Popular Posts

Wednesday, October 24, 2012

မြေမြိုလို့ လူမျိုး မပြုတ်...။ လူမြိုမှ လူမျိုးပြုတ်မည်...။

Unknown | 2:59 PM | Best Blogger Tips

မြေမြိုလို့ လူမျိုး မပြုတ်...။ လူမြိုမှ လူမျိုးပြုတ်မည်...။

ဒီခေါင်းစဉ်လေးရဲ့ အဓိပ္ပါယ်ဟာ အင်မတန် တန်ဘိုးရှိပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုး
အများစု အမြဲတမ်းနှလုံးသွင်းထားသင့်တဲ့ စာသားလေးပါ။ ဒီအကြောင်းအရာလေးကို
ဖော်ပြရတဲ့ရည်ရွယ်ချက်ဟာ တခြားလူမျိုးတွေကို ထိခိုက်စော်ကားလိုတဲ့ သဘောမျိုးနဲ့
ပြောလိုတာ မဟုတ်ပါဘူး..

ကျွန်တော်တို့
မြန်မာလူမျိုးတွေ.. ကိုယ့်လူမျိုး၊ ကိုယ့်အစဉ်အလား၊ ကိုယ့်မျိုးဆက်၊
ကိုယ့်ဘာသာသာသနာကို အမြတ်တနိုးတန်ဖိုးထားတတ်ပြီး
ထိန်းသိမ်းစောင့်ရှောက်စေချင်လို့ပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းမှာ
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး၊ ကိုယ့်မျိုးဆက်၊ ကိုယ့်အမျိုး
ကိုယ့်ဘာသာသာသနာကို တိုးတက်အောင် မစွမ်းဆောင်နိုင်ချင်နေပါစေ…
စောင့်ရှောက်ရမယ့် တာဝန်ဆိုတာတော့ လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါတယ်။
မိဘတွေရဲ့ သားသမီးတွေအပေါ်မှာ ထားရှိတဲ့ မျှော်လင့်ချက်ငါးခုဖြစ်တဲ့
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမ၊ံ မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ဆိုတဲ့အချက်မှာ နောက်ဆုံးအချက်ဖြစ်တဲ့
စောင့်လေမျိုးနွယ်ဆိုတဲ့ အဓိကအချက်ကို ပြောပြလိုခြင်း ဖြစ်ပါတယ်။


ဘာလို့ စောင့်လေမျိုးနွယ်ဆိုတဲ့ အချက်ကို အဓိကလို့ ပြောရတာလဲ ဆိုတာလေးကို
အရင်ဆုံး ဖော်ပြလိုပါတယ်။ ယခုလို တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အဖက်ဖက်မှ
မိမိဘာသာ မိမိလူမျိုးကို ဘက်ပေါင်းစုံကနေ တိုက်ခတ်မှုတွေ ရှိပါတယ်။
ကိုယ့်နိုင်ငံထဲမှာတင်ပဲ ကိုယ့်လူမျိုးကို သူ့လူမျိုးဖြစ်အောင်..
ကိုယ့်ကိုးကွယ်နေတဲ့ ဘာသာသာသနာကို သူ့ဘာသာသာသနာဘက် ရောက်သွားအောင်
ငွေကြေးနဲ့ သိမ်းပိုက်၊ ယုတ်မာမှုတွေနဲ့ မတရားသိမ်းပိုက်ခံနေရတာ
တွေရှိပါတယ်။ အဓိကကတော့ လူမျိုးခြားတွေနဲ့ လက်ထပ်ပြီး ကိုယ့်ဘာသာသာသနာကို
အများအလယ်မှာ အဖတ်ဆယ်လို့မရအောင် ဖြစ်သွားတဲ့ အကြောင်းတွေကြောင့်ပါပဲ။

ဘယ်လောက်ကြီးပဲ ချစ်ပါတယ်ပြောပြော.. ကြိုက်ပါတယ်ပြောပြော.. ကိုယ့်ရဲ့
အတ္တတစ်ခုကို ရှေ့တန်းမတင်သင့်ပါဘူး။
ဘာလို့လဲဆိုတော့ ဘာသာခြားတစ်ယောက်နဲ့
လက်ထပ်လိုက်တာဟာ မိမိတစ်ယောက်ထဲ ဆုံးရှုံးသွားတာ မဟုတ်တဲ့ အတွက်ကြောင့်ပါ။


