မြန်မာ Mobile App က User များကို Viper
ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free call
ခေါ်လို့ရတဲ့ ၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်ရှင်။
နိုင်ငံခြား မှာတင်သုံးလို့ရတာမဟုတ်ဘဲ ၊ မြန်မာနိုင်ငံကနေလည်း
ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ရတာကိုတွေ့ရပါတယ်။
ဒီ
application လေးကိုသုံးစွဲဖို့ မိမိရဲ့ဖုန်းကို
အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ချိတ်ဆက်ထားရပါမယ်။
လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကိုအောက်မှာရယူလိုက်ပါ။
(မိမိတို့ဖုန်းနဲ့ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ)
Viber for iPhone အားရယူရန်
Viber for Android အားရယူရန်
Viber for Nokia အားရယူရန်
download ရယူပြီးပြီဆိုရင်တော့ Viber
ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။
နိုင်ငံ ရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင်
Myanmar
(+95) ကိုရွေးချယ်ပေးပါ။ အောက်က TextBox မှာ မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါ။
ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ဖုန်းနံပါတ်က 09-2016878 ဆိုရင်
ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။ (ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
ဒါဆိုရင်
မိမိရဲ့ဖုန်းကို Viber မှ Activation code တစ်ခု Message
အနေနဲ့ဝင်လာပါလိမ့်မယ်။ အဲဒီ code ကို အောက်ပါ ပုံထဲကအတိုင်းထည့်ပါ။
ပြီးရင် Enter Viber ကိုနှိပ်ပါ။
အကယ်၍
Activation Code Message မိမိဖုန်းထဲကိုရောက်မလာဘူးဆိုရင်တော့ Android
ဖုန်းတွေမှာအောက်ပုံမှာပြထားတဲ့အတိုင်း click here ကိုနှိပ်ပါ။ iPhone
တွေမှာဆိုရင်တော့ Screen ရဲ့ထိပ်ဆုံးဘယ်ဘက်က Not Code? ကိုနှိပ်ပါ။
Web
Browser တစ်ခုနဲ့အောက်ပုံထဲကအတိုင်းတက်လာပါလိမ့်မယ်။ မိမိဖုန်းနံပါတ်လည်း
ပါဝင်ပါလိမ့်မယ်။ အဲဒီက “Get Code” ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။
အောက်ပုံအတိုင်းပါ။
“Get
Code” ကိုနှိပ်လိုက်တယ်ရုံရင် စက္ကန့်ပိုင်းအတွင်းမှာ မိမိရဲ့ဖုန်းကို
နိုင်ငံခြားနံပါတ်နဲ့ဖုန်း call တစ်ခုဝင်လာပါလိ့်မ်မယ်။ အဲဒီအခါ
ကိုင်နားထောင်လိုက်ပါ။ ယောကျာ်းသံနဲ့ မိမိဖုန်း Viber ဆော့ဝဲထဲမှာ
ထည့်ရမယ့် Activation Code ကိုနှစ်ကြိမ်တိတိပြောပေးပါလိမ့်မယ်။ အဲဒီ Code
ကိုမှတ်ထားပါ။ပြီးရင် ခုနကဖုန်းထဲမှာပြောသွားတဲ့ code ကိုထည့်ပါ။ ပြီးရင်
Enter Viber ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
အောက်ပုံထဲကလိုပေါ်လာပြီဆိုရင်တော့ Viper Setup လုပ်တာပြီးစီးပြီဖြစ်ပါတယ်။
ဖုန်းစတင်ပြော၊
Message စပို့လို့ရပါပြီ။ ကိုယ်ပြောချင်တဲ့သူငယ်ချင်းဆီမှာလည်း Viber
ဆော့ဝဲသွင်းထားပြီး အခုလုပ်ခဲ့သလို Setup လုပ်ထားဖို့လိုပါလိမ့်မယ်။
ပြီးရင် သူ့နံပါတ်ကို Viber ထဲမှာ Invite လုပ်ပြီး
ဖုန်းခေါ်ရုံပါပဲ။အင်တာနက်ဖိုးအနည်းငယ်သာကုန်မှာဖြစ်ပြီး ဖုန်းခမကုန်ဘဲ
ကြိုက်သလောက်ပြော ၊ ကြိုက်သလောက် message ပို့လို့ရပြီပေါ့။
ကိုယ့်နိုင်ငံထဲက သူတင်မဟုတ်ဘူး ၊နိုင်ငံခြားက
သူငယ်ချင်းတွေနဲ့လည်းပြောလို့ရပြီပေါ့နော်။ အားလုံး
အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။
Popular Posts
-
Y325 T00 လိုဖုန်းတွေမှာ Recovery ၀င်ရခက်ပါတယ်...ဒီလိုမျိုးဖုန်းတွေမှာ recovery အလွယ်ဝင်တဲ့နည်းလမ်းကတော့ Shuame tool နဲ့ဖြစ်ပါတယ်... ပထမဆုံ...
