Popular Posts

Tuesday, October 16, 2012

ကျွန်ုပ်ကြိုက်သော စာသားလေးများ

Unknown | 11:10 AM | Best Blogger Tips
  • ရေခိုးရေငွေ့ဆိုပြီး အထင်မသေးလိုက်ပါနဲ့။သူတို့ကြောင့် မဟာသမုဒ္ဒရာကြီး ဖြစ်နေရတာလေ။.ဆရာကြီး ဦးသိန်းဦး.
  • မြင့်မြတ်သော အလုပ်ဟူသမျှသည် အစဉ်အမြဲမဖြစ်သကဲ့သို့ ထင်ရသည်။
  • တွေ့ကြုံခိုက်မှာ တစ်ဦးနှင့်တစ်ဦး အကျိုးပြုပါ။ခွဲခွါကြရတော့မှ ဝမ်းမနည်းပါနဲ့။
  • ကံကြမ္မာက တံခါးမကြီးကို ပိတ်ထားရင် ရဲရင့်တဲ့ နှလုံးသားရှိတဲ့သူတွေက ပြတင်းပေါက်ကနေ ကျော်ဝင်သွားကြတယ်။
  • သူတစ်ပါး၏ အခက်အခဲများကို တတ်နိုင်သလောက် ကူညီပါ။ထိုအခါ သင်၏အခက်အခဲများကိုလည်း ထိုသူတို့မှ ပြန်လည်ကူညီကြလိမ့်မည်။
  • အလှပဆုံးသီချင်းတွေဟာ ကြေကွဲစရာ အကောင်းဆုံးအတွေးတွေကို ဖွဲ့ဆိုထားတယ်။
  • မိမိ၏ ကိုယ်ကျိုး၊မိမိ၏ စိတ်ချမ်းသာမှုကို မရှာသောသူသာလျှင် အမြင့်မြတ်ဆုံးသော စိတ်ချမ်းသာမှုမျိုးကို ရရှိနိုင်လေသည်။.Herbert.N.Casson.
  • မနေ့ကထက် ဒီနေ့က ပိုကောင်းရမယ်။.မြန်မာ့ဆိုင်းဆရာကြီး စိန်ဗေဒါ.
  • ပညာရှိဆိုတာ ပညာရှိပဲ။တစ်ခြား ဘာဆိုဘာမှမဟုတ်ဘူး။.ကွန်ဖြူးရှပ်.
  • သဘောထားအပြည့်ဝဆုံးသူသည် မိမိကိုယ်ရော သူတစ်ပါးကိုပါ မည်သူ့ကိုမှ အပြစ်မမြင်တော့ပါ။.ကွန်ဖြူးရှပ်.
  • ဘဝဟာ လျှောက်ခြင်းပဲရှိတယ်။လျှောက်ဖို့လမ်း မရှိဘူး။
  • ကိုယ်လိုချင်တာကို ရတာက အောင်မြင်မှု။ကိုယ်ရတာကို နှစ်သက်ရင် ပျော်ရွှင်မှု။

အသိပညာ

အသိပညာသည် ဆင်းရဲသူတို့အတွက် ဓနဥစ္စာဖြစ်၍ ချမ်းသာသူတို့အတွက် ကျက်သရေမင်္ဂလာ ဖြစ်သည်။ထို့ပြင် ငယ်ရွယ်သူတို့အတွက် လိုအပ်ချက်ကြီးဖြစ်၍ အိုမင်းသူတို့အတွက် စိတ်နှလုံးချမ်းမြေ့စရာ အထောက်အပံ့ဖြစ်သည်။

ကမ္ဘာကျော် စစ်သူကြီး ဆွန်ဇူး၏ စကားတစ်ခွန်း

“စစ်တိုက်တာပဲဖြစ်ဖြစ်၊ကြီးပွားချမ်းသာအောင်လုပ်တာပဲဖြစ်ဖြစ်၊ဘာကိစ္စပဲလုပ်သည်ဖြစ်စေ အဆင်သင့်ဖြစ်မှသာလျှင် လုပ်ပါ။”

No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