ဘာသာခြားတစ်ယောက်နဲ့
အိမ်ထောင်ကျမယ်ဆိုရင် သူနဲ့အတူနေပြီး ရလာမယ့်
သားသမီးတွေ ရှိလာပါမယ်။ဖခင်ကဦးစီးပြီး လုပ်ကိုင်ရှာဖွေ ကျွေးမွေးရတဲ့အတွက်
အချိန်ကြာလာတာနဲ့အမျှဒီသားသမီးတွေဟာလည်း တခြားဘာသာဝင်တွေ၊ တခြားနိုင်ငံသားတွေ
ဖြစ်သွားမယ်ဆိုတာမလွဲပါဘူး။ တခြားနိုင်ငံမှာပဲနေပြီး တခြားဘာသာစကားတွေကိုပဲ
ပြောကြပါလိမ့်မယ်။

ချစ်စခင်စ ကြင်နာစ မယူခင်တုန်းကတော့ မင်းလည်း
မင်းဘာသာ လွတ်လွတ်လပ်လပ်ကိုးကွယ်.. ငါလည်း ငါ့ဘာသာ လွတ်လွတ်လပ်လပ်
ကိုးကွယ်မယ်ဆိုတဲ့ စကားတွေဟာ ရပြီးနောက်ပိုင်း အနေကြာလာတော့မှ
ဗြောင်းပြန်တွေ ဖြစ်ကုန်မှန်း.. မှားမှန်းသိရတဲ့ မြန်မာအမျိုးသမီးတွေ
မရေမတွက်နိုင်အောင် များလွန်းလာတဲ့ အတွက်ကြောင့်လည်း ပါပါတယ်။
ဒါ့ကြောင့်လည်း ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတစ်ယောက်
ဘာသာခြားနဲ့ လက်ထပ်လိုက်တာဟာ သူတစ်ယောက်ထဲ ဆုံးရှုံးသွားတာ မဟုတ်ဘူးလို့
အဓိက ပြောလိုခြင်းဖြစ်ပါတယ်။

ဒီခေတ်ကြီးထဲမှာ တစ်ချို့တွေက ပြောကြပါတယ်။ အချစ်ဆိုတာ လွတ်လပ်စွာ ချစ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့
စကားတစ်ခုပါ။ ဟုတ်ပါတယ်.. ကျွန်တော်လည်း လူငယ်တစ်ယောက်ဖြစ်တဲ့အတွက်
ဒီစကားကို လက်ခံပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အတ္တတစ်ခုကို ရှေ့တန်းတင်ပြီးတော့
ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ခြေစုံကန်ပြီး
ကိုယ့်ရဲ့မျိုးဆက်တွေကိုပါ ဘာသာခြား ဖြစ်သွားစေမယ့် အထိ၊
ကိုယ့်မျိုးဆက်တွေကို လူမျိုးခြားဖြစ်သွားစေမယ့် အခြေအနေအထိ၊
ကိုယ့်မျိုးဆက်တွေကို ကိုယ့်မိဘတွေနဲ့ အဖိုးအဖွားတွေကို မပြရဲလောက်တဲ့
အထိတော့ အချစ်ကို လွတ်လပ်စွာ မကိုးကွယ်သင့်ဘူးလို့ ကျွန်တော်ကတော့
ယူဆမိတယ်။ ဓမ္မဘေရီဆရာတော် ဆုံးမသြ၀ါဒ ပေးသလိုမျိုးဆိုရင်တော့.. မိဘက
ကိုယ့်သားသမီးကို ကိုယ့်သားသမီးပါလို့ မပြောချင်လောက်အောင်.. ဆရာက
ကိုယ့်တပည့်ကို ကိုယ့်တပည့်ပါလို့ မပြောချင်လောက်အောင်တော့
မမိုက်သင့်ပါဘူး.. ဆိုတဲ့ ဆုံးမစကားလေးပါပဲ။ ဒီစကားလေးဟာ ဗုဒ္ဓဘာသာ
မြန်မာမိန်းကလေးတွေ အမြတ်တနိုး တန်ဖိုးထား လိုက်နာသင့်တဲ့ ဆုံးမစကားလေးပါ။