-
============================= Coolpad ဖုန်းလေးတွေ ဈေးကွက်ဝင် အသုံးများလာနေ.... Service လုပ်ပေးရင်း Firmware ပြန်တင်ဖို့လိုလာတဲ့အခါ .... ...
-
"နွား"ကိုချောက်ထဲတွန်းချလိုက်ပါ တစ်ခါက.. ဥာဏ်ပညာနဲ့ပြည့်စုံတဲ့ လူတစ်ယောက်ဟာ တပည့်တစ်ယောက်နဲ့အတူ ခရီးကြမ်းတစ်ခုကို ထွက်ခွာခဲ့ပါသတဲ...
-
၁။ http://mittaayeyeik.groupsite.com/group/library/discussion/topic/sh... လင့်ခ် အပြည့်အစုံတင်ပေးလိုက်တယ်..ဒီဆိုဒ်မှာ မြန်မာစာအ...
-
Huawei firmware တင်နည်းပါ၊အသုံးပြုရမည် software ကတော့ Huawei Multidownloader software ပါ ၊အရင်းဆုံ software ကို ဒီနေရာမှာ ကလစ်နှိပ...
-
WiFi hack တဲ့ software တွေကတော့ အမျိုးမျိုးနဲ့ အများကြီးရှိကြပါတယ်...... ဒါကတော့ ကိုယ်တိုင် hack နည်းလေးပါ...။ သူငယ်ချင်းတို့ စမ်းဖူးလားတော...
-
ကဲ ၀ါသနာရှင်များ အတွက် တင်ပေးလိုက်တယ် အဆင်ပြေမယ် လို့ မျှော်လင့် ပါတယ် နော်.. ဒေါင်းရန်... ဒီမှာ
-
Coolpad ပေါင်းများစွာကို Root လုပ်ပေးနိုင်တဲ့ Tool လေး ဖြစ်ပါတယ်။ ဒီ Tool လေးက ဟိုတစ်ချိန်တုန်းက ခေတ်စားခဲ့တဲ့ Tool လေး ဖြစ်ပါတယ်။ လူတိုင်း...
-
Coolpad 7060 Model ကို Root ပြီး Myanmar Font ထည့်တဲ့အချိန်ဖြစ်တက်တဲ့ Logo ကနေပြန်လည်မတက်နိုင်တော့တဲ့ အခြေနေမှာ ပြန်လည်ဖြေရှင်းနိုင်အောင် ...
-
ကျွန်တော် တို့ Coolpad 7270 ကို root ကြမယ်ဆိုရင် အရင်ဆုံး ပြေးသတိရမိမှာက Vroot ပေါ့နော်။ အဲဒီကောင်မှမကယ်နိုင်ရင်တော ထပ်ရှာကြည့်တော့ China R...
Subscribe to:
Post Comments (Atom)
ဟမ်. အာ့တော့သိပါတယ်ဗျာ၊ ဘေမလိုတဲ့freeများလားလို့ ဟင့်
ReplyDelete