Popular Posts

Tuesday, October 16, 2012

အင်တာနက် အသုံးပြုနည်း လမ်းညွှန်

Unknown | 11:47 AM | Best Blogger Tips

သူငယ်ချင်းရေ အင်တာနက်သုံးတဲ့ အတွက် သူငယ်ချင်းဘာတွေ ကုန်ကျသလဲ လို့မေးရင် ငွေကုန်တာပေါ့လို့ သူငယ်ချင်းဖြေမှာပဲနော်၊ ဟုတ်လည်းဟုတ်ပါတယ် နောက်ဘာကုန်သေးသလဲလို့ မေးရင် နည်းနည်းတော့ ဖြေရခက်သွားမယ်ထင်တယ်။ အဒါကို တို့ပဲ ဖြေပေးပါမယ် နောက်ကုန်တာက အချိန်လေ။ ကုန်သွားတဲ့ နှစ်မျိုးထဲမှာ ငွေကတော့ ပြန်ရှာလို့ ရပါတယ်။ ပြန်မရနိုင်တာက အချိန်ပါ။ အာ အားတဲ့ အချိန်လာထိုင်တာဆိုတော့ အချိန်က ထူးမကုန်ပါဘူးလို့ ပြောမယ်ထင်တယ်။
သူငယ်ချင်းရေ တကယ်တော့ မင်းစဉ်းစားကြည့်နိုင်ပါတယ်လေ။ တို့တွေ တစ်နေ့ကို အင်တာနက် နှစ်နာရီ ထိုင်ရင် အဲဒီနေ့အတွက် နောက် 22 နာရီပဲ ကျန်တော့တယ် တစ်ပတ်ကို တစ်ရက်ထိုင်ရင် 6 ရက်ပဲကျန်မယ် တစ်လကို တစ်ပတ်ထိုင်ရင် သုံးပတ်ပဲကျန်မယ် တစ်နှစ်ကို တစ်လလောက်သာ ထိုင်ရင်တော့ ကျန်တဲ့ လုပ်ငန်းတွေ အတွက် 11 လပဲ အချိန်ရမယ် ဆိုကြပါစို့ကွာ လူတစ်ယောက်ဟာ အသက်60 အသက်ရှင့်ခွင့်ရမယ် ဆိုပါတော့ သူ့အသက် 40ရှိပြီဆိုရင် နောက်ထပ် 20 ပဲနေရတော့မယ် 50 ဆိုရင် နောက်ထပ် 10နှစ်ပေါ့ တကယ်လို့ သူ့အသက် 59 နှစ်ရှိပြီ ဆိုရင် သူဟာ နောက်နှစ်ဆိုရင် သေရတော့မယ် တကယ်တော့ သူလည်းပဲ အချိန်တွေကို တို့လိုပဲ တစ်နာရီချင်း တစ်ရက်ချင်း တစ်လချင်း တစ်နှစ်ချင်း သုံးလာခဲ့တာလေ နောက်ဆုံး သူသတိထားမိတဲ့ အချိန်မှာ သူစဥ်းစားမိတာက အော် “ငါသုံးလာခဲ့တာတွေဟာ အချိန်တွေလားလို့ အသက်တွေပါလား”လို့ စဥ်းစားမိတယ်လေ။ အဲဒီတော့ သူငယ်ချင်းရေ တို့လည်း အင်တာနက်ကို အချိန်တွေလို့ထင်နေတဲ့ တို့ရဲ့ အသက်တွေပေးပြီး ထိုင်နေကြတာလေ လူဟာ သေမျိုးပဲ သေတာဘာဆန်းလဲ ကြောက်စရာ မလိုပါဘူးလို့ ပြောမယ်ထင်တယ် တို့ပြောတာက သေမှာကိုကြောက်နေဖို့ ပြောတာမဟုတ်ပါဘူး အချိန်ကုန်တယ် ဆိုတာ တို့အသက်တွေ ကုန်သွားတာပါလားဆိုတဲ့ အချက်ကို ပြောချင်တာပါ။ ဘ၀မှာ အသက်ထက် တန်ဖိုးရှိတာ မရှိဘူးလေ ဒီတော့ တို့အင်တာနက်ထိုင်တဲ့ အချိန်မှာ တို့ရဲ့ တန်ဖိုးအရှိဆုံးဖြစ်တဲ့အသက်တွေကို တို့က ပေးလိုက်ရပြီး တို့က ဘာပြန်ရလိုက်သလဲဆိုတာ စဉ်းစားကြည့်စေချင်တယ် ဒါဆို အင်တာနက်မသုံးရတော့ဘူးလားလို့တော့ မမေးနဲ့နော် တို့ပြောနေတာက အင်တာနက် မသုံးဖို့ပြောတာမဟုတ်ပါဘူးလေ တန်ဖိုးရှိရှိ သုံးဖို့ကို ပြောတာပါ.

No comments:

Post a Comment

ကမ္ဘာ့သတင်းများ ကြည့်ချင်ရင်ကလစ်လိုက်နော်

ထိုဟာလေးလိုချင်ရင်လာခဲ့ပါ