ကျွန်တော်ပြောတဲ့အထဲမှာ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေကို အဓိကထားပြီးပြောတာဟာ အကြောင်းအရင်း
ရှိပါတယ်။ ဘာသာခြားတွေနဲ့ အများဆုံးအိမ်ထောင်ကျတာ ကြည့်လိုက်ရင် ဗုဒ္ဓဘာသာ
မြန်မာမိန်းကလေးတွေပါ။ ဒါဘာလို့လည်းဆိုတော့ လူမျိုးပြုတ်အောင်
လူအချင်းချင်း မြိုလိုက်တဲ့ အဓိပ္ပါယ်ပါပဲ။ သူနဲ့ရလာမယ့် သူရဲ့မျိုးဆက်ကိုပါ
ဘာသာခြားအဖြစ် စည်းရုံးသိမ်းသွင်းလိုတဲ့ အတွက်ပါ။
ဒီတော့ ဒီနေ့ခေတ် မြန်မာလူငယ်များအနေနဲ့လည်း
သူ့လို အမှားမျိုး ထပ်မှားအောင် ဂရုစိုက်ကြဖို့ လိုပါတယ်။ ရှေ့မှာ
လူမိုက်တယောက် မှားထားတာ ရှိမှန်းသိလျှက် ထပ်မှားမယ်ဆိုရင် ကိုယ်က
သူ့ထက်မိုက်တဲ့သူ ဖြစ်ပါလိမ့်မယ်။ သူ့ကျွန်အောက် ရောက်သွားမယ် ဆိုရင်တောင်
ပြန်တော်လှန်လို့ ရပါသေးတယ်၊ လူမျိုးအချင်းချင်း အမြိုခံရရင်တော့ ဘယ်တော့မှ
ပြန်တော်လှန်လို့ မရသလို ဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုတဲ့စကားပါ
ကမ္ဘာ့မြေပုံမှာ ပျောက်သွားပါလိမ့်မယ်။ ဒါ့ကြောင့်လည်း ဒီအကြောင်းအရာလေးကို
အဓိကထား ပြောပြချင်တာပါ။

အခုခေတ်မှာ ဗုဒ္ဓဘာသာလူမျိုးအများစုဟာဘာသာရေးအသိတရား အင်မတန်နည်းပါတယ်။
မိဘကလည်း ဘာသာရေးအသိမရှိ.. သားသမီးကလည်း
ဘာသာရေးအသိ မရှိတဲ့အတွက်.. မိရိုးဖလာ ဗုဒ္ဓဘာသာတွေများပြီး ဘာသာခြားတွေနဲ့
လွယ်လွယ်ကူကူ အိမ်ထောင်ကျကာ ကိုယ့်ဘာသာကနေ တခြားဘာသာတွေ ဖြစ်သွားကြတာလည်း
မရေမတွက်နိုင်ပါပဲ။ အင်မတန် ၀မ်းနည်းစရာပါ။ ဒီလိုဖြစ်လာတာကို
အထင်မသေးပါနဲ့..။ လူလူချင်းမြိုပြီး လူမျိုးပါ အပျောက် ဖြစ်သွားအောင်
လုပ်နေတာပါ။ ဘာသာရေးအသိမရှိပဲနဲ့ မွေးလာတဲ့ သားသမီးတွေဟာလည်း ကိုယ့်ဘာသာကို
တန်ဖိုးထားရမှန်း မသိတောတဲ့အတွက် ဘုရား၊ တရား၊ သံဃာကို ကြည်ညိုရမှန်း
မသိတော့ပါဘူး။ မကြည်ညိုတော့ သာသနာတော်ကို စောင့်ရှောက်ထိန်းသိမ်းနေတဲ့
ဘုရားတပည့်သား သံဃာတော်တွေကို ကိုးကွယ်ဆည်းကပ်ရမယ် ဆိုတာလည်း
နားမလည်တော့ပါဘူး။ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့
ရဟန်းတွေပဲရှိပြီး.. သာသနာတော်ကို ထောက်ပံ့ကြည်ညိုတတ်တဲ့
လူပုဂ္ဂိုလ်တွေမရှိရင် သာသနာဟာ အနှေးနဲ့ အမြန်ကွယ်ပျောက်မယ်ဆိုတာ
မလွဲဧကန်ပါပဲ။

