enter
ခေါက်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်း လိုသလို ဘာသာပြန်ပေးပါတယ်” ဟု အဆိုပါ
ဝက်ဘ်ဆိုက်ကို လတ်တလော သုံးစွဲနေသူတစ်ဦးက ရှင်းပြသည်။ အဆိုပါ http://www.myordbok.com
သို့ ဝင်ရောက်လေ့လာကာ ဘာသာပြန်လိုသူများအနေဖြင့် ဘာသာမပြန်မီ အဆိုပါဆိုက်၏
လုပ်ဆောင်ချက်များကို ကြိုတင်လေ့လာသင့်ကြောင်း သိရပြီး အဆိုပါ
ဆိုက်မှာလည်း အင်တာနက် သုံးစွဲသူများအကြား မေလ နောက်ဆုံးပတ်အတွင်းနှင့်
ဇွန်လ ပထမပတ်အတွင်းမှာပင် အသုံးပြုမှု များပြားလာကြောင်း ၂၀၁၁ခုနှစ် ဇွန်လ
၁၆ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""
ဖော်ဝက်မှတဆင့်
ဖော်ဝက်မှတဆင့်

No comments:
Post a Comment