ဒါ့ကြောင့် ကိုယ်တတ်နိုင်တဲ့ဘက်ကနေတစ်ယောက်သိသိ နှစ်ယောက်သိသိ
သိအောင်တော့ ပြောပေးပါလို့ အကြံပေးလိုပါတယ်။
ကိုယ့်မျိုးဆက်ကို ကိုယ်မှမထိမ်းရင် ဘယ်သူမှ မထိမ်းပါဘူး။
ကိုယ့်ဘာသာစကားနဲ့ ကိုယ့်စာပေကို ကိုယ်မှ မလေးစားရင် ဘယ်သူမှ မလေးစားပါဘူး။
ကိုယ့်နိုင်ငံကို ကိုယ်မှမချစ်ရင် ဘယ်သူမှမချစ်ပါဘူး။ ကိုယ့်ဘာသာသာသနာကို
ကိုယ့်လူမျိုးဗုဒ္ဓဘာသာတွေမှ မကြည်ညိုရင် ဘယ်သူမှ မကြည်ညိုပါဘူး။ ကိုယ်မှ
တန်ဖိုးမထားရင် ဘယ်သူမှ တန်ဖိုးမထားပါဘူး။

ကိုယ်ကတော့
တရားတွေ အားထုတ်.. ရိပ်သာတွေဝင်ပြီး.. ကိုယ့်သားသမီး မြေးမြစ်တွေကတော့
ဘာသာခြားတွေ ဖြစ်ကုန်မယ်ဆိုရင်တော့ အိပ်ပေါက်နဲ့ ဖားကောက်ရုံတင်
မဟုတ်တော့ဘူးနော်.. ဖားတွေပါ မျိုးတုန်းပြီး ကောက်စရာမကျန်အောင်
ဖြစ်သွားပါလိမ့်မယ်။

ဒါ့ကြောင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့
နှလုံးသားထဲမှာ ဗုဒ္ဓရဲ့အဆုံးအမတွေ.. ဗုဒ္ဓဘာသာရဲ့ တန်ဖိုးတွေကို
မိမိလည်းသိအောင်ကြိုးစားပါ.. မိမိသိသလို အခြားသူငါကိုလည်း မိမိသိသလောက်လေး
ပြောဆိုအကြံပေးပြီး ထိန်းသိမ်းစောင့်ရှောက်ပါလို့ တိုက်တွန်းလိုပါတယ်။

မေတ္တာရှင်ဆရာတော် အရှင်ဇ၀နရဲ့ ဆုံးမစကားလေးကို သတိရမိပါတယ်။ သာသနာပြုတယ်ဆိုတာ
ဘုရားတွေလိုက်တည်တာကို ပြောတာမဟုတ်ဘူး.. လူတွေရဲ့နှလုံးသားထဲမှာ
ဘုရားရှင်ရဲ့ အဆုံးအမတွေ လိုက်နာကျင့်ကြံတတ်အောင်.. ဘုရားအဆုံးအမတွေ
မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတာကို သာသနာပြုတယ်လို့ ခေါ်တယ်..
ဆိုတဲ့ ဆုံးမစကားလေးပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့တွေဟာလည်း
ကျွန်တော်တို့ တတ်နိုင်တဲ့ ဘက်ကနေ ဘုရားရှင်ရဲ့ အဆုံးအမတွေ
မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။

ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေကို အနုနည်းနဲ့တစ်ဖုံ အကြမ်းနည်းနဲ့တစ်မျိုး
စည်းရုံးသိမ်းသွင်းပြီး ဘာသာခြားတွေ ဖြစ်မှန်းမသိ ဖြစ်သွားတဲ့အကြောင်းကို
အထက်မှာ ဖော်ပြထားတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။ အားလုံးကိုလည်း
အဲ့ဒီ့စာအုပ်လေးကို ဖတ်ဖြစ်အောင် ဖတ်ပါလို့ တိုက်တွန်းလိုပါတယ်။ စာမျက်နှာ
(၁၄၃)မျက်နှာပဲ ပါရှိပါတယ်။ ကျွန်တော့်လို စာဖတ်ပျင်းတဲ့လူတောင်
တစ်ခါထဲပြီးအောင်ဖတ်ပြီး ၀မ်းနည်းစွာနဲ့ မခံနိုင်အောင် ဖြစ်မိပါတယ်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း ဗုဒ္ဓဘာသာမှန်ရင်တော့ မဖြစ်မနေဖတ်သင့်တဲ့
စာအုပ်ကောင်း တစ်အုပ်ပါပဲ။ ဒီအကြောင်းတွေ သိမှလည်း
ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတွေ ဒီလိုဘာသာခြားတွေရဲ့ လူလူချင်းအမြိုခံရတဲ့
အန္တရယ်တွေက ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော့်ဂျီမေးလ်ထဲမှာ.. ဒီစာကိုဖြန့်ရင် ဒီကလေးအတွက် (၅)ရာခိုင်နှုန်းရပါတယ်ဆိုတဲ့ ဖော်ဝက်မေးလေး
ဆယ်ကြိမ်မက ရောက်ပါတယ်။ ဒီမေးလ်လေးဟာ ဒီကလေးတစ်ယောက်အတွက်
(၅)ရာခိုင်းနှုန်းလောက်ပဲ ရတာပါနော်.. ဒီစာအုပ်လေးကို ကျွန်တော်တို့
ဗုဒ္ဓဘာသာ မြန်မာလူမျိုးအချင်းချင်း လက်ဆင့်ကမ်းပြီး ဖတ်ပေးမယ်ဆိုရင်တော့
ကျွန်တော်တို့ လူမျိုးတွေအတွက် (၁၀၀)ရာခိုင်းနှုန်းတိတိ သာသနာပြုရာ..
အကျိုးပြုရာ.. ရောက်ပါတယ်။ ကိုယ်ပေးလိုက်တဲ့ စာအုပ်လေးကို အမှတ်တမဲ့
ဖတ်မိတဲ့ မြန်မာမိန်းကလေးတစ်ယောက် အသိတရားတစ်ခု ရသွားမယ်ဆိုရင်
သူ့ရဲ့မျိုးဆက်တစ်ခုလုံးကို ကယ်တင်လိုက်ရာ ရောက်ပါတယ်။ ဒါ့ကြောင့်လည်း
စာအုပ်လေးကို ဆက်လက် လက်ဆင့်ကမ်းဖြန့်ဝေပေးပါလို့ အလေးအနက်မှာလိုတာပါ။
ကျွန်တော်ရေးသားထားတဲ့ စာသားတွေ.. ကျွန်တော့် နာမည်တွေမပါချင်နေပါ..
ဆရာတော် အရှင်ပညောဘာသရေးသားတဲ့ "အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့ ဆိုတဲ့
စာအုပ်လေးကိုတော့ ဖြန့်ဝေပေးရင်း တတ်နိုင်သလောက် သာသနာပြုပေးကြပါလို့
ဆန္ဒပြုတိုက်တွန်းလိုပါတယ်။ အရှင်ပညောဘာသအား ရှိခိုးဦးတင်ရင်း..
ဆန္ဒပြုလိုသည်မှာ.. ဗုဒ္ဓ၏အဆုံးအမများ ကမ္ဘာတည်သ၍ ဆက်လက် တည်တံ့ပါစေ။


မြန်မာအမျိုးကောင်းသမီး၊ အမျိုးကောင်းသားများ အတ္တနဲ့ တဏှာနောက်ကိုလိုက်ရင်း
မျိုးဆက်ညံ့ဖျင်း တိမ်ကောမှုမှ ရှောင်ရှားနိုင်ကြပါစေ....။


အားလုံးအားလုံး ကိုကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ
အမြဲ အေးချမ်းကြ့ပါစေ

No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